Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Iedil Putra
5.8
Borderless Fog (2024)
"Borderless Fog" ရုပ်ရှင်ဟာ ဒါရိုက်တာ Edwinရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာစီးဝင်နေတာပါ။စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကိုနက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကိုခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက်ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard ...
movie
Borderless Fog (2024)
7.4
Kajiman: Iblis Terkejam Penagih Janji (2023)
Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie
Kajiman: Iblis Terkejam Penagih Janji (2023)
2023
6.8
Malbatt: Misi Bakara (2023)
ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre...Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La
movie
Malbatt: Misi Bakara (2023)
The Assistant (2022)
ဒီနေ့မှာတော့ ရှင်းရှင်းလေးနဲ့လှည့်သွားတဲ့ ဖိုက်တင်ခန်းများများနဲ့ မလေးရှားအက်ရှင်ဇာတ်ကားလေးမိတ်ဆက်ပေးမှာဖြစ်ပါတယ်သူများချောက်ချတာခံရလို့ ဆယ်နှစ်ကြာ အပြစ်မရှိပဲထောင်ထဲနေလိုက်ရတဲ့ ဇဖစ်၊ အထဲရောက်ပြီး နှစ်နှစ်အကြာမှာတော့ အပြင်မှာကျန်ခဲ့တဲ့ မိန်းမနဲ့သားက တရားခံမပေါ်ပဲအသတ်ခံလိုက်ရတာသိသွားလိုက်ချိန်မှာ ကမ္ဘာပျက်မတက်…. ။နောက်ထပ်ရှစ်နှစ်ကျော်ကြာ၊ ရက်တွေပြည့်တဲ့အထိနေရင်း အိမ်ကိုပြန်ရောက်တဲ့တနေ့ကျ ဖယ်ရို့စ်နဲ့ မထင်မှတ်ပဲဆုံမိရာကနေအတွဲညီပြီး မိသားစုကို သတ်သွားတဲ့ တရားခံရှာပုံတော်စဖွင့်ပါတယ်။ ရှာတုန်းဖွေတုန်းမှာပဲ ဇဖစ်တို့ သူတို့ကိုယ်တိုင်မသိလိုက်ခင် မြို့ရဲ့ အကြမ်းဆုံးလူမိုက်ဂိုဏ်းနဲ့ သွားပတ်သတ်မိချိန်မှာတော့….ဘာဆက်ဖြစ်မလဲဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးလို့....... File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
The Assistant (2022)
7.8
Miracle in Cell No. 7 (2022)
Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie
Miracle in Cell No. 7 (2022)
2022
6.2
The Assistant (2022)
The Assistant (2022)အသစ်ထွက်ထားတဲ့ Action /Thriller ကားလေးပါ။ဇာတ်လမ်းက Zafil တစ်ယောက် ထောင်က လွတ်လာရာက စပါတယ်။ သူက အမှုတခုနဲ့ ထောင်၁၀နှစ်ကျခဲ့တာပါ။ထောင်ထွက်ထွက်ချင်းမှာပဲ သူ အရင်နေခဲ့တဲ့ အိမ်ကို သွားပါတယ်။ ဝမ်းနည်းစရာက သူထောင်ကျနေတုန်းမှာ သူ့ရဲ့ မိန်းမနဲ့ သားလေးက အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ လူတစ်ယောက်နဲ့တွေ့ပြီး သူ့မိန်းမနဲ့ကလေး အတွက် ကလဲ့စားချေဖို့လမ်းစရသွားပါတယ်။Zafil ရဲ့ မိန်းမနဲ့ကလေးကို ဘယ်သူက သတ်တာလဲ? နောက်ကွယ်မှာ ဘယ်သူတွေပါနေမလဲ? သူ့ရဲ့ ကလဲ့စားချေမဲ့ ခရီးစဉ်ကြီးကကော ဘယ်လိုဆက်ဖြစ်မလဲ? ဆိုတာတော့ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 1.9GB, 820MB, 412MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr ...
movie
The Assistant (2022)
2022
7.4
Crossroads: One Two Jaga (2018)
မှုခင်းကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက်၂၀၁၈ ခုနှစ်ထွက် One Two Jaga ဆိုတဲ့ မလေးရှား ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်IMDb 6.7/10 ရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားထဲမှာ မလေးရှားနိုင်ငံက တရားမဝင်ပြောင်းရွေ့နေထိုင်သူတွေရဲ့ ဘဝကိုရိုက်ပြထားပြီး မလေးရဲတွေရဲ့ လာဘ်စားပုံတွေကိုလည်း ရိုက်ပြထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အင်ဒိုနီးရှားကလာရောက်အလုပ်လုပ်တဲ့ကလေးတစ်ယောက်ဖခင်လည်းဖြစ်တဲ့ အလုပ်သမားတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်နေရင်းကနေ သူ့လိုပဲ အင်ဒိုကနေ လာရောက်အလုပ်လုပ်တဲ့ သူ့ညီမဟာ အလုပ်ခွင်မှာ ပြဿနာဖြစ်ပြီးအင််ဒိုနီးရှားကိုပြန်ဖို့ သူ့ဆိီကို အကူအညီလာတောင်းပါတော့တယ်…။သူှုညီမရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံးဟာ အလုပ်ရှင်ဆီမှာကျန်ခဲ့တဲ့အတွက်လေလောဆယ်တရားမဝင်နေထိုင်သူလိုဖြစ်နေတဲ့အတွက်ကြောင့် သူ့ကို အင်ဒိုပြန်ပို့ဖို့ ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲပရိသတ်ကြီးကို်ယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1h 25min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle ...
movie
Crossroads: One Two Jaga (2018)
2018