Channel Myanmar

Isaac T. Arnett Jr.

Free Willy 2: The Adventure Home (1995) 5.1
Free Willy 2: The Adventure Home (1995) ဟော.. ဝေလငါးကြီး ဝီလီပြန်လာပါပြီ..။ ဒီတစ်ခါမှာတော့ လူပျိုပေါက်လေး ဖြစ်နေပြီဖြစ်တဲ့ ဂျက်စီ့ကို တွေ့ရမှာပါ။ ရှေ့ကားမှာ အရာရာအဆင်ပြေပြီးသားဖြစ်တဲ့ ဂျက်စီလေးဟာ ဒီကားမှာတော့ နောက်ထပ်ပြဿနာလေး တစ်ခုထပ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူက ရှာတဲ့ ပြဿနာမဟုတ်ဘဲ သူ့ဆီကိုမှ တကူးတက လာရှာတဲ့ ချစ်စရာ သက်ရှိပြဿနာလေးပဲ ဖြစ်ပါတယ်။ ဘာလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကြောင်းဆက်သွားရမယ်ဆိုရင်တော့ ဂျက်စီဟာ ဝီလီနဲ့ ပြန်ဆုံခဲ့ပါတယ်။ ဝီလီဟာလည်း သူ့မိသားစုနဲ့အတူ ပြန်ဆုံနိုင်ခဲ့ပြီဖြစ်လို့ အခုဆို ဂျက်စီရော ဝီလီရော မိသားစုကိုယ်စီနဲ့ပါ။ တစ်ညမှာတော့ ရေနံတင်သင်္ဘောမှောက်ပြီး ရေနံဆီတွေ ပင်လယ်ထဲ စိမ့်ကုန်ပါတော့တယ်။ ပင်လယ်သတ္တဝါတွေအတွက် ထိခိုက်မှုများမယ့် ဝီလီတို့အတွက် အန္တရာယ်များတဲ့ ဒီအခြေအနေကို ဂျက်စီနဲ့ ဝီလီ ဘယ်လိုဖြေရှင်းကြမလဲ။ရှေ့တစ်ကားတုန်းက ပြောခဲ့သလိုပါပဲ ဒီကားမှာ ဝီလီနေရာကို Keiko သရုပ်မဆောင်တော့ပါဘူး။ ဒီကားထဲက ဝေလငါးတွေကို အင်ဂျင်နီယာနဲ့ အနုပညာရှင်ပေါင်း ၄၅ ယောက်တို့နဲ့ နာရီပေါင်း ၁သိန်းကျော်သုံးပြီး ၆လအတွင်း ဖန်တီးခဲ့ကြပါတယ်။ ဝေလငါး အရွယ်အစား တစ်ခုစီအတွက် ဖွဲ့စည်းပုံကို အရင်တည်ဆောက်ကြခဲ့ပြီး ပေါင် ...
movie

Free Willy 2: The Adventure Home (1995)