Channel Myanmar

Ireneusz Kozioł

Scarborn (2023) 7.2
Scarborn (2023)  အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Scarborn (2023)

Pilecki’s Report (2023) 6.0
Pilecki’s Report (2023)  ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie

Pilecki’s Report (2023)