Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Huang Chengcheng
6
King Of Hotpot ( 2022 )
ချုံချင့်ဆိုတာနဲ့ များသောအားဖြင့်ကတော့ ဟော့ပေါ့ကို ပြေးမြင်မိကြမှာအမှန်ပါပဲနော် ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်ကြီး ချုံချင့် ဟော့ပေါ့နဲ့သက်ဆိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါရစေရှင်❏ ဒီဇာတ်ကားလေးကတော့ ချုံချင့်မြို့တော်က ဟော့ပေါ့ဆိုင်လေးတစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ❏ အလောင်းကစားမတ် ဖဲရိုက် မာကျောက်ကစားဖို့လောက်ပဲသိတဲ့-ကုန်းဟော်ဒီဟော့ပေါ့ဆိုင်သေးသေးလေးမှာပဲ တစ်ဘဝလုံးကို ကုန်ဆုံးမသွားချင်သူ ၊ အမြင်ကျယ်ကျယ်နဲ့ လောကကြီးတစ်ခွင် ခြေဆန့်ချင်သူ-ကျင်းရှန်းသူတို့ဆရာလဲဖြစ် အဖေလဲဖြစ်တဲ့ ကုန်းယောင်ကလဲ ဒီသားတပည့်ဖြစ်သူနှစ်ယောက်ရဲ့ မတူညီတဲ့စရိုက်တွေကြားမှာ စိတ်ဆင်းရဲရတဲ့အပြင် လေပါဖြတ်သွားခဲ့ရပါတော့တယ် အဲဒီနောက်မှာတော့ ဆိုင်ရဲ့ စီးပွားရေးတွေကျဆင်းကာ နောင်တတွေရပြီးနောက်မှာမှ ဆိုင်လေးကို ပြန်လည်ထူထောင်ဖို့ကြိုးစားခဲ့ပါတော့တယ်ကုန်းဟော်တစ်ယောက် ဟော့ပေါ့ပညာကို အခြေခံကနေစပြီးလေ့လာခဲ့တဲ့အပြင် သူ့ရဲ့ ဆရာတူအစ်ကိုဖြစ်သူ ကျန်းရှန်းနဲ့လဲ စီးပွားရေးပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ် တစ်ဖြည်းဖြည်းနဲ့ ဟော့ပေါ့လုပ်ငန်းအပေါ် ကုန်းဟော်တစ်ယောက် စိတ်ဝင်တစားဖြစ်လာခဲ့ပြီး မိသားစုရဲ့ နွေးထွေးသက်ဝင်မှုတွေကိုပါ နားလည်လာခဲ့ပါတော့တယ် ဒီတော့ ဒီဇာတ်ကားလေးအတွင်းမှာ ချုံချင့်ရဲ့ အလှအပတွေ ၊ ဟော့ပေါ့ရဲ့ တစ်စေ့တစ်စောင်း အကြောင်းစုံ အပြင် မိသားစုရဲ့ နွေးထွေးမှု အစရှိတာလေးတွေကို ဟာသနှောကာ ရိုက်ပြထားတာဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie
King Of Hotpot ( 2022 )