Channel Myanmar

Irshad Ali

Bhagavan Dasante Ramrajyam (2024) 6.5
Bhagavan Dasante Ramrajyam (2024) Bhagavan Dasante Ramrajyam (2024) “လောကပြဇာတ်”ဗာနာသီကာဗူရွာက ဗာနာသီကာပူဘုရားကျောင်းဟာ အရှင်ရာမ သီတာ ဟာနုမာန်တို့အတွက် တည်ထားတဲ့ ရှေးဟောင်းကျောင်းအဖြစ် သတ်မှတ်ခံရပြီး သူတို့ဘုရားပွဲလေးဟာလည်း အစီအစဉ်ပေါင်းစုံနဲ့ ထူးခြားတဲ့ပွဲလေးအဖြစ် တည်ရှိတာပေါ့။အဲဒီနေရာမှာ ကွန်ဂျူရမ်မက်တန်ဆိုတာ ဗာနာသီကာဗူရွာလေးကို ရိုးရာယဉ်ကျေးမှု ပေါကြွယ်ဝတဲ့နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။ သူ့လက်အောက်မှာလည်း တပည့်တပန်းပေါင်းများစွာနဲ့ သူတို့ပြဇာတ် ရာမရာနဆိုတာတာ ခေတ်တစ်ခုမှာ အင်မတန်ပေါက်ခဲ့တာမျိုးပေါ့။ အဲဒီမှာ ဒီလို တည်ထောင်သူဖခင်ကြီးတစ်ယောက် ဆုံးပါးသွားခဲ့တဲ့အချိန်မှာတော့ နှစ်ဂိုဏ်း ကွဲခဲ့ရပါတော့တယ်။ချစ်ရတဲ့ တပည့်တွေကတော့ ဆရာကို အရိုအသေပေးတဲ့အနေနဲ့ နှစ်စဉ်ဘုရားပွဲမှာ ပြဇာတ်ကဖို့ စီစဉ်ထားကြပြီးတော့ သားဖြစ်သူ ဆူမက်ရှ်ကတော့ ဆန့်ကျင်ချင်တဲ့လူ ဖြစ်နေပါတယ်။အဲဒီမှာတင် တစ်ဖွဲ့က ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ကြပြီး တစ်ဖက်ကလည်း ဘယ်လိုမျိုး ပွဲဖျက်မလဲဆိုတာမျိုးလေးတွေ ကြည့်ရှုရမယ့် မလေယာလမ် အိန္ဒိယကားသစ်လေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.1GB / 1GB  Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle ...
movie

Bhagavan Dasante Ramrajyam (2024)

Guruvayoor Ambalanadayil (2024) 6.9
Guruvayoor Ambalanadayil (2024) Guruvayoor Ambalanadayil (2024) "ရည်းစားဟောင်း"IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ …အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Guruvayoor Ambalanadayil (2024)

2024
Jananam 1947 Pranayam Thudarunnu (2024)
Jananam 1947 Pranayam Thudarunnu (2024) Jananam 1947 Pranayam Thudarunnu (2024) "အဆုံးအစမဲ့အချစ်"CM ပရိသတ်ကြီးအတွက် ရင်ကိုနွေးစေမယ့် မလေယာလမ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ကီရယ်လာက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်ခြင်းနဲ့အတူ အချစ်ကို တဖန်ရှာဖွေပုံကို ရှုစားရမှာပါရိပ်သာတစ်ခုမှာ အငြိမ်းစားဆရာမ ဂေါ်ရီဟာ အမြဲလိုလို အိမ်လွမ်းနေတတ်ပြီး ချွေးမဖြစ်သူနဲ့ အဆင်မပြေတာကြောင့် ရိပ်သာပို့ခံရတဲ့ဘဝကို နေသားမကျနိုင်သူရယ်ပါအဘိုးကြီး ရှီဗာကတော့ ရိပ်သာက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဆုံးသွားလို့ တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရသူဘဝနေဝင်ချိန်မှာ မှီခိုလို့ရမယ့် ပုခုံးတစ်ဖက်ကို တောင့်တမိတဲ့ အထီးကျန်ဆန်လူသားနှစ်ယောက်...လူမှုပတ်ဝန်းကျင်က စကားသံတွေ၊ သားသမီးတွေရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားပြီး အတူနေခွင့်ရနိုင်မလားဆိုတာ ပရိသတ်ကြီးကပဲ ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ် File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jananam 1947 Pranayam Thudarunnu (2024)

2024
Corona Dhavan (2023) 7.0
Corona Dhavan (2023) Corona Dhavan (2023) ယမကာလုလင်လေးများIMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲ အရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။ မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ ... "အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး" ဆိုတဲ့ခံယူချက်နဲ့ ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့..... ဆက်လက်ကြည့်ရှုပေးကြပါဦး...အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!) File size…1.8GB ...
movie

Corona Dhavan (2023)

2023
Malik (2021) 8.1
Malik (2021) Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Malik (2021)

2021
Innale Vare (2022) 6.1
Innale Vare (2022) Innale Vare 2022IMDb 6.2 ရရှိထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းလေးလာပါပြီရုပ်ရှင်သရုပ်ဆောင်အာဒီဆိုတာ မသိတဲ့လူမရှိအောင်နာမည်ကြီး‌နေတဲ့လူပါ အောင်မြင်မှုတွေရဲ့ ဘုရင်တစ်ဆူဖြစ်ပေမယ့် မျှော်လင့်မထားခဲ့တဲ့အခြေအနေတွေကြောင့် အကြွေးတွေဝိုင်းနေချိန်မှာပဲ မသမာသူလူတွေကြောင့် ပြန်ပေးဆွဲခံလိုက်ရပါ‌တယ်နည်းပညာပိုင်းကိုအကူအညီကူပြီး ပြန်ပေးဆွဲခဲ့တာကြောင့် လူမသိသူမသိအရပ်ရောက်နေတဲ့ အာဒီတစ်ယောက် လွတ်မြောက်ဖို့ဘယ်လိုကြိုးစားမလဲ အကူအညီမဲ့နေတဲ့ ဒီအိမ်ကြီးထဲကနေထွက်ပြေးနိုင်မှာလားဆိုတာ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်  File size…1.5GB / 798MB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Honeyey & Yunni  
movie

Innale Vare (2022)

2022
Big Brother (2020) 4.4
Big Brother (2020) Big Brother (2020)မင်းသားကြီး Mohanlal ကိုတော့  ပရိတ်သတ်ကြီးတွေ အားလုံးသိကြမှာပါနော်Mohanlal ပါဝင်ထားတဲ့ Drishyam (2013) က IMDB 8.3 ထိရရှိခဲ့ပြီးပြန်လည်ရိုက်ကူးထားတဲ့Drishyam 2 (2021) မှာတောင် IMDB 8.6 ထိတောင်ရထားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ကားကလည်း Mohanlal ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ကားလေးဖြစ်တဲ့မြှုပ်ကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူတွေကိုလှည့်စားမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်လူသတ်မှုနဲ့ထောင်ကျနေတဲ့ Sachidanandan က တိုက်ရည်ခိုက်ရည်‌ရှိပြီးဗျူဟာကောင်းတွေထုတ်နိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပါတယ်။အဲဒါကြောင့် ထောင်ကျနေစဉ်အတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့၀င်အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအန္တရာယ်များတဲ့မစ်ရှင်တွေကိုလုပ်ခဲ့ရတဲ့သူတစ်ယောက်ပါ။ငယ်ကတည်းကထောင်ကျခဲ့တာကြောင့် ၂၄ နှစ်အကြာ ပြန်လွတ်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်သူဖြစ်ပါတယ်ဒါပေမယ့်လည်း လွတ်‌မြောက်လာပြီးချက်ချင်းပဲ သူ့မိသားစုကိုအန္တရာယ်ပြုတဲ့ဖြစ်ရပ်ကြီးကြုံလိုက်ရတော့ Sachi တစ်ယောက်အတော်လေး တုန်လှုပ်သွားခဲ့ရပြီးမိသားစုကိုကာကွယ်နိုင်ဖို့ရာအင်အားကြီး မူးယစ်ဆေးဒုစရိုက်သမားကြီးတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အကြောင်းဖန်လာတော့ Sachi ကဘယ်လိုဗျူဟာတွေထုတ်ပြီး ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားဖြစ်ပါတယ်နော် File size…2.5GB / 1.3GB  / 615MB Quality…1080p TRUE HD AAC 5.1CH / 720p / ...
movie

Big Brother (2020)

2020
Drishyam ( 2013 ) 8.3
Drishyam ( 2013 ) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ၂၀၁၃တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားပါ IMDb လည်း 8.3 ရရှိထားပါတယ်တော်တော်များများတော့ ကြည့်ဖူးလောက်ပါတယ် ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်တို့ ဇာတ်လမ်းအလယ်ကနေ အဆုံးထိဇာတ်ကွက်လေးတွေက တကယ်ကို အလန်းဇယားဆိုတာ ကြည့်ဖူးတဲ့လူတိုင်းသိကြမှာပါ ဒီကားလေးကို ကြည့်ပြီးတဲ့လူတွေလည်းနောက်တစ်ခေါက်ပြန်ကြည့်ရအောင် မကြည့်ရသေးတဲ့လူတွေလည်း ကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့....လေးတန်းပဲအောင်တဲ့ ဂျော့်ခူတီဆိုတဲ့လူက ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ ဂျော့်ခူတီက ရုပ်ရှင်ကြည့်ရတာကိုအရမ်းစွဲလမ်းနှစ်သက်ပါတယ် သူ့ရဲ့ဗဟုသုတတွေက ရုပ်ရှင်ကနေ ရတာပါ တစ်နေ့မှာတော့ သူတို့ရဲ့အေးချမ်းတဲ့ ဘဝထဲကို မဖိတ်ခေါ်တဲ့ဧည့်သည် တစ်ယောက်ဝင်ရောက်လာပြီး မတော်တဆမှုတစ်ခုဖြစ်သွားပါတယ် အဲ့ဒီနောက် ဂျော့်ခူတီအနေနဲ့ မိသားစုသာ သူ့ဘ၀ သူ့အရာရာအားလုံးကိုရုပ်ရှင်ထဲက ဗဟုသုတတွေကို သုံးပြီး ဘယ်လို လှည့်ကွက်တွေနဲ့ မိသားစုကို ကာကွယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်... Translated & Review By Yamin EiEncoded By LK
movie

Drishyam ( 2013 )