Channel Myanmar

Idris Elba

Prometheus (2012) 7.0
Prometheus (2012)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Prometheus (2012)

2012
Buffalo Soldiers (2001) 6.7
Buffalo Soldiers (2001)  ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ ‌အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Buffalo Soldiers (2001)

No Good Deed (2014) 5.8
No Good Deed (2014)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ No Good Deed ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Sam Millerကရိုက်ကူးပုံဖော်ထားပြီး rating 5.6/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ ကော်လင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားIdris Elba ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပြီး မင်းသမီး Taraji Henson ကအကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးရရှိထားပါတယ်...ဇာတ်လမ်းအစမှာလူသတ်မှုနဲ့ ထောင်ငါးနှစ်ကျနေတဲ့ကော်လင်းဆိုတဲ့လူသတ်သမားတစ်ယောက် အယူခံဝင်ဖို့တရားရုံးကို သွားနေပုံနဲ့စတင်ထားပါတယ် ဒီဇာတ်ကားကလူ့လောကမှာအိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ နောက်ဆုံးမှာဘယ်လို အဆုံးသတ် သွားမလဲဆိုတာကို ထောက်ပြထားပါတယ်ဒီလိုနဲ့ကော်လင်းတစ်ယောက် အယူခံဝင်တာမအောင်မြင်တဲ့အဆုံးထောင်ကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ် အဲ့ဒီနောက် လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ချစ်သူကောင်မလေးဆီကို အရောက်ပြန်ပါတော့တယ်အချစ်ကြီးတဲ့ကောလင်းတစ်ယောက် မိမိချစ်လှပါတယ်ဆိုတဲ့ကောင်မလေးက မိမိထောင်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို သိလိုက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ကော်လင်းတစ်ယောက် ဒီအဖြစ်မှန်ကိုရင်ဆိုင်နိုင်ပါ့မလားကောလင်းတစ်ယောက်ဘယ်လိုမျိုးတွေဂလဲ့စားချေဖို့ ကြိုးစားမလဲ..တစ်ဖက်မှာလည်း တယ်ရီဆိုတဲ့ ကလေးနှစ်ယောက်နဲ့နပန်းလုံးနေရတဲ့ အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက်ကမိမိယောကျ်ားရဲ့အရေးမထားမှုတွေ ဂရုမစိုက်မှုတွေကိုခါးစီးခံနေရပါတယ် ဒီလိုနဲ့ တစ်နေ့မှာတယ်ရီရဲ့အမျိုးသားဂျက်ဖ်ရီက သူ့အဖေမွေးနေ့မလို့ ဂေါက်ရိုက်သွားမယ်ဆိုပြီးပြောကာ အထုပ်အပိုးတွေနဲ့ မိုးထဲရေထဲကိုထွက်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကော်လင်းတစ်ယောက်ကားပျက်ပြီး တယ်ရီတို့အိမ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်ကြမလဲ...ကော်လင်းကရော ...
movie

No Good Deed (2014)

The Reaping (2007) 5.8
The Reaping (2007)  တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချောHilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elbaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီးIMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက်ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီးအံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကိုသိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကိုပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်းဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလိုဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက်အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်းကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူးချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲလာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေနတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 39m Genre ….. Horror  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Reaping (2007)

100 Streets (2016) 5.8
100 Streets (2016)  မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်းဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်းတဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကိုပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရောနှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေးပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်းအဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန်ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရောသားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခုကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက်ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေအကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက်နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

100 Streets (2016)

28 Weeks Later (2007)
28 Weeks Later (2007)  Zombie ကားလိုမျိုး တစ်တိုင်းပြည်လုံးဗိုင်းရပ်စ်ကူးစက်ခံရလို့ပြေးရတဲ့ Survival ကားမျိုးကြိုက်သူတွေအတွက် 2007ခုနစ်ခုနှစ်ကထွက်ရှိထားတဲ့ 28 weeks later ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့အင်္ဂလန်နိုင်ငံမှာ ကုသလို့မရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ် ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ် လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲ့ကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ်တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတို့အဖေပဲပါလာပြီး သူတို့အမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ် သူတို့နှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို့ လုံခြုံတယ်လို့သတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတို့အရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ........ File size…(3.5 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

28 Weeks Later (2007)

The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Obsessed (2009)
Obsessed (2009) ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Obsessed (2009)

Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Extraction 2 (2023) 8.2
Extraction 2 (2023) Extraction 2 (2023)Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်....ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Extraction 2 (2023)

2023
4K HEVC
Ghost Rider: Spirit of Vengeance (2011) 4.3
Ghost Rider: Spirit of Vengeance (2011) Ghost Rider :Spirit of Vengeance 2011ဒီဇာတ်ကားကတော့ 2007 က ထွက်ရှိခဲ့တဲ့ Ghost Rider Origin Story ရဲ့ အဆက်ဖြစ်ပါတယ်။Ghost Rider 1 Elements တွေနဲ့ တိုက်ပွဲအပြီးမှာ identity ပေါ်သွားတဲ့ Jhonny Blaze ဟာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ ဘဝကို ချန်ထားခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ပေါင်းများစွာ လေလွင့်သွားလာနေခဲ့ပါတယ်။အဲ့လိုသွားလာရင်းနဲ့ သူ့ကိုယ်ထဲက နတ်ဆိုးကျိန်စာကို ဖြေနိုင်ဖို့ နည်းလမ်းတွေလည်းရှာဖွေခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ဆီကို မော်ရူဆိုတဲ့ အရက်သမားဘုန်းတော်ကြီးတစ်ပါး ရောက်ချလာပါတယ်။ပြီးတော့ ကလေးတစ်ယောက်ကို ကယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။အလဲအလှယ်အနေနဲ့ သူ့ကိုယ်ထဲက ကျိန်စာကို ဖြေပေးမယ်လို့လဲ ဆိုပါတယ်။အဲ့ကလေးကလည်း တခြားသူမဟုတ်ပါဘူး။သူနဲ့ စာချုပ်ချုပ်ပြီး သူ့ကို လှည့်စားသွားတဲ့ နတ်ဆိုးရဲ့သားပါ။ဖြစ်ချင်တော့ အဲ့ကလေးဟာလည်း သူ့လို အပေးအယူတစ်ခုကြောင့် သဘာဝလွန် မွေးဖွားလာတာဖြစ်ပြီး နတ်ဆိုးရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဒီကားမှာတော့ Jhonny ...
movie

Ghost Rider: Spirit of Vengeance (2011)

1080p HEVC
Luther: The Fallen Sun (2023) 6.6
Luther: The Fallen Sun (2023) Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။  Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ Luther ...
movie

Luther: The Fallen Sun (2023)

2023
RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

The Boy, the Mole, the Fox and the Horse (2022) 8.0
The Boy, the Mole, the Fox and the Horse (2022) The Boy, the Mole, the Fox and the Horse (2022) ================================== IMDb Rating - 8.0/10ကြာချိန် ၃၄မိနစ်သာရှိတဲ့ Animation ဇာတ်လမ်းတိုလေးတစ်ပုဒ် ဖြစ်ပါတယ်။ လမ်းပျောက်နေတဲ့ကောင်လေးတစ်ယောက်ရယ်၊ ကိတ် မုန့်ကြိုက်တဲ့ပွေးတစ်ကောင်ရယ်၊ စကားနည်းတဲ့မြေခွေးတစ်ကောင် ရယ်၊ ဆွတ်ဆွတ်ဖြူတဲ့မြင်းတစ်ကောင်ရယ်။ဒီ Animation လေးထဲမှာ ကောင်လေးဟာ လမ်းပျောက်နေတယ်။ ဒီလိုနဲ့ပွေးတစ်ကောင်နဲ့ဆုံတယ်။ မြေခွေးတို့ မြင်းတို့နဲ့ ထပ်ဆုံပြီး ကောင် လေးလိုချင်တဲ့အိမ်ကို လိုက်ရှာပေးကြတယ်။ ဇာတ်လမ်းလေးကဒါပါပဲ။ သို့သော်........။ "မင်းပြောဖူးသမျှထဲ အရဲရင့်ဆုံးစကားကဘာလဲ"၊ "ကူညီပါ"။ တစ်ယောက်တည်း မလုပ်နိုင်တာတွေ ကြုံရတဲ့အခါ အကူအညီတောင်းပါ။ အကူအညီတောင်းတာက အရှုံးပေးတာမဟုတ်ပါဘူး။ ရှက်တာလိုလိုနဲ့ မာန ခံပြီး ပေတေနေမှသာ တကယ်ရှုံးသွားမှာပါ။လူတိုင်းလမ်းပျောက်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်လို့ပျောက် နေမှန်း သိရင်ခင်ဗျားတော်တယ်။ တစ်ချို့ လမ်းပျောက်တာကျ အပျင်းကြီးပြီး ထိုင်နေလို့ လမ်းပျောက်တာမဟုတ်ဘူး။ ရှေ့ဆက်သွားနေလို့၊ မရပ်တန့်ဘဲ ဆက် ကြိုးစားနေလို့သာ လမ်းပျောက်တာ။ဇာတ်ကောင်အားလုံးပေါင်းမှ ၄ကောင်တည်း။ ကြာချိန်ကလည်းနာရီဝက်သာ သာတည်း။ ဒါပေမယ့် တဒင်္ဂနစ်မျောသွားစေမယ့် မျက်လုံးအေးစေမယ့် ဇာတ် လမ်းလေး။ ကြည့်ပြီးသွားရင် တွေးစရာတစ်ခုခု၊ ...
movie

The Boy, the Mole, the Fox and the Horse (2022)

2022
Beast (2022) 5.9
Beast (2022) Beast (2022)Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ...အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ ...
movie

Beast (2022)

2022
4K HEVC
Three Thousand Years of Longing (2022) 6.9
Three Thousand Years of Longing (2022) Three Thousand Years of Longing (2022)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy ...
movie

Three Thousand Years of Longing (2022)

2022
Thor: Love and Thunder (2022) 7
Thor: Love and Thunder (2022) ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie

Thor: Love and Thunder (2022)

4K HEVC
Thor: Ragnarok (2017) MCU 8.1
Thor: Ragnarok (2017) MCU Thor: Ragnarok (2017)IMDb Raing (8.0)Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို ...
movie

Thor: Ragnarok (2017) MCU

2017
4K HEVC IMAXHDR
Thor: The Dark World (2013) MCU 7.0
Thor: The Dark World (2013) MCU Thor: The Dark World (2013)IMDb Rating (6.8)ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက ...
movie

Thor: The Dark World (2013) MCU

2013
4K HEVCHDR