Channel Myanmar

Isabelle Almoyan

Nightmare Pageant Moms (2023) 5.1
Nightmare Pageant Moms (2023)  Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့... File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Nightmare Pageant Moms (2023)

Camp Hideout (2023) 4.7
Camp Hideout (2023) Camp Hideout (2023) ================လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (750 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Camp Hideout (2023)

2023
The Christmas Pledge (2023) 4.9
The Christmas Pledge (2023) The Christmas Pledge (2023) =====================ခရစ်စမတ်ရာသီရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နှင်းတွေနဲ့ အတူ လွင့်ပါလာခဲ့ပါပြီ။ ဂျွန်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး ဓနရှင်ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေလာ ခဲ့ရတဲ့ကောင်မလေးပါ။ လေယာဉ်တည်ဆောက်မှုပညာရပ်ကို အရမ်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်လေ့လာသင်ယူထားတဲ့သူလေးပေါ့။ တစ် ရက်မှာတော့ သူကျောင်းကိုအသွား ပြုတ်ကျလာတဲ့ လေယာဉ်ပုံစံငယ် လေးနဲ့ ဆုံ‌တွေ့ခဲ့တယ်။ အဲဒီလေယာဉ်လေးကို ပစ်လိုက်တဲ့သူကတော့ ဒက်ကလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တဲ့။စာမေးပွဲမှာ အဆင့်ကောင်းဖို့လောက်ပဲတွေးပြီး လေယာဉ်ကို အဖြစ်သာ တည်ဆောက်ထားတဲ့သူပေါ့။ ဒီလိုနဲ့ပဲ လေယာဉ်တည်ဆောက်ရေးပညာ ဆရာမလေးဂျွန်ဆီကနေ တွေ့တွေ့ချင်း လက်ချာတွေ ပေးခံရတယ်ဆိုပါ တော့။ ဘုနဲ့ဘောက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ကံကြမ္မာက ဖန်တီး လာလေတော့ ဘွဲ့ယူတာတောင် ဘေးချင်းကပ်ထိုင်ခဲ့ကြရပြီး ရေစက်လေး က အလုပ်ခွင်ထဲထိ ပါလာခဲ့ပြန်ပါတယ်။ 'ချစ်ခြင်းအစ မုန်းခြင်းက'ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ လိပ်ပြာလေးတွေ ဘယ်လိုပျံလာကြ မလဲဆိုတာကိုတော့ စောင်လေးခြုံရင်း ကြည့်လိုက်ကြရအောင်ပါပေါ့။(ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ May Thet Kine Soe, June တို့ ...
movie

The Christmas Pledge (2023)

2023
Lifemark (2022) 5.9
Lifemark (2022) Lifemark (2022) ============= IMDb Rating - 5.9/10ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကား 2022 မှာ ထပ်ထွက်လာပါပြီဗျာ။ အရွယ်သုံးပါးမရွေးကြည့်ရင်ကြိုက် မယ့် ရုပ်ရှင်ကားလေးပါ။ Lifemark လို့အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားလေးက ဘဝတစ်ကွေ့မှာ ချခဲ့တဲ့ဆုံးဖြတ်ချက် တွေအကြောင်းကို သဘာဝဆန်ဆန်ရိုက်ကူးထားတာဖြစ် ပါတယ်။ကျောင်းမှာသူငယ်ချင်းတိုင်းကချစ်ပြီး မိဘတွေကလည်း အလိုလိုက်ပြီး နွေးထွေးတဲ့မိသားစုမှာ ကြီးပြင်းလာခဲ့တဲ့ ဒေးဗစ်က အမှန်တော့မွေးစားခံရတာပါ။ သူများတွေအား ကျရတဲ့မိသားစုမှာ နေထိုင်ရပေမယ့် ကိုယ့်ကိုမွေးစားထား တာပါဆိုတဲ့အကြောင်းကို ပြောပြဖို့မဝံ့မရဲဖြစ်နေခဲ့တာပါ။ တစ်နေ့မှာ ဒေးဗစ်ရဲ့မွေးမိခင်ဖြစ်တဲ့မီလီဆာက ဆက်သွယ် လာခဲ့ပါတယ်။သူတို့နိုင်ငံရဲ့ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ရင် မိဘအရင်းနဲ့ ပြန်တွေ့လို့ရပါတယ်တဲ့။ မွေးစားမိဘတွေကိုလည်းအရမ်းချစ်ပြီး သူ့ရဲ့မိဘအရင်းနဲ့လည်း တစ်ခေါက်လောက်တော့ တွေ့ချင်မိပါ တယ်။ ဒေးဗစ်က “ဘယ်သူ့ကိုမှအစားထိုးခံရတယ်လို့ မခံစား စေချင်ပါဘူး” တဲ့။ ပြီးတော့ သူ့ကိုရွေးချယ်ခဲ့လို့မွေးစားမိဘတွေ ကိုလည်း ကျေးဇူးတင်ပြီး၊ သူ့ကိုပေးမွေးစားခဲ့တဲ့အမေအရင်းကို လည်း ကျေးဇူးတင်ပါတယ်တဲ့ဒါပေမဲ့.... အမေအရင်းဖြစ်တဲ့ မီလီဆာက ဘာလို့ပေးမွေးစားခဲ့ရ တာလဲ ? ဒေးဗစ်ရဲ့မွေးစားမိဘကရော ဘာလို့သူစိမ်းတစ်ယောက် ကို ကိုယ့်သွေးသားအရင်းလိုမျိုး ချစ်နိုင်ရတာလဲစသဖြင့် ဘဝတစ် ကွေ့မှာ ချခဲ့တဲ့ဆုံးဖြတ်ချက်တွေအကြောင်းတွေကို ဒီကားလေးထဲ မှာ ဆက်လက်ကြည့်ရှုကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.7 GB) / (695 ...
movie

Lifemark (2022)

2022
Running the Bases (2022) 5
Running the Bases (2022) Running the Bases (2022)ငယ်စဉ်ကတည်းက ​ဘေ့စ်​ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ​ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂​ယောက် ရှိရာ ကံမ​ကောင်းစွာပဲ အစ်ကိုဖြစ်သူ ​ဂျော့ရှ်က နှလုံးအားနည်းတဲ့ ​ရောဂါ​ကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်​သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူ​ရောဂါမျိုးဆေးစစ်​တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ​ဘေ့စ်​ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ဒါ​ပေမဲ့တစ်​နေ့မှာ သူချစ်တဲ့​ဘေ့စ်​ဘော​လောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ​ဘေ့စ်​​​ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ​ကျောင်းအသင်း​လေးကို ဆုဖလား၉ကြိမ်​ရ​အောင် ဦး​ဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ​ကျောင်းကြီးတစ်​ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အ​​​ရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအား​​တွေ သိပ်မရှိခဲ့​ပေမယ့် မြို့ကြီးပြကြီးမှာ ​ကျောင်းကြီးတစ်​ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်​သ​လောက်မလွယ်ဘဲ ဘက်​ပေါင်းစုံက​ အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အ​နေနဲ့ ဘေ့စ်​ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်​ဆိုင်​ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို ​အောင်မြင်​အောင် စွမ်း​ဆောင်​ပေးနိုင်မလား ​စောင့်ကြည့်ရမှာပါ။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Drama, Family Quality…. 1080p | 720p | 480p File size…2.1GB | 1.1GB ...
movie

Running the Bases (2022)

2022