Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Isabela Merced
6.8
Turtles All the Way Down (2024)
John Green ရဲ့ Turtle all the way down ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက်နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoesဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ ...
movie
Turtles All the Way Down (2024)
Madame Web (2024)
ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်းကတ်စီ ဝက်ဘ် ဟာ ...
movie
Madame Web (2024)
4K HEVC
6.8
Migration (2023)
ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲတင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကိုထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခုဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်းအရာလေးပါ...။ဒီဘဲမိသားစုလေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ...။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်...။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်းမလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်...။ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာလမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်...။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD
movie
Migration (2023)
4K HEVC
5.2
Transformers: The Last Knight (2017)
၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ်အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်ကကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Transformers: The Last Knight (2017)
2017
4K HEVCHDR
6.3
Rosaline (2022)
Rosaline (2022)(1080p ရပါပြီ)အားလုံးပဲ နာမည်ကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ရဲ့ အချစ်ဇာတ်လမ်းကို ကြားဖူကြမှာပါ။ ဒီကားကတော့ ကျွန်တော်တို့မြင်ဖူးနေကျအတိုင်း ရိုမီယိုနဲ့ ဂျူးလိယက်တို့ ချစ်သူနှစ်ဦးရဲ့ အချစ်ကိုဖော်ညွှန်းထားတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ ရိုမီယိုရဲ့ ရည်းစားဟောင်း ရိုဆာလင်းနေရာက ခံစားတင်ပြထားတဲ့ ဇာတ်လမ်းပါ။ဇာတ်ကြောင်းအနေနဲ့ကတော့ ရိုမီယိုအနေနဲ့ ရိုဆာလင်းကို ချစ်လှ ကြိုက်လှပါချည်ရဲ့ ဆိုပြီး ကဗျာတွေစာတွေနဲ့ ပိုးပန်းလာခဲ့သမျှ တစ်နေ့မှာတော့ ရိုမီယိုဟာ ပျောက်သွားပါတော့တယ်။ တစ်ရက်တော့ ရိုမီယို့နောက် လိုက်ချောင်းရင်း သူ့ကိုပိုးပန်းတဲ့နည်းတွေအတိုင်း ချစ်သူအသစ်ကို ပိုးပန်းနေတာကို တွေ့ခဲ့ရပါတယ်။ဒါ့အပြင် ရိုမီယိုရဲ့ ချစ်သူအသစ်ဟာ ရိုဆာလင်းရဲ့ ဝမ်းကွဲညီမ ဂျူးလိယက်ဖြစ်နေပြန်ပါတယ်။ ဒီတော့ ရိုဆာလင်းအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်ကာ သစ်စိမ်းချိုး ချိုးသွားသူ ရိုမီယိုကို ပြန်ရဖို့အရေး အကြံတွေထုတ်ပါတော့တယ်။ ဝမ်းကွဲညီမဖြစ်သူကိုလည်း ရိုမီယိုနဲ့ဝေးဖို့အရေး တွန်းပို့တော့တာပေါ့။ရိုဆာလင်းရဲ့အကြံတွေ အောင်မြင်ပါ့မလား? ဒါမဟုတ် ဝတ္ထုရဲ့ မူရင်းအတိုင်းပဲ ရိုမီယိုတို့ အဆုံးသတ်မလား? ဆိုတာ ...
movie
Rosaline (2022)
2022
5.9
Father of the Bride (2022)
သမီးရှင် .... အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ဒီလူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ..... ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ .... ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ...
movie
Father of the Bride (2022)
5.8
Sweet Girl (2021)
Sweet Girl (2021)==============IMDb Rating - 5.8/10ဒီနေ့အတွက် အားလုံးပဲကြိုက်နှစ်သက်လောက်မယ့် Action, Drama, Thriller ကားသစ်ကိုတင်ဆက်ပေးချင်ပါတယ်။အဓိက ဇာတ်ဆောင်တွေအဖြစ် အားလုံးပဲ သိတဲ့ Aquaman မင်းသား Jason Momoa နဲ့ Dora and the lost city of Goldရဲ့ မင်းသမီးလေး Isabela Mercedတို့က ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကျော်ရိုးကတော့ ရေး ကော့ပါးဟာ မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး ဇနီးသည်ကို ကင်ဆာရောဂါကနေ ပြန်ကယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသူပါ။ကံကောင်းစွာနဲ့ ကင်ဆာကို ထိထိရောက်ရောက် ကုနိုင်တဲ့ ဆေးတစ်မျိုး ပေါ်လာခဲ့ပေမယ့် BioPrime ဆေးကုမ္ပဏီတွေရဲ့လောဘကြီးမှုကြောင့် ဆေးကုသခွင့်ဆုံးရှံးခဲ့ရလို့ ဇနီးသည်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ ဇနီးသည်အတွက် တရားမျှတမှုကို လိုချင်တဲ့ ရေး တစ်ယောက် ဒီကိစ္စတွေများရဲ့ ချုပ်ကိုင်မှုတွေရဲ့ အဖြစ်မှန်တွေကိုဖော်ထုတ်ရင်း ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အရှုပ်အရှင်းတွေကြားထဲ ...
movie
Sweet Girl (2021)
2021
5.6
Spirit Untamed (2021)
Spirit Untamed (2021)=================IMDb Rating - 5.6/102021 ခုနှစ်ထွက် Dreamworks ရဲ့ Animation ကားလေး မြင်းစီးပြီးပရိသတ်ရှေ့ရောက်လာပါပြီ...ချစ်တဲ့စိတ်ကို ချုပ်တည်းလို့မရသလို စွန့်စားချင်တဲ့စိတ်ကိုလည်း ချုပ်တည်းလို့မရနိုင်ပါဘူးနော်... အခုတော့ဒီဇာတ်ကားလေးမှာ Dream Work ကနေပြီးတော့ သွက်သွက်လက်လက် နဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်ကိုမွေးဖွားလိုက်ပြန်ပါပြီ။ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ နဲ့ အိမ်ထဲမှာပဲ ချက်ပြုတ်တတ်ရင်ရပြီဆိုတဲ့ Logicကိုလည်းရိုက်ချိုးပြချင်တဲ့ပုံပါပဲ။ကလေးသဘာဝ ဆော့ကစားချင်တဲ့အရွယ်မှာ အမိမဲ့ လပ်ကီးတစ်ယောက်ကတော့ ဇီဇာကြောင်အဒေါ်ဖြစ်သူရဲ့ဆုံးမမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိဖြစ်အောင် နေနေရပါတယ်။ ဒါပေမဲ့လည်း ဗီဇလေးက ပါလေတော့ အဘိုးရဲ့ပါတီပွဲမှာသောင်းကျန်းခဲ့တာမို့ ကြီးဒေါ်နဲ့အတူ အဖေရှိရာ တောရွာလေးထဲ ရောက်လာခဲ့ပါတော့တယ်။ထိုတောရွာလေးမှာ လပ်ကီးအမေရဲ့ အမှတ်တရတွေအများကြီး ရှိနေပြီး မြို့ပြမှာ နေခဲ့တဲ့မိန်းကလေးတစ်ယောက် တောရွာမှာနေရတဲ့အခါ မြင်းတစ်ကောင်နဲ့ ဘယ်လိုဗွေတွေဖောက်မလဲ၊ သူမမှတ်မိတဲ့ သူ့အမေရဲ့အကြောင်းကို ဘယ်လိုရှာဖွေမလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျလေးကြည့်ရမှာမို့ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် . . .(ဒီဇာတ်လမ်းရဲ့ ...
movie
Spirit Untamed (2021)
2021
7.3
Instant Family (2018)
Instant Family (2018) IMDb - 7.3/10_____Rotten - 82%Instant family ဇာတ်ကားဟာ IMDB 7.3 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား..... မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး..... လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ..... အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ..... ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ..... ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်... မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ ...
movie
Instant Family (2018)
2018