Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Indah Permatasari
7.1
Srimulat: Hidup Memang Komedi (2023)
Srimulat.Hidup.Memang.Komediဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie
Srimulat: Hidup Memang Komedi (2023)
2023
6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022)
Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie
Srimulat: Hil Yang Mustahal – Babak Pertama (2022)
2022
8.0
Ngeri-Ngeri Sedap (2022)
Ngeri-Ngeri Sedap (2022)************************သား ၃ ယောက်နဲ့ သမီး ၁ ယောက်မွေးထားတဲ့ လင်မယား ၂ ယောက်... သား ၃ ယောက်ကိုအကောင်းဆုံးပညာရေးရဖို့ တခြားမြို့တွေမှာ ကျောင်းထားခဲ့ရာကစလို့ သားယောက်ျားလေးတွေဟာလက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်ပြီး ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်ကြရာကနေ မိဘအိမ်ကို ပြန်မလာခဲ့ကြတာ၁၀ နှစ်နီးပါး ရှိသွားခဲ့တယ်။ ဒီလိုနဲ့ပဲ အဘွားဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုစုံစုံလင်လင်ကျင်းပဖို့အတွက် သား ၃ ယောက်ကို လင်မယား ၂ ယောက် ဘယ်လို လှည့်ဖြားပြီး အိမ်ကို ပြန်လာအောင် ခေါ်ကြမလဲ...သူတို့ ချက်ချင်း မပြန်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေကျ သားသမီးရဲ့ ပျော်ရွှင်မှုဟာ မိဘရဲ့ စိတ်တိုင်းကျ မဖြစ်နိုင်သလို, မိဘရဲ့ စိတ်တိုင်းကျဆန္ဒဟာလည်းသားသမီးကို မပျော်စေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိသားစုတစ်ခုမှာ ဒီလိုမျိုး စိတ်သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာတဲ့အခါတစ်ဖက်ဖက်က အလျှော့ပေးမှသာ ပျော်ရွှင်တဲ့ မိသားစုမျိုး ...
movie
Ngeri-Ngeri Sedap (2022)
7.2
Dear Nathan: Thank You Salma (2022)
Dear Nathan Thank You Salma (2022) IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ်တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Dear Nathan: Thank You Salma (2022)
2022
5.8
Si Manis Jembatan Ancol
Bloodlust Beauty (2019) အင်ဒိုနီးရှားသရဲကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးက သရဲကားဆိုပေမယ့် တစ်ချို့နေရာလေးတွေမှာ ဟာသလေးတွေကိုလည်း ထည့်ရိုက်ပေးထားပါတယ် ဒါပေမယ့် လည်း Horror ဇာတ်လမ်းတစ်ပုဒ်ရဲ့ ရသကတော့ပျောက်မသွားပါဘူး ဇာတ်ကြောင်းလေးကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့လုပ်ငန်းမှာရင်းနှီးမြုပ်နှံဖို့အတွက် အကြွေးရှင်တွေဆီက ငွေတွေကိုချေး ခဲ့ပါတယ် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့လုပ်ငန်းဟာ မအောင်မြင်ဘဲဖျက်သိမ်းခံလိုက်ရပါတယ် အကြွေးရှင်တွေကသူတို့ရဲ့ ပိုက်ဆံပြန်ရဖို့ အတွက် သူ့ရဲ့မိန်းမနဲ့တခြားလူတစ်ယောက်ကိုပါ ဓားစာခံအဖြစ်ခေါ်သွားပါတယ် သို့ပေမယ့် နောက်တော့ လူယုတ်မှာတွေရဲ့ထုံးစံအတိုင်း ကောင်မလေးကို အဓမ္မကျင့်ပြီး မြစ်ထဲကိုပစ်ချလိုက်ပါတော့တယ်…….. အဲ့ဒီလိုတွေဖြစ်ပျက်ခဲ့ပြီးနောက် လူတွေက အငြိုးကြီးနေတဲ့ကောင်မလေးရဲ့ဝိညာဉ်ကို မကြာခဏတွေ့လာရတဲ့အခါမှာတော့…… တကယ်ကိုကြည့်ရတာ အဆင်ပြေတဲ့ သရဲကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ထပ်ပြီးတိုက်တွန်းလိုက်ရပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Translator : Thet Hnin Hsu Encoder : Thit San Khant Quality :720p Size : 846MB
movie
Si Manis Jembatan Ancol
2019