Channel Myanmar

Hou Tianlai

Only the River Flows (2023) 6.7
Only the River Flows (2023) ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီးဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်းနောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ...
movie

Only the River Flows (2023)

My Dad is an Alien ( 2024 ) 6
My Dad is an Alien ( 2024 ) သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့ လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။ သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက် ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာ ဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ...... အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကို ထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကို သမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.39 GB / 791 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

My Dad is an Alien ( 2024 )