Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Inaamulhaq
6
Zara Hatke Zara Bachke (2023)
Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ်IMDb - 6.5/10ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ ...
movie
Zara Hatke Zara Bachke (2023)
2023
Pippa (2023)
Pippa (2023) "စစ်သည်တော် ပစ်ပ်ပါ"Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။"စစ်သည်တော် ပစ်ပ်ပါ"ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ "ပစ်ပ်ပါ"ဆိုတဲ့ အိန္ဒိယရဲ့ ကုန်းရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆိုပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့...တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ ...
movie
Pippa (2023)
2023
7.9
Mere Desh Ki Dharti (2022)
Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie
Mere Desh Ki Dharti (2022)
2022
2.9
Pagalpanti (2019)
(Unicode)၂၀၁၉ ခုနှစ်ထွက် John Abraham ရဲ့ ဟာသစစ်စစ် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရာ့ချ်ကီရှော၊ဂျန်ကီ၊ချန်ဒူးဆိုတဲ့ ဂြိုလ်ဆိုးစုန်းပြူး သုံးကောင်ပေါ့။ကံဆိုးတာကတော့ ရာ့ချ်ကီရှောရဲ့ ဇာတာပါ။ သူ အလုပ်လုပ်သမျှ အရှုံးပေါ်တယ်။ဘဏ်မှာ အလုပ်လုပ်ရင် ဘဏ်အရှုံးပေါ်တယ်။ အဲ့လို ကံဆိုးမှုက အရိပ်လို လိုက်ခံနေရတဲ့ ကောင်။ ပိုက်ဆံတွေ လိမ်ပြီး ကုန်ပို့လုပ်ငန်းတစ်ခုလုပ်ခဲ့ပါတယ်။သူတို့ ပထမဆုံးပို့ပေးရမှာက လန်ဒန်မြို့ရဲ့ အိန္ဒိယဂန်းစတား သမီးယောက်ဖနှစ်ရဲ့ သမီး မွေးနေ့အတွက်ပါ။မမျှော်လင့်ဘဲ သွားပို့တဲ့ ပစ္စည်းက ပျက်စီးသွားတဲ့အခါမှာ သူတို့ သုံးကောင်ဟာ အဲ့ဒီဂန်းစတားအိမ်မှာ အစေခံလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ဂြိုလ်ဆိုးသုံးကောင်နဲ့ ဂန်းစတား သူဌေးကြီးတို့ကြား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။သူဌေးကြီးရဲ့ သမီးအချောလေးနဲ့လည်း သံယောဇဉ်တွေ ဖြစ်လာရင်း ချစ်ကြိုက်မိလာတဲ့အခါ သူဌေးကြီး ဘာလုပ်မလဲ။သူတို့ သုံးယောက် ရှိနေတဲ့ အိမ်မို့ ...
movie
Pagalpanti (2019)
7.4
Manto (2018)
Manto (2018)IMDb - 7.4/10_____Rotten - 72% "သူငယ်ချင်းရာ ဒီလိုခေတ်ကာလကြီးမှာ တခြားအခြေနေတွေပေါ် ဦးတည်ပြီး စာရေးပါလားဘာဖြစ်လို့ ပြည့်တန်ဆာတွေအတွက် တွေးပူနေရတာလဲ""ဘာလဲ အဲ့ဒိပြည်တန့်ဆာတွေက ငါတို့လူ့မှုပတ်ဝန်းကျင်ရဲ့ တစိတ်တဒေသမဟုတ်လို့လားသူတို့ဆီသွားနေကြတဲ့သူတွေက ဘုရားတရားသွားလုပ်တာလားသွားဖို့လာဖို့ကျတော့ လွပ်လွပ်လပ်လပ် သွားလာကြပြီး ရေးဖို့ကြတော့ လွပ်လွပ်လပ်လပ်ရေးခွင့်မရှိဘူးလား"တရားရုံးကို အိမ်ဦးနဲ့ကြမ်းပြင်သွားလာနေရလို့ သူငယ်ချင်းဖြစ်သူ တားသော်လည်း မန်တိုတစ်ယောက် လက်မခံချေမန်တိုဟာ နာမည်ရစာရေးဆရာ တစ်ယောက်ပါအထူးသဖြင့် ပြည်တန်ဆာတွေရဲ့ ဘဝနာမှုတွေ၊ ဒုက္ခတွေကို အသားပေးရေးဖွဲ့လေ့ရှိပြီးမဖွယ်မရာရေးသားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အကြိမ်ကြိမ် အမှုတွေလည်း ရင်ဆိုင်နေရပါတယ်ဒါပေမဲ့ မန်တိုကတော့ သူ့ယုံကြည်ချက်ကို မပြင်ဘဲ ရှေ့ပဲဆက်တိုးခဲ့ပါတယ်မူစ်လင်(မ်)တစ်ယောက် ဖြစ်သော်ငြားလည်း ဘာသာပေါင်းစုံမိတ်ဆွေတွေရှိပြီး နယ်ပယ်အစုံမှာ အောင်မြင် အဆင်ပြေနေသူတစ်ယောက်အိန္ဒိယနိုင်ငံကြီး လွပ်လပ်ရေးမရခင် အဆင်ပြေခဲ့သမျှဟာ လွပ်လပ်ရေးရပြီးနောက် အားလုံးပျက်သုန်းသွားခဲ့ပါတယ်အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံကွဲထွက်သွားပြီး အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ မန်တို ပါကစ္စတန်ကို ရွှေ့ပြောင်းခဲ့ရပါတယ်ဒီဇာတ်ကားဟာ နာမည်ကျော် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ဆာဒတ် ဟဆန် မန်တိုရဲ့ ...
movie
Manto (2018)
2018
6.9
Agneepath
IMDb Rating (7/10) ထိရရှိထားတဲ့ Action, Crime, Drama အမျိုးအစား Bollywood ဇာတ်ကားဖြစ်ပါတယ်။ ထူးဆန်းတာက Rotten Tomatoes မှာ (100%) Rating ပေးထားတာတွေ့ရပါတယ်။ Hrithik Roshan (လက်ပွားမင်းသား) နဲ့ မင်းသားကြီး Sanjay Dutt တို့အဓိကအားပြိုင်ထားပါတယ်။ မင်းသမီးတွေကလဲ တကယ့်ဒိတ်ဒိတ်ကြဲ မင်းသမီးတွေဖြစ်တဲ့ Priyanka Chopra နဲ့ Katrina Kaif တို့ တပြိုင်တည်းပါဝင်ထားပါတယ်။ မင်းသား ၊ မင်းသမီး ၊ Rating တွေမြင်တာနဲ့တင် ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။File size...(1.2GB) Quality...DVD-Rip 720p Format...mp4 Duration....02:54:16 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
Agneepath
8.0
Airlift (2016)
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker အစမ်းကြည့်ရန်
movie
Airlift (2016)