Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hyun Bong-sik
7.0
The Roundup: Punishment (2024)
အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ....ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်...အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်...ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်... File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff
movie
The Roundup: Punishment (2024)
The Plot (2024)
The Plot (2024)****************အကွက်ကျကျ လူသတ်တဲ့ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Kang Dong Won , Lee Jong Suk, Lee Mi Suk,Lee Moo Saeng တို့လို မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားတဲ့The Plot ဆိုတဲ့ ရုပ်ရှင်က ကွက်တိဖြစ်မှာ အသေချာပါပဲ...ဇာတ်လမ်းအညွှန်း-ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်.....သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုးထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး...ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်...ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊စသည့် မတော်တဆမှုပေါင်းများစွာပေါ့...ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး...အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလိုအလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာသူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်...ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့....မှုခင်းကားကိုမှ ခေါင်းစားရပြီး ...
movie
The Plot (2024)
8.1
The Preparation (2017)
The Preparation (2017) အညွှန်းပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး " ငါသေရင် " ၊ " ငါသာသေသွားခဲ့ရင် " ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စတွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ ...IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon ...
movie
The Preparation (2017)
2017
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
4
Honeysweet (2023)
Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Honeysweet (2023)
2023
6.3
Snatch Up (2018)
IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size… 1.79 GB / 890 MB Quality… WEB Rip 1080p / 720p Format… ...
movie
Snatch Up (2018)
2018
7.6
Soulmate (2023)
Soulmate (2023)“အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ”အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့ မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကို ဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးOur Beloved Summer ထဲက Kim Dami, Our Blooming Youth ထဲက Jeon SoNee နဲ့ 20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p ...
movie
Soulmate (2023)
2023
7.1
Emergency Declaration (2022)
Emergency Declaration (2022)အညွှန်း*******************************************ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်...Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်...အဲ့ဒီ လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာတော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်လာတော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအနေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို ...
movie
Emergency Declaration (2022)
2022
7
Three Sisters (2021)
Three Sisters (2021)IMDb - 7/10 MDL Stars - 7.5/10Buil Film Awards - Best Supporting Actress ( Kim Sun Young ) Baek Sang Art Awards - Best Supporting Actress ( Kim Sun Young )ဆုနှစ်ဆု အပိုင်သိမ်းခဲ့ပြီးတော့ တစ်ကြိုစာရင်း ၉ ကြိမ်ဝင်ခဲ့တဲ့ ကိုရီးယား ဒရာမာ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ညီအစ်မ ၃ ယောက်ဆိုတဲ့ နာမည်အတိုင်း ညီအစ်မ ၃ ယောက်ရဲ့ဇာတ်လမ်းပါပဲ။ကျေးလက်မှာ မွေးဖွားပြီး မြို့ပြမှာ ကြီးပြင်းခဲ့တဲ့ ညီအစ်မ ၃ ယောက် ကိုယ့်အကြောင်းကိစ္စတွေနဲ့ မဆုံဖြစ်၊ မဆုံနိုင်ကြတာ တစ်နေ့မှာတော့ အဖေ့မွေးနေ့မှာ ဆုံဖြစ်ကြတဲ့အခါမှာတော့ .....ဇာတ်လမ်းတင်ပြပုံက ရိုးရှင်းသလောက် ဒရာမာ ပီသလောက်အောင် တင်ပြပုံက တော်တော်ကောင်းပါတယ်။ ရုပ်ရှင်ဆုရကားရယ်လို့ မပြောရပါဘူး။မင်းသမီးကြီးတွေကလည်း ...
movie
Three Sisters (2021)
6.6
Night in Paradise (2021)
Night in paradise (2020)အက်ရှင်ကားဆို "အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်" ဆိုတဲ့ဘဒိုတွေအတွက် ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီး သရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။ သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကို တစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။ အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲ ဒဏ်ရာအပြင်းအထန်ရပြီး ...
movie
Night in Paradise (2021)
2021
5.8
Idol ( 2019 )
Zawgyi*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Unicode*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Translated & Reviewed By MineEncoded By LK
movie
Idol ( 2019 )
2019