Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ismi Melinda
6.2
Siapa Tutup Lampu? (2021)
Siapa Tutup Lampu? (2021)2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်)Genre.....Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Siapa Tutup Lampu? (2021)
6.2
Satria Dewa: Gatotkaca (2022)
Satria Dewa: Gatotkaca (2022) ====================== IMDb Rating - 6.2/10အင်ဒိုနီးရှားဟာလည်း ကိုယ်ပိုင် စူပါဟီးရိုးတစ်ကောင်ကို အတွဲလိုက် ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မိုဘိုင်းလဲဂျန်းဂိမ်းကစားသူတွေကတော့ ဒီစူပါဟီးရိုးနာမည်ကို ကြားဖူးမှာပါ။ ဂါတို့ကာ့ကြာပါပဲ။ ဒီဇာတ်လမ်းဟာ ရာမာယနလိုပဲ နာမည်ကြီး ပြဇာတ်ကြီးတစ်ခုဖြစ်တဲ့ မဟာဘာရာတာ ဇာတ်ကိုအခြေခံထားတာပါပဲ။ပန်ဒါဝါ တွေနဲ့ ကူရာဝါမျိုးနွယ်တွေဟာ ခရစ်တော်မပေါ်ခင်နှစ် ၃၀၀၀ လောက်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပါတယ်။ ကူရာဝါတွေဟာ ဖျက်ဆီးချင်း လုယူချင်းဗီဇရှိသူတွေဖြစ်ပြီး၊ ပန်ဒါဝါတွေကတော့ ဗီဇကောင်းရှိသူတွေဖြစ်ခဲ့ တာကြောင့် နတ်ဘုရားတွေဟာ စစ်ပွဲမှာ ပန်ဒါဝါတွေကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကိုဆန့်ကျင်ပြီး ကူရာဝါတပ်မှူး အဆွာတာမဟာ ပြန်တိုက် ခဲ့တာကြောင့် ထာဝရအကျဉ်းချခြင်းကိုခံလိုက်ရပါတော့တယ်။အဲဒီသမိုင်းကနေ ဒီနေ့ခေတ်ကိုအရောက်မှာတော့ ကူရာဝါမျိုးဆက်တွေဟာ ပန်ဒါဝါမျိုးဆက်တွေကို လိုက်သတ်ပြီး သူတို့ရဲ့ သခင် အဆွာတာမကို ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ ပန်ဒါဝါတွေအကုန်သေဆုံးပြီး အဆွာတာမလွတ်မြောက် လာမှာကို တားဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ပန်ဒါဝါတွေရဲ့ ကယ်တင်ရှင် ဂါတို့ကာ့ကြာအဖြစ် စွမ်းအားရှင်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒီဂါတို့ကာ့ကြာ အသစ်ဟာ အစွမ်းတွေဘယ်လိုရပြီးဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 ...
movie
Satria Dewa: Gatotkaca (2022)
2022
6.4
Wira ( 2019 )
မွေးရပ်မြေမှအရှုပ်အရှင်းတွေကို ရှောင်ပြေးဖို့အတွက် စစ်တပ်ထဲဝင်လိုက်တဲ့ဟတ်ဆန်တစ်ယောက် ကျန်ရစ်ခဲ့တဲ့ အဖေနဲ့ညီမကို မာချန်းပြည်နယ်ဖက်မှာအခြေချဖို့ပြန်လာခေါ်ပေမယ့် ခေါင်းမာလွန်းတဲ့အဖေနဲ့ညီမကြောင့် အခက်တွေ့ခဲ့ရပါတယ်အိမ်မြေနေရာတွေကို ဈေးနှိမ်ပြီးဝယ်ပြီး ကွန်ဒုံးစက်ရုံကို ဟန်ပြတည်ဆောက်ပြီးတရားမဝင်စီးပွားရေးတွေလုပ်နေတဲ့ ခရိုနီ ရာဂျေးဟာ ရပ်ကွတ်နေပြည်သူတွေကိုတန်းလျားတစ်ခုဆောက်ပေးပြီး စက်ရုံမှာအလုပ်ပေးထားပါတယ်နည်းပါးတဲ့လစာနဲ့ အိမ်ငှားခအများကြီးပေးနေရတဲ့ပြည်သူတွေကတော့အကြွေးနဲ့လုပ်အားကို မုန့်လုံးကိုစက္ကူကပ်သလို အပြန်ပြန်အလှန်လှန်ဆပ်နေကြရတယ်ဒီထဲမှာ ဟတ်ဆန်ရဲ့အဖေနဲ့ညီမလည်း ပါဝင်ခဲ့ပါတယ် ဟတ်ဆန်က စစ်ထဲမဝင်ခင်ရာဂျေးရဲ့လက်ဝှေ့သမားလုပ်ခဲ့တာကြောင့် ညှိနှိုင်းပြီး ကြွေးများရှင်းအောင်လုပ်မယ်စိတ်ကူးနဲ့ စကားသွားပြောရာမှ သူပြန်မဝင်ချင်တဲ့ကြိုးဝိုင်းကိုရာဂျေးသားသမီးတွေနဲ့ ယှဉ်ပြိုင်ဖို့ပြန်ဝင်ဖြစ်ရာက ဇာတ်လမ်းတွေရှုပ်ကုန်ပါရောထုလိုက် ရိုက်လိုက် ထိုးလိုက် ခုတ်လိုက် ထစ်လိုက် နဲ့ရင်သပ်ရှုမောကြည့်ရှုရမယ့်အင်ဒိုဖိုက်တင်ကားကောင်းလေးကို ဖိုက်တာကြီးများ လက်လွှတ်မခံပဲကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ Translated & Review By Htoo Htoo Ka JoeEncoded By LK
movie
Wira ( 2019 )