Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ittoku Kishibe
7.0
Hula Girls (2006)
The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie
Hula Girls (2006)
6.7
Kubi (2023)
လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Kubi (2023)
6.3
99.9 Criminal Lawyer: The Movie (2021)
99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။ ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie
99.9 Criminal Lawyer: The Movie (2021)
2021
The Blind Swordsman: Zatoichi (2003)
The Blind Swordsman: Zatoichi (2003) ဇာတ်လမ်းအညွှန်း *******************************************************ဒီဇာတ်လမ်းလေးဟာ ဆာမူရိုင်း အကြောင်းရိုက်ကူးထားတဲ့ ဇာတိုအိချိ ဆိုတဲ့ ဇာတ်လမ်းတွဲကို ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါမျက်မမြင် အနှိပ်သည်ယောင် ဆောင်ထားတဲ့ တုနှိုင်းမဲ့ ဓားသမားတစ်ယောက် ခြေဦးတည့်ရာ လျှောက်သွားရင် လူမိုက်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ မြို့လေးတစ်မြို့ဆီ ရောက်လာခဲ့တယ်။မြို့ကိုရောက်တဲ့အချိန်မှာ လယ်သမား မိသားစုလေးတစ်ခုနဲ့ တွေ့မိပြီး အပြန်အလှန် ရိုင်းပင်းကူညီရင်း ခင်မင်သွားခဲ့တယ်။တစ်နေ့မှာတော့ မျက်မမြင်အနှိပ်သည်ဟာ စိတ်ပြေလက်ပျောက် လောင်းကစားဝိုင်းသွားရာမှ ဝိုင်းမှာ မတရားလုပ်နေတဲ့ လူမိုက်ဂိုဏ်းကို နှိပ်ကွပ်ဆုံးမလိုက်တာကြောင့် လူမိုက်ဂိုဏ်းတွေရဲ့ ရန်ငြိုးထားခြင်းကို ခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ ကလေးဘဝမှာ တောပုန်းဓားပြတွေရဲ့ လက်ချက်ကြောင့် မိဘတွေနဲ့ မျိုးရိုးဂုဏ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မောင်နှမလေးနှစ်ယောက်ကလည်း လက်စားချေဖို့ ကြိုးစားရင်း အဆိုပါ မြို့လေးကို ရောက်ရှိလာကြပါတယ်။မျက်မမြင်အနှိပ်သည် တစ်ယောက် လူမိုက်ဂိုဏ်းရဲ့ ရန်က လွတ်ပါ့မလား၊ မောင်နှမလေးနှစ်ယောက်ကကော သူတို့မိဘတွေအတွက် သွေးကြွး ဆပ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါစို့။ File Size - 2.2GbQuality - Blu-ray 1080p 5.1chDuration ...
movie
The Blind Swordsman: Zatoichi (2003)
7.6
13 Assassins (2010)
13 Assassins (2010) IMDb - 7.6/10_____Rotten - 95% ၁၉၆၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်..ဂျပန်ဒါရိုက်တာတွေထဲမှာအထင်ကရအဖြစ်ဆုံး Takashi Miike ရိုက်ကူးထားပါတယ်...အာရှရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး အကောင်းဆုံး Editor ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးဒီဇိုင်နာဆုအပြင်အခြားဆုများစွာအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်...IMDB 7.6 အထိရရှိခဲ့ပြီးအရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ၁၈၄၀ ကျော်လောက်က ဂျပန်ဆာမူရိုင်းခေတ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်ထိုစဉ်က ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာအာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို'ရှိူဂန်'လို့ခေါ်ပါတယ် 'ရှိူဂန်'ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာမောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ်နာရိဆူဂူဟာပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက်ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့အတော်ဆုံးဆာမူရိုင်းတွေကိုစုစည်းပြီး နာရိဆူဂူကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်နဲ့သူ့တပ်ဖွဲ့တွေနာရိဆူဂူကိုတိုက်ခိုက်ဖို့ဘယ်လိုကြိုးပမ်းကြမလဲ သူတို့ရဲ့အစီအစဉ်တွေကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှူ့စားကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်... File Size : (800 MB) Quality : Blu-Ray 720p Format…mp4 Duration…02:21:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by ...
movie
13 Assassins (2010)
2010