Channel Myanmar

Igi Boy Flores

GG: Good Game (2024) 5.7
GG: Good Game (2024)  ဂိမ်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဖိလစ်ပိုင် ဂိမ်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆသ်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူက စွန့်ပစ်သွားခဲ့လို့ အဘွားဖြစ်သူနဲ့ပဲ အတူတူနေထိုင်ရင်း ကြီးပြင်းလာခဲ့ရသူလေးတစ်ယောက်ပါ။ စာဘက်မှာ မထူးချွန်ပေမယ့် ဂိမ်းဘက်မှာ ပိုအားသာပြီး ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ ဆသ် တက္ကသိုလ်တက်နေတဲ့အရွယ်မှာပဲ အဘွားဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆသ်ဟာ ဂိမ်းဘက်ကိုပဲအားသာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ယောက်ဖြစ်ချင်နေသူဖြစ်တဲ့အလျောက် Requiem National ဖိုင်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရယူချင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ Tokwa't Bad Boisဆိုတဲ့ အဖွဲ့ကို ဝင်ရောက်ပြီးတော့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရမလဲ ...... အခက်အခဲတွေကို ဖြတ်ကျော်ပြီး အောင်မြင်မှုတွေကို ဘယ်လိုအရယူသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဂိမ်းဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.9 GB)/(1 ...
movie

GG: Good Game (2024)

She’s Dating the Gangster (2014) 7.0
She’s Dating the Gangster (2014) She is Dating the Gangster IMDb 7/10 Romance and Drama"ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ" လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She's Dating the Gangster ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့... မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42  မှာဝင်ကြည့်ပါ။720p HD ကို ...
movie

She’s Dating the Gangster (2014)

Love at First Stream (2021) 7.9
Love at First Stream (2021) Love at First Stream (2021)IMDb 7.9/10ကျွန်တော်တို့ အခုလက်ရှိမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ pandemic ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေ ဖြစ်ခဲ့ ဖြစ်နေဆဲ ဖြစ်ပေမယ့် ဒီကာလမှာ အရင်ကထက် ပိုလို့ အသုံးကျယ်ပြန့်လာတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အင်တာနက်ပါပဲ။ရောဂါတွေကြောင့် homestay ကာလမှာ အင်တာနက်ကတစ်ဆင့် စာသင်တယ်၊ အင်တာနက်ကတစ်ဆင့် စီးပွားရှာတယ်၊ အင်တာနက်ကနေ ဆက်သွယ်ကြတယ်။ အင်တာနက်ဟာ အရာရာဖြစ်လာပါတယ်။လူငယ်တွေလည်း ဒီအင်တာနက်ကို အသုံးချပြီး ဘ၀တက်လမ်းတွေရှာကြ၊ ဝါသနာပါရာ အလုပ်တွေကို လုပ်လာကြပါတယ်။ဒီလိုပဲ ဗီလ်မာဆိုတဲ့ Vlogger ရူးမလေးကလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် V-logဆိုတဲ့ channel လေးတစ်ခုထောင်ရင်း ရှိစုမဲ့စု fan လေးတွေနဲ့ pandemic ကာလမှာ သူ ဝါသနာပါရာကို ရှေးရှူနေသူပေါ့။ တစ်နေ့တစ်နေ့ လူစိတ်၀င်စားမယ့် ...
movie

Love at First Stream (2021)

2022