Channel Myanmar

Hrothgar Mathews

Legend of the Lost Locket (2024)
Legend of the Lost Locket (2024) IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော ...
movie

Legend of the Lost Locket (2024)

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

Light of My Life (2019) 6.6
Light of My Life (2019) ကမ္ဘာပေါ်မှာမိန်းမဆိုတဲ့လူမျိုးတွေ တဖြည်းဖြည်းပျောက်ကွယ်လာရင်ယောကျာ်းတွေဘယ်လိုဖြစ်ကျမလဲ...IMDb 6.6 ရထားတဲ့ဇာတ်ကားကောင်းလေးပါအဖေတစ်ယောက်ရဲ့သမီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေယောကျာ်းတွေရဲ့မိန်းမတစ်ယောက်အပေါ်ထားတဲ့လိုချင်တပ်မက်မှုတွေ,မိန်းမဆိုတာရှားပါးလာတာကြောင့်ကလေးတစ်ယောက်ကိုတောင်အလွတ်မပေးတဲ့ယောကျာ်းကြီးတွေ,သမီးကိုဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်ကာကွယ်ပေးမယ့်ဖခင်တစ်ယောက်ရဲ့စိတ်ဓါတ်တွေကို ဒရမ်မာဆန်ဆန်နဲ့အကောင်းဆုံးရိုက်ကူးထားတာပါကမ္ဘာပေါ်မှာမိန်းမဆိုတာတွေမရှိသလောက်ရှားပါးလာတာကြောင့်လူတိုင်းကမိန်းမဆိုတာနဲ့ဝိုင်းပြီးအမဲဖြန်သလိုဆွဲဖို့စောင့်နေတာကြောင့်သူ့သမီးကိုယောကျာ်းလေးတစ်ယောက်လိုဝတ်စားစေပြီးဘေးကင်းရာကိုထွက်ပြေးဖို့ကြိုးစားနေတဲ့အဖေအန္တရာယ်ရှိတဲ့ကူးစက်ရောဂါတစ်မျိုးသူ့သမီးဆီမှာရှိနေပေမယ့်လည်းသမီးကိုပစ်မထားခဲ့ပဲ အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးရင်းနဲ့တစ်ဖက်မှာလည်းကျန်နေသေးတဲ့မိန်းမတွေစုနေတဲ့နေရာကိုစုံစမ်းပြီးသမီးကိုကောင်းကောင်းမွန်မွန်အသက်ရှင်စေချင်တဲ့အခါ...သားအဖနှစ်ယောက်ဘေးအန္တရာယ်တွေကိုဘယ်လိုကျော်လွှားကြမလဲသူတို့လိုရာအရပ်ကိုရောရောက်အောင်သွားနိုင်ပါ့မလားဆိုတာတွေကိုစိတ်ဝင်တစားကြည့်ရှူရမယ့်ကားကောင်းလေးပါ File Size : ( 1GB , 255 MB)Quality : WEB-DL 720pRunning Time : 1 hr 59 minFormat : Mp4Genre :  Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Light of My Life (2019)

2019