Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hwang Jung-min
Mission: Cross (2024)
Mission: Cross (2024)*********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကိုCM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ်အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကိုတစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကိုတိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီးဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင်တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ...
movie
Mission: Cross (2024)
7.0
Man in Love (2014)
Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie
Man in Love (2014)
7.4
The Wailing(2016)
The Wailing(2016)*****************Exhuma 2024 သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie
The Wailing(2016)
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
5.4
In My End Is My Beginning (2009)
In My End is My Beginning 18+ အညွှန်းအခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက် Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့ Castway Diva ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin) အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ ...
movie
In My End Is My Beginning (2009)
2009
6.5
[18+]Road Movie(2002)
[18+]Road Movie(2002)***********************ဒီနေ့မှာတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+ BL ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေအနေနဲ့ movie star တွေဖြစ်တဲ့ Hwang Jung-min နဲ့ Jung Chan တို့မင်းသားနှစ်ယောက်နဲ့ မင်းသမီး Seo Lin က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အတိတ်ကိုဖုံးကွယ်ထားပြီးတော့ လမ်းပေါ်မှာပဲ ရှင်သန်နေထိုင်တဲ့ဒယ်ရှစ်၊ သူက ခက်ထန်တဲ့ပုံပေါ်ပေမဲ့တစ်ခါတစ်လေမှာ ဝမ်းနည်းအထီးကျန်နေတဲ့ပုံလည်း ပေါ်ပါတယ်။ တစ်နေ့မှာတော့ ဒယ်ရှစ်က လမ်းပေါ်မှာ အရက်မူးပြီးလဲနေတဲ့ ဆော့ဝန်လို့ခေါ်တဲ့သူကို တွေ့ခဲ့တယ်။ အစက လှည့်ထွက်ဖို့လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူနေတဲ့နေရာကို ခေါ်လာခဲ့လိုက်ပါတယ်။ထပ်မချစ်တော့ဘူးလို့လုပ်ခဲ့ပေမဲ့ သူ့နှလုံးသားက ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ဆော့ဝန်က စီးပွားပျက်ပြီး မိန်းမရဲ့စွန့်ပစ်မှုကိုပါ ခံလိုက်ရလို့ စိတ်ဓာတ်ကျပြီး ကိုယ်ကိုယ့်ကိုယ်သတ်သေဖို့ အမြဲကြိုးစားနေတဲ့သူပါ။ဒယ်ရှစ်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ ငြီးငွေ့စရာကောင်းတဲ့ လူအဖွဲ့အစည်းကနေ ရုန်းထွက်ပြီးတော့ဒယ်ရှစ်နဲ့အတူ ခြေဦးထွက်ရာ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့... File Size :(3.6GB)& (1.4GB) Quality ...
movie
[18+]Road Movie(2002)
6.7
Private Eye(2009)
Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်းတွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အသေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie
Private Eye(2009)
7.3
Kill Boksoon(2023)
Kill Boksoon(2023)*****************Netflix က အသစ်ထပ်ထွက်လာတဲ့ ဒီ Action, Drama ရုပ်ရှင်ကတော့ လောလောဆယ်မှာRT 92% တောင်ရထားတာဖြစ်ပါတယ်...ဘို့ဆွန်းဆိုတဲ့ အမျိုးသမီးက နာမည်ကြီး ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တယ်..သူတို့လောက က တကယ်တော့ တရားဝင် ဟန်ပြကုမ္ပဏီထောင်ကြပြီး နောက်ကွယ်မှာတော့ကြေးစားလူသတ်သမားတွေမွေးထုတ်ပြီး ဒိတ်ဒိတ်ကျဲတွေကို အခကြေးငွေယူပြီးသတ်ပေးပါတယ်..ဒီလူတွေထဲမှာ ဘို့ဆွန်းကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီးအောင်မြင်မှု ၁ ရာခိုင်နှုန်းပဲရှိရင်တောင် ဖြစ်အောင်လုပ်နိုင်လို့ သူတို့လောကမှာတော့အားလုံးက ကြောက်ရွှံလေးစားကြပါတယ်.. ဘယ်အလုပ်မဆို အနားယူရမဲ့ အချိန်ကာလဆိုတာရှိကြတယ်မလား..ဘို့ဆွန်းမှာလည်း သမီးလေးတစ်ယောက်ရှိသလိုဒီလောက က အနားယူပြီး အေးဆေး သာမန်မိခင်တစ်ဦးအနေနဲ့ နေချိန်တန်ပြီလို့သူမ ယူဆလာတယ်.. ဒါ့ကြောင့် အနားယူဖို့ ပြင်ဆင်ခါ မှသူမ မမျှောလင့်ထားတဲ့အရာအားလုံးဖြစ်ပျက်ခဲ့သလိုဒီလောကကြီးထဲက အတော်ဆုံးဆိုသော ကြေးစားလူသတ်သမားတွေ သူမနောက်ကိုတစ်ပြုံကြီးလိုက်လာကြတဲ့အခါမှာတော့.....ကိုရီးယားရဲ့ အထင်ကရမင်းသမီးကြီး Jeon Do Yeon နဲ့ မင်းသားကြီး Sol Kyung Gu တို့အဓိက ပါဝင်ကြမ်းရမ်းထားကြပြီး Esom လေးကလည်း ဇပျင်းပျင်းနဲ့ဖိုက်တာ ...
movie
Kill Boksoon(2023)
6/8
The Point Men (2023)
The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie
The Point Men (2023)
2023
6.5
Shiri (1999)
Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 720p | 480p File size…2GB | ...
movie
Shiri (1999)
1999
My 11th Mother (2007)
My 11th Mother (2007)မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေလာရတဲ့သူတွေအတွက်တော့ မိဘကောင်းရှိတာ အဆန်းမဟုတ်ပေမယ့် ကံအကြောင်းမလှလို့ အမေဆုံးပြီး ကိုယ့်ကိုမချစ်တဲ့ အဖေနဲ့ ကြုံတွေ့ရတဲ့ကလေးအတွက်တော့ ဒါဟာ အင်မတန်ပြီးပြည့်စုံတဲ့ အိပ်မက်လေးတစ်ခု ဖြစ်နေတာပေါ့ဒီကားလေးမှာတော့ မိန်းမပျက်တွေကို ရောင်းစားတဲ့ဖခင်လက်ထဲမှာ ကြီးပြင်းလာရတဲ့ ဂျယ်ဆူလေးက မိခင်မေတ္တာဆာလောင်နေတဲ့ ကလေးတစ်ယောက်ပေါ့၊ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် ဟင်းချက်စားသောက်ရင်း နေလာခဲ့ရတယ်၊ အရင်က အဖေဖြစ်သူခေါ်လာတဲ့ မိန်းမတွေကို လွယ်လွယ်နဲ့အမေလို့ နှုတ်ကခေါ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကိုယ့်အပေါ် တကယ်ဂရုစိုက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ သံယောဇဥ်တွယ်ခဲ့ကြတယ်၊ မိခင်းရင်းသဖွယ် မေတ္တာတွေပေးလို့ ဂျယ်ဆူပျော်ရွှင်နေရင်းက ကံကြမ္မာက ရက်စက်လွန်းပါတယ်၊ အဲ့အမျိုးသမီးမှာ ကင်ဆာရောဂါဝေဒနာ ပြင်းထန်လာတဲ့အခါမှာတော့...အနှေးနဲ့အမြန် သေရမှာကို ကြိုသိလို့ ဂျယ်ဆူကို တတ်နိုင်သလောက် သင်ပြပေးရင်း နောက်ဆုံးမှာ ဘုရားက သူတို့သားအမိ ၂ယောက်ကို အတူတူနေခွင့်ပေးမလား၊ ဂျယ်ဆူတစ်ယောက်တည်း ဘဝကို အထီးကျန်ကျန် ဆက်လက်ဖြတ်သန်းရမလားဆိုတာကို ခုပဲ ကြည့်လို့ရပြီနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p ...
movie
My 11th Mother (2007)
6.2
[18+] A Good Lawyer’s Wife (2003)
A Good Lawyer's Wife (2003)~ IMDb rating - 6.2/10 ~(ဒီလိုကားတွေထုံးစံအတိုင်း လုံးဝအကြည်မလွယ်လို့ 720p ကိုပဲ အတတ်နိုင်ဆုံး ဖန်တီးပေးလိုက်ပါတယ်)ဒီကားကို 2010 မှာ The Housemaid နဲ့တစ်ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ ...
movie
[18+] A Good Lawyer’s Wife (2003)
2003
7.3
Hunt (2022)
Hunt (2022)(1080p ရပါပြီ)Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ...
movie
Hunt (2022)
2022
7.6
A Bittersweet Life (2005)
IMDb Rating (7.6) / Rotten Tomatoes (100%)မင်းသားကြီးလီဗျောင်ဟွန်း (Lee Byung-hun) အဓိကပါဝင်ပွဲကြမ်းထားပြီး မင်းသမီးကတော့ Shin Min-ah ပါ..တခြားဇာတ်ရံတွေကလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေချည်းပါပဲ...အချစ်ကအရာအားလုံးကို စေခိုင်းနိုင်သလား??အချစ်ကြောင့်ပြောင်းလဲသွားတဲ့ လူမိုက်ကြီးတစ်ယောက်အကြောင်းကို မျှဝေခံစားကြည့်ကြပါ..သူဌေးတစ်ယောက်ရဲ့လူယုံအဖြစ် ၇ နှစ်ကျော်လောက် တာဝန်ကျေပွန်စွာ အမှုထမ်းလာတဲ့ လက်မရွံ့ လူကြမ်းကြီးတစ်ယောက်ဟာ တာဝန်တစ်ခုမှာ ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်တွယ်မိသွားတဲ့အပြင်...သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ...သူ့ရဲ့ဘဝကို ဘယ်လိုဆက်သွားမလဲဆိုတာ...။အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်...စိတ်မခိုင်သူများအဖို့ မျက်ရည်ကျလောက်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူး။ File size…(2.6 GB)/(1 GB) Quality….BluRay Director's Cut 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Joyz
movie
A Bittersweet Life (2005)
2005
7.3
A Man Who Was Superman(2008)
A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie
A Man Who Was Superman(2008)
7.0
Hostage: Missing Celebrity(2021)
Hostage: Missing Celebrity(2021) အညွှန်း**************************************IMDb....7.0ကိုရီးယားရဲ့နာမည်ကျော်မင်းသားကြီး Jung-min Hwang အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ကားကြီးလာပါပြီ... ဒီဇာတ်ကားကြီးဟာ အခု Korean Box Office မှာSinkhole ကိုကျော်ပီး No.1 တောင်ရောက်နေပါတယ်...ဒီကားထဲမှာလည်း နာမည်ကြီးမင်းသားအဖြစ်သရုပ်ဆောင်ထားပါတယ်... သူဟာ ရုပ်ရှင် အစမ်းပြသပွဲတစ်ခုကနေ ပြန်လာပြီး လူရမ်းကားသုံးယောက်ရဲ့ ပြန်ပေးဆွဲခြင််းကို ခံလိုက်ရပါတယ် ။ဖြစ်ချင်တော့ ထိုလူတွေက အဖွဲ့လိုက် ပြန်ပေးဆွဲ လူသတ်မှုကိုကျူးလွန်နေတဲ့ ရာဇဝတ်သားတွေ ဖြစ်နေခဲ့ပါတယ်..တကယ့်လက်ရဲဇက်ရဲ ကောင်တွေ ပြန်ပေးဆွဲထားပြီး အချိန်မရွေးအသက်ပျောက်နိုင်တဲ့ အခြေအနေမှာကူကယ်ရာမဲ့နေတဲ့ မင်းသားကြီးဟာ ဘယ်လို ရုန်းထွက်မလဲဆိုတာကိုတော့.....နင်းကန်လန်းတဲ့ ကားကြီးဖြစ်လို့ လက်မလွှတ်သင့်ပါကြောင်း.....File Size :(1.77GB) ,(876MB) and (328MB) Quality : WEB-DL 1080P5.1CH, 720p Format…mp4 Duration…01:34:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Win Encoded by ...
movie
Hostage: Missing Celebrity(2021)
5.4
Battlefield Heroes (2011)
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie
Battlefield Heroes (2011)
7.0
Deliver Us from Evil(2020)
Deliver Us from Evil(2020)NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေအနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား....အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်....ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီးလူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်.....နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ကြိုးစားပါတော့တယ်...ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ...ဉာဏ်ကောင်းထက်မြက်တဲ့အပြင်အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ...သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင်တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့....ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့အပြုင်ကျဲထားတဲ့ကားပါ....အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ခပ်နုနုသူတွေမကြည့်သင့်ပါဘူး...လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေသွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်...အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ... File Size :(900 MB) and (328MB) Quality : FHDRip 720p Format…mp4 Duration…01:48:00 Genre : Crime , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by ...
movie
Deliver Us from Evil(2020)
5.8
Money (2019)
Zawgyi=====၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten Tomatoes မှာ 67% အထိရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရုံဝင်ငွေအနေနဲ့လည်း 25.1 million USD ရထားတာပါ။Cast တွေမှာလည်းလူသိများတဲ့ သရုပ်ဆောင်တွေချည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တောနယ်တစ်ခုကကြိုးစားပြီးတက်လာတဲ့ စတော့ခ်ရှယ်ယာပွဲစားပေါက်စလေးတစ်ယောက်မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။သူချမ်းသာချင်တာပဲဖြစ်ပါတယ်။ဆင်းဆင်းရဲရဲနေခဲ့ရတဲ့သူတစ်ယောက်အတွက် ချမ်းသာချင်ကြတာချည်းပါပဲ။မိဘတွေရုန်းကန်နေရတာကိုကြည့်ပြီးသူချမ်းသာချင်လာတယ်။အဲတော့စတော့ခ်ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး စတော့ခ်ရှယ်ယာပွဲစားပေါက်စအဖြစ်အားကြိုးမာန်တက်အလုပ်ကြိုးစားမယ်ဆိုပြီး တက်လာပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်မလွယ်သလိုသူများတွေကော်မရှင်ကပြွတ်သိပ်နေချိန်မှာ သူ့ခဏသုညဖြစ်နေရတာပါပဲ။ဒီလိုနဲ့တစ်နှစ်လောက်လုံးချာလည်လိုက်နေရင်းကနေ ချမ်းသာဖို့ဖြတ်လမ်းနည်းတစ်ခု သူရလာခဲ့ပါတယ်။ဘယ်သူ့ကြောင့်ရသွားတာလဲ။အဲဒီဖြတ်လမ်းနည်းကရော ရေရှည်အဆင်ပြေရဲ့လားဆိုတာတော့သူတို့စတော့ခ်ရှယ်ယာဈေးကွက်တွင်းကအရှုပ်အရှင်းတွေကြားဝင်ကြည့်ရင်းခံစားကြည့်ကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) Unicode======၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten ...
movie
Money (2019)
2019
6.1
Heaven’s Soldiers ( 2005 )
IMDb 6.1 ရရှိထားတဲ့ ကိုရီးယားစစ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်မျက်မှောက်ခေတ်က စစ်သားတွေ ကိုရီးယားရဲ့နာမည်ကျော်စစ်သူကြီးလီဆွန်းရှင်းခေတ်ကိုပြန်ရောက်သွားတဲ့ဇာတ်ကားလေးပါပဲ….တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား သဘောထားမတူနှစ်ခြမ်းကွဲတဲ့ ကိစ္စ မဆန်းတော့ပါဘူး…ဒါပေမယ့် ဒီကားထဲမှာတော့ ဆန်းတယ်…အဏုမြူကို ထိုးအပ်မယ့်ကိစ္စမှာ မြောက်ပိုင်းက ဗိုလ်မှူးကမကျေနပ်စွာနဲ့ အဏုမြူယူပြီး ပြေးရော…တောင်ပိုင်းသား ဗိုလ်မှူးကလည်း အထက်အမိန့်နဲ့လိုက်ရော…အဲ့မှာတင် ထူးခြားအံ့သြဖွယ်ရာနဲ့ ကိုရီးယားက်ု ဂျပန်တွေဝင်တဲ့အချိန်တရုတ်ကလုချင်နေတဲ့အချိန်ဆီ စစ်သားတစ်စု အချိန်ခရီးနှင်ခဲ့ရလေရဲ့…သမိုင်းထဲပြန်ရောက်သွားတဲ့ စစ်သားတွေကဘယ်သူနဲ့တွေ့ပြီး ဘယ်လိုတွေပြောင်းလဲကုန်မလဲ…သူတို့ခေတ်ကိုရော ပြန်လို့ရပါ့မလား…နောက်ပြီး အဲ့ဒီခေတ်မှာရော တောင်ပိုင်းကဗိုလ်မှူးနဲ့မြောက်ပိုင်းသားဗိုလ်မှူးတို့ တည့်နိုင်ကြပါ့မလား…၂၀၀၅ ခုနှစ်က ဇာတ်လမ်းလေးပါ ဒါပေမယ့် ဒီကားလေးကပေးခဲ့တဲ့အသိကတော့ အခုအထိ တန်ဖိုးရှိနေလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Translated & Review By Chu ChuEncoded By LK
movie
Heaven’s Soldiers ( 2005 )
2005
1
2
Next