Channel Myanmar

István Znamenák

White Plastic Sky (2023)
White Plastic Sky (2023)  စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ဂေးရီးယန်းအန်နီမေးရှင်းရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းရော တင်ဆက်ပုံရောဆန်းကျယ်ပြီး အဆင့်တစ်ခုထိရှိတယ်လို့ ကျွန်တော်တော့ခံစားရတာမို့ ခဏလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။2123ခုနှစ်....၊ ကမ္ဘာကြီးပျက်စီးစပြုနေပြီး မြို့ကြီးနှစ်မြို့ပဲ ကျန်တော့တဲ့အချိန် လူတွေမှာ အစားအသောက် ရှားပါးပြတ်လတ်နေခဲ့။ဒီမှာပဲ ပရော်ဖက်ဆာတစ်ယောက်တီထွင်ခဲ့တဲ့ မျိုးစေ့ကြောင့် လူတွေဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးပေးဆပ်ရတဲ့တန်ဖိုးက အသက်ငါးဆယ်ပြည့်တာနဲ့ ဆန္ဒအလျောက်မိမိကိုယ်ကိုယ်စတေးပြီး အစားအသောက်တစ်ခုဖြစ်လာဖို့ ခန္ဓာကိုယ်တွင်း မျိုးစေ့ထည့်သွင်းပြီး စားသောက်ဖို့ အပင်တစ်ပင်ဖြစ်ပေးရတာပါ။သုံးဆယ်ဝန်းကျင်ပဲရှိသေးတဲ့ စတက်ဖန်တို့ဇနီးမောင်နှံနှစ်ဦး။ စိတ်သောကတွေ ခံစားနေရတာမို့ ငါးဆယ်မပြည့်ခင်မှာပဲ ဇနီးဖြစ်သူ နိုရာက ဆန္ဒအလျောက် သူ့ကိုယ်သူစတေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာပဲ ဇနီးဖြစ်သူကို မစွန့်လွှတ်နိုင်တဲ့ စတက်ဖန်တစ်ယောက် ဇနီးဖြစ်သူကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(837 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre... Adventure, Animation, Drama, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

White Plastic Sky (2023)

Semmelweis (2023) 7
Semmelweis (2023) Semmelweis (2023)ကျွန်တော်တို့ ဆေးပညာသမိုင်းစာမျက်နှာကို လှန်ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်က သမားတော်တွေ ဆရာဝန်တွေဆိုတာ လူနာကိုအလယ်မှာထားလို့ ရောဂါပိုးတွေရော ရောဂါအမျိုးမျိုးနဲ့ပါ လွန်ဆွဲတိုက်ခိုက်နေကြရတာပါ။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ကုသနည်းတွေနဲ့အတူ ရောဂါဆန်းတွေလည်း တစ်ခုပြီးတစ်ခုမြင်နေရတယ်ဆိုပေမဲ့ အသစ်အသစ်ရှာတွေ့လာတဲ့ကုသမှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ အားစိုက်ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့လိုက်သင့်ပါဘူး။ အခုဒီနေ့မှာ တင်ဆက်ပေးချင်တာတော့ တစ်ချိန်က မိခင်တွေရဲ့ကယ်တင်ရှင် Miracle Worker ရယ်လို့ တင်စားခဲ့ကြတဲ့ ဒေါက်တာအစ်ဂ်နက်ဆမ်မယ်ဝိုက်စ်ရဲ့Biography Dramaလေးပဲဖြစ်ပါတယ်။ဗီအန်နာမြို့ရဲ့ အကောင်းဆုံးဆေးခန်းမှာအလုပ်လုပ်ဖို့က အဲဒီခေတ်အဲဒီအချိန်က ဗီအန်နာမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးရဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီဆေးခန်းက မီးဖွားမယ့်မိခင်တွေအတွက်တော့ သေမင်းဆေးရုံကြီးလို့ ခေါ်ရတဲ့အထိ အဝင်ပဲရှိ ထွက်လမ်းမရှိလို့ သမုတ်ရတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သေမင်းတံခါးဝပေါ့။ ဒီဆေးရုံမှာမွေးမယ့်အစား လမ်းဘေးမှာပဲမွေးပစ်လိုက်ရရင်တောင် ကောင်းသေးတယ်ဆိုတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။‌ဒီလိုနဲ့ သေမင်းဆေးရုံကြီးကို သားဖွားဆရာမကောလိပ်က သားဖွားဆရာမ သူနာပြုတစ်ယောက် အလုပ်လာလျှောက်ရာကနေ ဒေါက်တာဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ဆေးခန်းတစ်ခုတည်းမှာဖြစ်နေတယ်ဆိုတာ ဒီကပ်ဆိုက်နေတယ်ဆိုတာ ဒီဆေးခန်းမှာပဲ ထိန်းမရသိမ်းမရဖြစ်နေတာကို သိသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးအလုပ်လာဆင်းတဲ့ သားဖွားဆရာမကောလိပ်က သူနာပြုက မီးဖွားထားတဲ့မိခင်တွေ အဖျားတက်ပြီး သူ့ရှေ့တင်ဆုံးသွားတာကို မျက်မြင် မြင်လိုက်ရပြီး ...
movie

Semmelweis (2023)

2023