Channel Myanmar

Ione Skye

Four Rooms (1995) 6.7
Four Rooms (1995)  ဒီဇာတ်ကားလေးက ဟိုတယ်ဧည့်ကြိုကောင်လေး Ted တယောက်ရဲ့ နှစ်သစ်ကူးညမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ၊ ထူးခြားတာက ဒီဇာတ်ကားကို ဒါရိုက်တာ ၄ ယောက်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဟိုတယ်အခန်း ၄ ခန်းမှာ Ted တယောက်ကြုံတွေ့ခဲ့ရတာတွေကို ပုံဖော်ထားတာပါ၊ပထမအခန်းကတော့ နတ်ဘုရားတယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ စုန်းမတွေနဲ့ Ted တယောက်တွေ့ခဲ့ရတာပါ၊ အသက်ပြန်သွင်းဖို့အစီအရင်မှာ ပစ္စည်းတခုလိုအပ်နေခဲ့ပြီး ဒါကိုလည်း Ted ကဖြည့်ဆည်းပေးခဲ့ရပါတယ်၊ဒုတိယအခန်းကတော့ ရန်ဖြစ်နေတဲ့လင်မယား၂ယောက်အခန်းပါ၊ Ted တယောက် ဒီရန်ပွဲထဲမှာ ကြားညှပ်ခဲ့ရပါတယ်၊နောက်တခန်းကတော့ ဂန်းစတားတယောက်ရဲ့အခန်းဖြစ်ပြီး ဂန်းစတားရဲ့ သားနဲ့သမီးကို ထိန်းဖို့ဖြစ်လာရကနေ အခက်အခဲပေါင်းများစွာကို Ted တယောက်ထပ်ပြီးကြုံတွေခဲ့ရပါတယ်၊နောက်ဆုံးအခန်းကတော့ ဟောလိဝုဒ်နာမည်ကြီးတယောက်ရဲ့ အခန်းဖြစ်တာမို့ Ted တယောက်သက်သာရာရပြီထင်ခဲ့ပေမယ့် နှစ်သစ်ကူးညကြုံတွေ့ရသမျှထဲမှာ အဆိုးဆုံးနဲ့ကြောင်တောင်တောင်အနိုင်ဆုံးကိစ္စကို ကြုံတွေ့ခဲ့ရပြန်ပါတယ်၊ဒီဇာတ်ကား‌က ဟိုတယ်တခုထဲမှာပဲ ဖြစ်ခဲ့တဲ့ မတူညီဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး တကယ်လည်းရယ်ရတဲ့ကားလေးပါ၊ File size…(1.7 GB)/(860 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. ...
movie

Four Rooms (1995)

Say Anything… (1989) 7.3

Say Anything… (1989)

1989
Habit(2021)
Habit(2021) Habit(2021)အညွှန်း*****************မင်းသမီးချောလေး Bella Thorne ရဲ့ တလွဲတွေပွဲကြမ်းတဲ့ကားပါ...ကြိုပြီးသတိပေးချင်ကတော့ ဒီကားဟာ R-rated movie ဖြစ်တဲ့အတွက် အသက်မပြည့်သေးတဲ့သူတွေ၊မိသားစုနဲ့ကြည့်မဲ့သူတွေ အတွက်မသင့်တော်ပါဘူး ဇာတ်လမ်းထဲမှာတော့ မက်ဒ် ဟာ ချောမောလှပတဲ့ တစ်ကောင်ကြွက်အမျိုးသမီးငယ်လေးဖြစ်ပြီး သူနဲ့ဘဝတူ သူငယ်ချင်းနှစ်ယောက်နဲ့အတူ LA မှာ နေထိုင်ကြပါတယ်။တခြားသူတွေနဲ့ မတူတဲ့အချက်ကတော့ မက်ဒ် ဟာ ယေရှု ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သလောက် တလွဲပြစ်မှုတွေလုပ်ချင်တဲ့နေရာမှာလည်း ၂ယောက်မရှိဘူး...တစ်နေ့မှာတော့ မက်ဒ် ဟာ အလုပ်ပြုတ်သွားတဲ့အတွက် သူ့ငယ်ချင်း အက်ဒီ ...အီဗီ တို့နဲ့အတူ ကလပ်မှာ ဆေးအရောင်းဝယ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဆေးကွဲပြီး ကလပ်ကအပြန် သူငယ်ချင်းမ အီဗီ အိမ်ခေါ်လာတဲ့ One night stand ဘဲကြီးကသူတို့ရှာထားတဲ့ ဒေါ်လာတွေနဲ့ ဆေးတွေကို သမပြီးလစ်သွားပါတော့တယ်။ ကံဆိုးချင်တော့ဆေးတွေရဲ့ပိုင်ရှင်က စောက်ရမ်းကြမ်းတဲ့ ဘိန်းရာဇာတရုတ်မ ဖြစ်နေတဲ့အခါ…မက်ဒ် တို့သုံးယောက် ဘယ်လိုတွေဂယက်ထကြမလဲ…...
movie

Habit(2021)

Zodiac (2007) 7.7
Zodiac (2007) ဒီဇာတ်လမ်းကတော့ ၁၉၆၈ လောက်မှာဖြစ်ခဲ့တဲ့ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဇိုဒီရက်ခ် ဆိုတဲ့ လူသတ်သမားအကြောင်း ရိုက်ကူးထားသော ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်…အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့တယ်..ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ..ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်…၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ…Rating တွေကတော့ …IMDb- 7.7/10, Rotten tomatoes ...
movie

Zodiac (2007)

2007