Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hugh Jackman
6.1
Someone Like You…(2001)
ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်းရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား?လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie
Someone Like You…(2001)
8.3
Deadpool & Wolverine (2024)
Deadpool & Wolverine (2024)IMDb Rating (8.3) / Rotten Tomatoes (80%)HDTS TELESYNC Version အသစ်ထွက်လာပြီး ရုပ်သံ တော်တော်လေး ကြည်လင်တာမလို့ ထပ်မံ Update တင်ဆက်လိုက်ပါတယ်။ ဒီ Version မှာ အသံက အဆင်ပြေသွားပြီး ရုပ်ထွက်လဲ နဂိုထက်ပိုကောင်းလာသလို ကြော်ငြာတွေရှုပ်နေတာမျိုးမရှိတော့ပါဘူး။ ဘာသာပြန်ကတော့ Official Engsub စာဖိုင်မထွက်သေးတာမို့ နားထောင်လို့ရသလောက် အကောင်းဆုံး ပြန်ပေးထားပါတယ်။ အရင် Version က လိုတာပိုတာလေးတွေလဲ ထပ်မံပြင်ဆင်ထားသလို Timing တွေကစလို့ တိကျအောင်ပြန်ပြင်ထားပေးပါတယ်။ဒီရုပ်ရှင်အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး ...
movie
Deadpool & Wolverine (2024)
HDTS
6.0
Deception (2008)
နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Deception (2008)
8.0
The Greatest Showman (2017)
The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie
The Greatest Showman (2017)
2017
4K HEVC
6.6
Flushed Away (2006)
Flashed Away ဟာ Chicken Run, Shaun The Sheep Movie စတဲ့Stop-Motion ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့Aardman Features နဲ့ DreamWork Animation တို့ပူးပေါင်းဖန်တီးခဲ့တဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်ပါတယ်။Aardman Features အနေနဲ့ CGIanimation ဘက်ကို ခြေလှမ်းစတင်ခဲ့တဲ့ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ပါဝင်တဲ့ Cast တွေ အနေနဲ့ Hugh Jackman (Wolverine), Kate Winslet တို့အဓိကပါဝင်ထားပြီး Ian Mckellen, Bill Nighy, Andy Serkis နဲ့ Jean Reno တို့လိုအကျော်အမော်တွေ ခြံရံထားပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော့ဒီဆိုတဲ အိမ်မွေးကြွက်လေးတစ်ကောင်ရဲ့ဘဝနဲ့ စတင်ထားပြီး သခင်တွေခရီးထွက်သွားတုန်းမှာပဲအိမ်ကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက်နေထိုင်ဖို့ စိတ်ကူးနေတဲ့ ရော့ဒီဆီကိုရေဆိုးမြောင်းထဲက ကြွက်တစ်ဖြစ်လည်းဆစ်ဒ် ရောက်လာချိန်မှာတော့ ရော့ဒီဘဝဟာဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါတယ်.ဆစ်ဒ် လှည့်စားတာခံရပြီး ရေမြောင်းထဲကိုအိမ်သာထဲကနေ ဆွဲအချခံခဲ့ရကာ ...
movie
Flushed Away (2006)
2006
6.5
Swordfish (2001)
Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် " ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
6.1
The Front Runner (2018)
Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie
The Front Runner (2018)
6.6
Scoop (2006)
Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie
Scoop (2006)
7.1
Real Steel (2011)
IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
Real Steel (2011)
2011
6.1
Van Helsing (2004)
ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီးတွေထုံးစံအရ Count Dracula ...
movie
Van Helsing (2004)
2004
4K HEVC
6.7
Kate & Leopold(2001)
Kate & Leopold(2001)********************ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူးတောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကိုဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့်သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။ File Size : ...
movie
Kate & Leopold(2001)
6.7
The Son(2022)
The Son(2022)************* Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီးမိဘတစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊ သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး လောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။ အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီးမိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။ တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး ရောက်မလာကြောင်းကိုယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့.... Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက်သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း....File Size :(1.6GB) and (618 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:0300 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
The Son(2022)
7.3
Eddie the Eagle(2015)
Eddie the Eagle(2015) အညွှန်း************************* 1988 အိုလံပစ်က ဖြစ်ရပ်မှန် Eddie အကြောင်းကိုရိုက်ထားတဲ့မင်းသားကြီး Hugh Jackman ပါတဲ့ Sport, Drama ကားလေးပါEddie က ငယ်ငယ်တည်းက အိုလံပစ်မှာ ဝင်ပြိုင်ပြီး ချန်ပီယံဖြစ်ချင်ခဲ့တာပါဒါနဲ့ သူ တစ်သက်လုံး အားကစားတွေ တမျိုးပြီးတစ်မျိုးလုပ်လာခဲ့တယ်...နောက်တော့ နှင်းတောင်ပေါ် စကီးစီးတာကို Eddie ကြိုက်သွားပါတယ်...Eddie က ဒီအားကစားနဲ့ ပါရမီလည်း ပါတယ် ဒါပေမဲ့ အဖွဲ့မှာ အရွေးမခံရတော့ စကီးစီးရင်း တောင်ပေါ်က ခုန်တဲ့အားကစားကို ထပ်ရွေးပါတယ်...ဒီအားကစားက အသက်အန္တရာယ်အရမ်းများပြီး Eddie လိုလူသစ်ကဘယ်လို အိုလံပစ်ထိရောက်အောင်သွားမလဲ ကြည့်ရအောင်.... File Size : (1.4GB)(712MB) and (186MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:46:00 Genre : Adventure, Biography , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Eddie the Eagle(2015)
7.7
Deadpool 2 (2018) Super Duper Cut
Deadpool 2 (2018) ကို အလန်းဆုံးဗားရှင်းဖြစ်တဲ့ Super Duper Cut Version နဲ့ တင်ဆက်လိုက်ပါတယ်။အရင် Version တွေမှာမပါတဲ့ အခန်းအပိုအလိုတွေအများကြီးပါပါတယ်အလန်းကြီးပါ အခုပဲ ဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ---------------Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာလည်း တော်တော်မိုက်တယ်။တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ...
movie
Deadpool 2 (2018) Super Duper Cut
2018
4K HEVC
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014
7.6
Free Guy (2021)
Free Guy (2021) ===============================IMDb - 7.6/10ကဲ ...... ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။ မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့ ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..... ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါသူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့...ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.5GB and 1.3 GB Format…mp4 Duration….1h 55min Subtitle….Myanmar ...
movie
Free Guy (2021)
2021
8.5
The Prestige (2006)
THE PRESTIGEIMDb (8.5/10) / Rotten Tomatoes (76%)ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3) ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမ အပိုင်းကိုတော့ "ကတိ" လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ "လှည့်ခြင်း" လို့ခေါ်တယ်။ မျက်လှည့်ဆရာက သာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခုမင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ...
movie
The Prestige (2006)
2006
7.1
Reminiscence (2021)
IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။ File size…(2 GB) / (1.1 GB) ...
movie
Reminiscence (2021)
7.3
Rise of the Guardians (2012)
Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီးNovember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်....==================================ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်...တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်....ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်းဆန်တာကလော့ တို့ အက်စတာဘန်နီ ...
movie
Rise of the Guardians (2012)
2012
HEVC 1080p 5.1
7.2
Bad Education (2019)
ဒီရုပ်ရှင်က ၂၀၁၉ ခုနစ်ထွက် Biography/ Crime ဇာတ်ကားဖြစ်တယ်ပြောရရင်တော့ ဖြစ်ရပ်မှန်ပေါ့ဗျာ...ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းက...ဖရန့်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ကျောင်းဆရာဟောင်း..အခုတော့ ရိုဆလင်းပြည်နယ်က အစိုးရကျောင်းမှာကျောင်းအကျိုးတော်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီ..သူက သိပ်ကိုတော်တဲ့လူတစ်ယောက်...သိပ်ဦးနှောက်ကောင်းတယ်...ဒီကျောင်းကြီးကို သုညအဆင့်ကနေထိတ်ထိတ်ကြဲကျောင်းကောင်းစာရင်းဝင်လာအောင် သူပဲလုပ်ပေးခဲ့တာ...ကလေးမိဘတွေကို သိမ်းသွင်းတတ်သလို လုပ်ဖော်ကိုင်ဘက်တွေကလည်းသိပ်လေးစားချစ်ခင်ကြတာပေါ့....ဒီလောက်ထိပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဆိုတာ ရှိပါ့မလား...ဒီကားကို ဘာလို့ကြည့်သင့်လဲဆိုတော့ နံပါတ်တစ်ကHuge Jackman က ဖရန့်နေရာမှာ အပိုအလိုမရှိ ကွက်တိ...နံပါတ်နှစ် IMDB 7.2/10 ရထားတယ် နံပါတ်သုံး ကောင်းကိုကောင်းလို့ဗျာ File Size : ( 1 GB , 370 MB) Quality : WEBRip 720p Running Time : 1 ...
movie
Bad Education (2019)
1
2
Next