Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hwang Jeong-min
6.3
Svaha: The Sixth Finger (2016)
Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie
Svaha: The Sixth Finger (2016)
2019
5.6
Fasten Your Seatbelt (2013)
Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie
Fasten Your Seatbelt (2013)
2013
6.8
The Whistleblower (2014)
The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစားနေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie
The Whistleblower (2014)
6.4
The Housemaid (2010)
2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရလောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie
The Housemaid (2010)
5.7
The Taste of Money (2012)
(18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie
The Taste of Money (2012)
5.8
Room No.7 (2017)
Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie
Room No.7 (2017)
2017
7.0
Cart(2014)
Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie
Cart(2014)
6.8
Greenhouse (2023)
Greenhouse(2023)ပုံမှန်ကြိုးစားလေ့ရှိပေမဲ့ ထင်မထားတဲ့အရာတွေဖြစ်လာတဲ့အချိန်မှာ ကိုယ့်အတ္တကိုရှေ့တန်းတင်မိတာ လူ့သဘာဝပါပဲဒီဇာတ်လမ်းအကျဉ်းကတော့ တစ်ကိုယ်ရည်မိခင် မွန်းဂျောင်းဟာ အဘိုးအဘွားစုံတွဲတစ်တွဲကို စောင့်ရှောက်ပေးတဲ့အလုပ်လုပ်ရင်းနဲ့ သားနဲ့အတူနေဖို့ ပိုက်ဆံစုနေတာပါသူစောင့်ရှောက်ရတဲ့အဘွားက သူငယ်ပြန်နေပြီး၊ အဘိုးကမျက်စိကွယ်နေတာပါ.. သားသမီးလည်း အနားမှမရှိတော့ မွန်းဂျောင်းကိုပဲ အားကိုးနေရင်းကနေ..တကယ်တမ်းမွန်းဂျောင်းကလည်း အမှားကြီးလုပ်မိတဲ့အခါမှာ အဲဒီအမှားကို ဖုံးကွယ်ဖို့ကြိုးစားရင်း မျက်စိကွယ်နေတဲ့ အဘိုးကြီးကို လှည့်စားရပါတော့တယ်မွန်းဂျောင်းဟာ သူ့လျှို့ဝှက်ချက်ကို ဖန်လုံအိမ်မှာထည့်ထားပြီး ဟန်ဆောင်နေရင်းကနေ နောက်ဆုံးမှာ လိမ်တာတွေပေါ်သွားမလား၊ ဘယ်လိုနောင်တရစရာတွေဖြစ်ကျန်ခဲ့မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွန်း နဲ့ ဘာသာပြန်ကတော့ Joyz ဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p File size… 945MB | 316MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
Greenhouse (2023)
2023
7.4
Next Sohee (2022)
Next Sohee (2023)Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ...
movie
Next Sohee (2022)
2022
Marriage Blue (2013)
Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie
Marriage Blue (2013)
7.2
Save the Green Planet! (2003)
Save the Green Planet! (2003) ဇာတ်လမ်းအညွှန်း*************************************** "သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size : (2.9GB), ...
movie
Save the Green Planet! (2003)
2003
6.3
Detective K: Secret of the Lost Island (2015)
Detective K: Secret of the Lost Island (2015)____IMDb - 6.3/10 ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ ... အဲ့အချိန်က ဂျိူဆွန်းမှာ ငွေအတုပြသနာတွေပေါ် ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့ အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။ သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ် ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့ လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့် စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ...
movie
Detective K: Secret of the Lost Island (2015)
2015