Channel Myanmar

Hunter King

Two Scoops of Italy (2024)
Two Scoops of Italy (2024)  မိတ်ဆွေတစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စားသောက်ဆိုင်ဖွင့်ထား အမေရိကန်စားဖိုမှူးမလေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အောင်မြင်အောင်လုပ်ဖို့ရာအတွက် လူတွေ အကြိုက်တွေ့စေမယ့် မီနူးတစ်ခုဖန်တီးဖို့ လိုလာပါတယ်။ သူဟာ အကြံဉာဏ်အသစ်တွေရအောင် အီတလီနိုင်ငံကျေးလက်ဒေသကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အီတလီနိုင်ငံရဲ့ အစားအသောက်အရသာတွေ၊ ယဥ်ကျေးမှုတွေ၊ ရေခဲမုန့်တွေကို အကြိုက်တွေ့သွားအောင် ကူညီပေးတဲ့ အီတလီအမျိုးသားနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ အမေရိကန်မလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ် File size…(1.5 GB)/(895 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Kaung San 
movie

Two Scoops of Italy (2024)

The Professional Bridesmaid (2023) 6.2
The Professional Bridesmaid (2023)  2023 မှာထွက်ရှိခဲ့တဲ့ The Professional Bridesmaid ဆိုတဲ့Romance/Comedyဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်ဂီဟာ ပရော်ဖက်ရှင်နယ် သတို့သမီးအရံဆိုတဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သတို့သမီးဖြစ်သူစိတ်ဖိစီးမှုမရှိအောင် သူငယ်ချင်းအနေနဲ့ရော သတို့သမီးအရံတစ်ယောက်အနေနဲ့ပါ အစစအရာရာလိုက်ဖြည့်စည်းပေးရတဲ့အလုပ်လုပ်ကိုင်သူပါ။ တစ်နေ့တော့ မီဒီယာအာရုံစိုက်မှုများတဲ့ မြို့တော်ဝန်သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ကိုင်တွယ်ရပါတော့တယ်။မြို့တော်ဝန်ဖြစ်သူကလည်း ဘာအလွဲအချော်မှမဖြစ်ဖို့အတန်တန်မှာထားပြီး ပွဲမှာ ရင်းနှီးသွားတဲ့ သတင်းထောက်လူချောလေးဟင်နရီပေါ် ခံစားချက်တွေရှိလာတဲ့အခါ လက်ထပ်ပွဲကအလွဲတွေတစ်ဖက် သူ့ရဲ့အကြောင်းစုံကိုဟင်နရီသိမှာစိုးရတာတစ်ကြောင်းနဲ့ မက်ဂီတစ်ယောက်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရယ်စရာအလွဲလေးတွေနဲ့ ရှုစားလိုက်ကြပါဦး File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

The Professional Bridesmaid (2023)

Nikki & Nora: Sister Sleuths (2022) 6.6
Nikki & Nora: Sister Sleuths (2022)  Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ...
movie

Nikki & Nora: Sister Sleuths (2022)

The Santa Summit (2023) 6.9
The Santa Summit (2023) The Santa Summit (2023) =================== IMDb Rating - 6.9/10ခရစ္စမက်ပိတ်ရက်မှာ ဇာတ်ကားလေးကြည့်ရင်း chill ချင်တဲ့သူများ အတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းအကျဉ်းလေး ကတော့ ခရစ္စမက်၊ ဆန်တာပွဲတော်မှာ ခဏလေးမတော်တဆတွေ့ခဲ့မိတဲ့ ကောင်လေးနဲ့ကောင်မလေးတို့အချင်းချင်း ရှာပုံတော်ဖွင့်ကြတဲ့အကြောင်း လေးပါ။ဂျော်ဒင် ဆိုတဲ့ကောင်မလေးကကျောင်းတစ်ကျောင်းမှာ ပန်းချီသင်တဲ့ ဆရာမတစ်ယောက်ပါ။ လီယမ် ဆိုတဲ့ကောင်လေးကတော့ အခုမှ ဂျော်ဒင် ရှိတဲ့မြို့ကိုပြောင်းလာပြီး ဂျော်ဒင် နဲ့ဆန်တာပွဲတော်မှာမတော်တဆတွေ့ခဲ့ ပါတယ်။ စိတ်တူ အကြိုက်တူဖြစ်တဲ့သူတို့နှစ်ယောက်ဟာ တစ်ခဏလေး အတွင်းမှာပဲ စကားတွေအများကြီးပြောခဲ့ကြပြီး အဆင်ပြေနေခဲ့ကြပါတယ်။ နောက်တော့ပွဲတော်ထဲမှာ တစ်ယောက်နာမည်တစ်ယောက်မသိခင်မှာပဲ လူချင်းကွဲသွားပါတယ်။နာမည်မသိတဲ့အပြင် မျက်နှာမှာလည်းဆန်တာမုတ်ဆိတ်တွေတပ်ထားတဲ့ အတွက် ရုပ်ကိုလည်းသေချာမသိပါဘူး။  ဒီလိုနဲ့ နှစ်ယောက်စလုံးတစ်ယောက် ကိုတစ်ယောက် မရေမရာနဲ့လိုက်လံရှာဖွေကြတာကို drama ဆန်ဆန်ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Main character နှစ်ယောက်အတွဲ အပြင် side character တွေရဲ့မတူညီတဲ့မေတ္တာတွေနဲ့ အတွဲတွေကိုပါ သေချာ လေးပုံဖော်ထားတာဖြစ်တဲ့အတွက် အရိုတစ်လိုင်းကြိုက်တဲ့သူများလက်မလွှတ် သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.41 GB) / (914 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar ...
movie

The Santa Summit (2023)

2023
Hidden Gems (2022) 6.5
Hidden Gems (2022) Hidden Gems (2022)~ IMDb rating - 6.5/10 ~အချစ်ဆိုတာ မှော်ဆန်တယ်တဲ့...လူတစ်ယောက်ကို မျက်လုံးထဲ စိုက်ကြည့်လိုက်ရုံနဲ့ တစ်ဘဝလုံးကို သူ့ခြေရင်းမှာ ပစ်ချပြီး အညံ့ခံချင်ရလောက်အောင် ညှို့ငင်ဖမ်းစားနိုင်တဲ့ စွမ်းအားအကြီးဆုံး မှော်အတတ်က အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ။တစ်ဘဝလုံး ယုံကြည်လာသမျှကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ တစ်သက်လုံးမှာ အမြဲတမ်းနောက်ဆုတ်နေတတ်တဲ့သူကိုတောင် ရဲရင့်စေနိုင်တယ်။ အချစ်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်စေတယ်။ချစ်ခွင့်ရတာဟာ ကံကောင်းမှုလို့ ပြောချင်ပါတယ်။ချစ်ခြင်းကို ခံရရင်တော့ အကောင်းဆုံး ကံတရားကို ပိုင်ဆိုင်ခွင့်ရတာပေါ့...Hidden Gems က ၂၀၂၂ ထွက် Romance ဇာတ်ကားလေးပါ။ မိသားစုအတွက် ဘဝကို ပေးအပ်ထားတဲ့ အက်ဒီ အစ်မရဲ့ မင်္ဂလာဆောင်အတွက် အလုပ်ရှုပ်နေပါတယ်။ ဒါတင်မဟုတ်ပါဘူး သူ့အစ်မ ကိတ် ရဲ့ အောင်မြင်စပြုနေတဲ့ ကုမ္ပဏီကိုလည်း ဦးစီးနေရပါသေးတယ်။ကိတ်ရဲ့ ဟာဝါအီမှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်မျိုးနဲ့ကြုံရပြီး ...
movie

Hidden Gems (2022)

2022