Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ismael Martínez
6.8
I Want You (2012)
စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာအချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာနှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်းဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲလွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာအာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကိုခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရောလွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
I Want You (2012)
6.2
Rescue Under Fire (2017)
Original Title: Zona Hotsilအာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကိုအဓိက အခြေပြုထားတာပါ။MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကိုကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန်မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေကကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ်ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက်ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီးမဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ်စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကိုရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလားဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့်ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲဖြစ်ပါတယ်။IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File ...
movie
Rescue Under Fire (2017)
6.6
Eye for an Eye (2019)
IMDb Rating 6.6 ရရှိထားတဲ့ Eye for an Eye ဆိုတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒရာမာ ပြစ်မှု သည်းထိတ်ရင်ဖိုအစရှိတဲ့ ရသအမျိုးမျိုးအထွေအထွေကိုပေါင်းစပ်ရိုက်ကူးထားပြီး ကြည့်ရကျိုးနပ်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ပါဒင်ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ လှုပ်ရှားနေပုံတွေကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အဖေဖြစ်သူကတော့ ထောင်ကျနေရာကနေကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ဖို့ထောင်ထဲကထွက်လာခဲ့ပါတော့တယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ဖြစ်တဲ့သူက မကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့သူရောင်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ သေခဲ့ရတဲ့လူတွေမနည်းလို့ပါပဲ။မာရီယိုဆိုတဲ့ လူတစ်ယောက်ကလည်း သူ့ညီကိုမူးယစ်ဆေးကြောင့်ဆုံးရှုံးခဲ့ရဖူးပါတယ်။ဖြစ်ချင်တော့ မာရီယိုကမစ္စတာပါဒင်လာရောက်နေထိုင်တဲ့သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကသူနာပြုဖြစ်နေတဲ့အခါမှာတော့သူတို့နှစ်ယောက်တွေ့ကြပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.65GB / 728MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Eye for an Eye (2019)
[18+] Tirante El Blanco(2006) The Maidens’ Conspiracy
Tirante El Blanco (or) The Maidens' Conspiracy(2006)ဒီဇာတ်ကားကတော့ ဓားချင်းခုတ်တော့မှာလိုလို စစ်တိုက်တော့မှာလိုလို ပတ္တယားတီးတော့မှာလိုလို ဆော်ကြူမှာလိုလို ဟိုလိုလို ဒီလိုလို စပိန်ဇာတ်ကားလေးဖြစ်ပြီးတော့ တချို့ဇာတ်ဝင်ခန်းတွေကတော့ 18+ ပါ။ဇာတ်လမ်းကတော့.... ဂရိအင်ပါယာကြီးကို တူရကီတွေထိပါးတော့ ဧကရာဇ်ဘုရင်က စစ်ကူတောင်းရသတဲ့။ ဆက်ခံသူသားက တိုက်ပွဲမှာကျ၊ ဧကရာဇ်က လူအို၊ မိဖုရားက အိမ်ထောင်ရေးဖောက်ပြန်၊ မင်းသမီးက 16 နှစ်မ ဆိုတော့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နန်းတွင်းရေးတွေကြောင့် စစ်ရှုံးတာ မဆန်းဘူးပေါ့ဗျာ။စစ်ကူရောက်လာတဲ့ ဗိုလ်မင်းက တိုက်ရည်ခိုက်ရည်ကောင်း၊ လူချောလူလှ။ စစ်ပွဲတွေမှာ အောင်နိုင်မှုတွေ ယူလာပေးပါတယ်။ ဒါပေမဲ့ ဗိုလ်မင်းက ဧကရာဇ်ရဲ့သမီးတော် 16 နှစ်မကို တက်ချိုင်တော့ ပြဿနာတွေ ဖြစ်ကြတာပေါ့ဗျာ။အပျိုတော်တွေကြား ဗိုလ်မင်းကို လိုတဲ့သူရှိသလို၊ မလိုတဲ့သူလည်းရှိ။ မင်းသမီးနဲ့ ဗိုလ်မင်းကို အောင်သွယ်သူက အောင်သွယ်၊ ဖျက်သူကဖျက်။ ဇာတ်ရှုပ်ကြီးပါပဲ။ဒီလိုနဲ့ အင်ပါယာကြီးတစ်ခုလုံးက မင်းသမီးပုခုံးပေါ် ကျရောက်လာတဲ့အခါ 16 နှစ်မ လေး ဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြဦးစို့။18 ...
movie
[18+] Tirante El Blanco(2006) The Maidens’ Conspiracy
7.0
REC 3 Genesis(2012)
REC 3 Genesis(2012)******************လူကြိုက်များတဲ့ Rec ရုပ်ရှင်စီးရီးရဲ့ သုံးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေ့နှစ်ကားနဲ့မတူတဲ့ နေရာတစ်ခါမှာ အခြေတည်ထားပြီး ရှေ့နှစ်ကားထက်ပိုပြီးလေးနက်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားဖြစ်တဲ့အတွက်Horror ချစ်ပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ရှေ့နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ Paco Plaza မှရိုက်ကူးထားပြီးDiego Martin, Leticia Dolera, Javier Botet နဲ့ Alex Monner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မင်္ဂလာမောင်နှံဖြစ်တဲ့ ကိုဒိုနဲ့ကလာရာတို့ဟာ သူတို့နှစ်ဦးနဲ့ အချစ်ကိုပိုပြီးခိုင်မြဲစေဖို့အတွက်မင်္ဂလာပွဲကြီးကို မိသားစုမိတ်ဆွေ စုံစုံလင်လင်နဲ့ ကျင်းပနေပြီး တစ်ဦးနဲ့တစ်ဦးချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝခရီးကိုလျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမယ့်အကြောင်းအရာတစ်ခုကတော့ကိုဒိုရဲ့ဦးလေးဖြစ်သူ ပဲပဲဗီတာဟာ တိရိစ္ဆာန်ဆေးကုခန်းကနေခွေးကိုက်ဒဏ်ရာတစ်ခုရလာခဲ့ပြီး တူဖြစ်သူရဲ့မင်္ဂလာဆောင်ကို ချီးမြှောက်ဖို့ ရောက်လာပါတော့တယ်။ ရှေ့ဇာတ်ကားနှစ်ကားကို ကြည့်ဖူးခဲ့ရင်တော့ ဒီခွေးကိုက်ဒဏ်ရာဟာဘယ်လောက်အထိ ဆိုးဝါးတဲ့အဖြစ်ဆိုးတွေဖြစ်စေလဲဆိုတာကို ကြိုတင်မှန်းဆနိုင်မှာဖြစ်တဲ့အတွက် ရှေ့နှစ်ကားကိုအရင်ဆုံးကြည့်ဖို့ အကြံပေးပါရစေ။မင်္ဂစုံတွဲနှစ်တွဲကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားတွေကိုသွေးသံတရဲရဲကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် ...
movie
REC 3 Genesis(2012)