Channel Myanmar

Hwang Woo-seul-hye

Virgin Theory (2014)
Virgin Theory (2014) Virgin Theory (2014) ********************Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း --------------ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ်တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်‌ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ ...
movie

Virgin Theory (2014)

Lovers Vanished(2010) 6.7
Lovers Vanished(2010) Lovers Vanished(2010)*********************" AIDS ဖြစ်နေတဲ့ထောင်သားတွေကိုဆို ချက်ချင်းလွှတ်ပေးတယ် " ဆိုတာကတော့ ထောင်ထဲမှာကြားနေရတဲ့ကောလဟာလတစ်ခု...... အပြစ်မဲ့လျက်နဲ့ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျတာကိုမခံမရပ်နိုင်ဖြစ်နေတဲ့ ထွက်ပြေးဝိဇ္ဇာLim Su-In အတွက်တော့ ဒီသတင်းက ထောင်ထွက်လက်မှတ်တစ်ခုလိုပါပဲ။ HIV ပိုးရှိလို့တစ်ထောင်လုံးကရှောင်ဖယ်ဖယ်လုပ်တာခံရတဲ့ Byung Sang ကတော့ နယ်မျက်လှည့်ဆရာတစ်ဦးဖြစ်ပြီးထောင်ကျရတဲ့အကြောင်းက ချစ်သူကောင်မလေးရဲ့အပြစ်ကို အစားဝင်ခံပေးတာမို့လို့Su-In နဲ့ သူမသာကိုယ်မသာပဲဖြစ်ပါတယ်။ ပိုးကူးခံရရင် ထောင်ကထွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Su- In တစ်ယောက်ကတော့Byung Sang ကိုအရောစဝင်ပြီး နောက်ဆုံးမှာ ပိုးကူးခါမှပဲ ကြားထားတဲ့သတင်းကဂျင်းကြီးမှန်းသိလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း လက်မလျှော့သေးဘဲ နောက်တစ်နည်းထပ်ကြိုးစားနေတုန်းမှာByung Sang ဘက်ကနေ အကူအညီတစ်ခုတောင်းလာခဲ့ပါတော့တယ်။" မင်းထွက်နိုင်ခဲ့ရင် Mia ဆိုတဲ့ကောင်မလေးကိုသွားကြည့်ပေးပါလား " .အဲ့ဒီနောက်မှာတော့.....File Size :(3.1GB)(870 MB) and (408MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Romance , Drama Subtitle : ...
movie

Lovers Vanished(2010)

Searching for the Elephant (2009) 5.5
Searching for the Elephant (2009) Searching for the Elephant (2009)IMDb 5.5/10================================ဇာတ်ကားနာမည်က "ဆင်ရှာပုံတော်ထွက်ခြင်း"တဲ့။ ဒါပေမဲ့ "ဆင်" အကြောင်းတော့မဟုတ်ပါဘူး။ "လူ" အကြောင်းမှ လူအကြောင်း စစ်စစ်ကို ရေမရောဘဲ ရိုက်ပြထားတာပါ။သေချာတာကတော့ ဒီကားက လူတိုင်းအတွက် မဟုတ်ပါဘူး။ဘယ်လိုလူတွေ အတွက်လဲဆိုတော့ လက်ရှိဘဝကို စိတ်ပျက်လာတဲ့အခါ.... ဘဝထဲက လူတွေအကြောင်း သိလာပြီး သူတို့မျက်နှာဖုံးတွေကို မြင်လာတဲ့အခါ....လွယ်လွယ်ပြောရရင် Dark mood ဝင်လာတဲ့အခါမှ မြိန့်မြိန့်ကြီး ထိုင်ကြည့်ပြီး ရိသဲ့သဲ့ စိတ်နာနာပြုံးမိမယ့် လူ့သဘာဝ dark side ကိုရိုက်ပြထားတဲ့ကားပါ။ဒီကားမှာ ဇာတ်သိမ်းကို ပြူးပြဲလိုက်ရှာလို့ မရသလို Plot ကိုနားလည်အောင် အတင်းချိတ်နေလို့လည်း မရပါဘူး။ဇာတ်ကားကို ဒါရိုက်တာ ခေါ်ဆောင်သွားတဲ့အတိုင်းလေး အလိုက်သင့်စီးမြောပြီး တစ်ခန်းချင်း ကြည့်သွားရုံပါပဲ။အဆုံးသတ်ကြရင် လူဆိုတာ ဒီလိုပါပဲဆိုပြီး သံဝေဂရစေမယ့် ဇာတ်ကားပါပဲ။ရုပ်ရှင်ဝေဖန်သူတွေက ဒီကားကို plot twist တွေများပြီး ခန့်မှန်းရခက်တယ်လို့ ဝေဖန်ထားကြပေမယ့်လူ့လောကကြီးကိုက Plot twist တွေပဲ မဟုတ်လားဗျာ [Plot ...
movie

Searching for the Elephant (2009)

White: The Melody of the Curse (2011) 6.0
White: The Melody of the Curse (2011) White: The Melody of the Curse (2011) IMDb - 6.0/10_____Rotten - 52%    ဒီတစ်ခါမိတ်ဆက်ပေးမယ့် ခြောက်ခြားစရာဇာတ်လမ်းလေးကတော့ Kpop မိန်းကလေးအဖွဲ့လေးတစ်ခုရဲ့  သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်ရင်းကနေ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းပျက်ဖွယ်ရာ ထိတ်လန့်ကြောက်စရာ ဖြစ်ရပ်များကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... သရဲ တစ္ဆေဆိုတာကို လူတိုင်းယုံကြည်ကြပါတယ်... ဒါပေမယ့် မယုံတဲ့လူတွေလည်းရှိပါတယ်... တချို့သေသွားတဲ့ လူတွေက အမျှလိုချင်လို့ ခြောက်လန့်ကြတယ်... တချို့ကျတော့လည်း နေရာလိုချင်လို့ ခြောက်လန့်ကြတယ်... အသိပေးကြတယ်... ဘယ်လိုပဲဖြစ်နေပါစေ ခြောက်တာကခြောက်တာပဲမဟုတ်ဘူးလား... ဒီဇာတ်လမ်းလေးထဲမှာတော့ အဲလိုမဟုတ်ပါဘူး.. သီချင်းလေးတစ်ခုကို စွဲလမ်းရင်းကနေ အဲသီချင်းလေးထဲမှာပဲ စိတ်ကရှိနေတာကြောင့် ဒီသီချင်းကိုဆိုတဲ့ လူမှန်သမျှဟာ အသေဆိုးနဲ့သေကြတာပါပဲ... ဘာလို့လဲဆိုတော့ အဲသီချင်းလေးထဲမှာရှိနေတဲ့ ကောင်မလေးဟာလည်း သနားစရာ ဇာတ်သိမ်းနဲ့ မတရားခံရပြီး အဆုံးသတ်သွားရလို့ပါ.. သူဟာ သူ့သီချင်းကိုပြီးအောင်မဆိုသွားခဲ့ရပဲ သေဆုံးသွားခဲ့ရတယ်.. ဘယ်လိုတွေသေဆုံးရတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေသွားရလောက်တဲ့အထိ ဝေဒနာတွေခံစားသွားရလို့ပါ...    သူမဆိုခဲ့ရတဲ့ သီချင်းကို နောက်လူတွေဆိုတဲ့အခါမှာ အဖြစ်ဆိုးတွေကြံလာကြတော့တာပါပဲ... အဲဒီအချိန်မှာမအောင်မြင်သေးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့လေးက ဒီသီချင်းလေးကိုတွေ့ရှိပြီး ဆိုလိုက်ကြပါတယ်.. ဒီသီချင်းကြောင့်လည်းအရမ်းကိုအောင်မြင်လာကြပါတယ်... ဒါပေမယ့် သူတို့မသိလိုက်တာတစ်ခုကတော့ ဒီသီချင်းဆိုပြီးနောက်ပိုင်းမှာ သူတို့တွေ ရင်ဆိုင်ရမယ့် အဖြစ်ဆိုးကြီးတွေကိုပါပဲ... တချို့သောလူတွေက အစွဲလမ်းအရမ်းကြီးကြပါတယ်.. ဒီအစွဲလမ်းကြောင့်ပဲ သေသွားတဲ့အခါ သူတို့ကိုယ်တိုင်ဒုက္ခများစွာကို ခံစားရပါတယ်.. ဒီကားလေးမှာကတော့ အစွဲလမ်းကြီးတဲ့ တစ္ဆေကောင်မလေးတစ်ယောက်ကြောင့် လူသားအဆိုတော်မိန်းကလေး လေးယောက်ရဲ့ ကြောက်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို တစ်ကားလုံးမွန်းမွန်းကြပ်ကြပ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်... Rating 6 ရရှိထားပါတယ်... Horror ကားကြိုက်တဲ့လူတွေအဖို့ကတော့ တကယ်ကိုကောင်းတဲ့ကားလေးဖြစ်ပါတယ်... ကြောက်စရာကောင်းလားလို့ မေးမယ်ဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်...    (ကြောက်တတ်တဲ့လူများတစ်ယောက်တည်းကြည့်ဖို့မသင့်တော်ပါဘူး...)    File Size : (770 MB) Quality : 720p HDRip Running Time : 1hr 46min Format ...
movie

White: The Melody of the Curse (2011)

2011