Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hope Davis
About Schmidt (2024)
IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie
About Schmidt (2024)
6.9
Charlie Bartlett (2007)
ချာလီဘာလက်ဆိုတဲ့သူက အရမ်းစိတ်ကူးယဉ်တတ်သူပါ။ ဆယ်ကျော်သက်ဖြစ်တဲ့အလျှောက် သူငယ်ချင်းအသိုင်းအဝိုင်းမှာအရမ်းနာမည်ကြီးချင်သပေါ့။အဲဒီလိုနဲ့သူဟာ တက်သမျှကျောင်းမှာ ပြဿနာတွေလိုက်ရှာပြီး ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းလိုက်ပြောင်းရတဲ့နောက်...ဒီဇာတ်ကားထဲမှာ အားလုံးရဲ့ အချစ်တော် Robert Downey Jr. ကလည်း ပါ၀င်ထားတာမို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ Comedy, Romance ဇာတ်ကားကောင်းတစ်ကားပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_( 2.2GB)/( 1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Charlie Bartlett (2007)
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
7.0
Infamous (2006)
Infamous ဇာတ်ကားဟာ 2006 ခုနှစ်မှာထွက်ရှိခဲ့ပြီး Douglas McGrath ရေးသားခဲ့ကာ ဒါရိုက်တာ Douglas McGrath ရိုက်ကူးခဲ့တဲ့ အမေရိကန် ဒရာမာဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Truman Capote ဟာ ဉာဏ်ရည်ထက်မြတ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ် သူဟာ Kansas မြို့မှာ မိသားစုတစ်စုလုံးကို အသတ်ခံရခဲ့တဲ့အကြောင်း သိခဲ့ပါတယ် အဲ့တာနဲ့ Capote ဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Harper Lee နဲ့အတူ အမှုဖြစ်ခဲ့တဲ့မြို့ကို လည်ပတ်ပြီး လူတွေရဲ့ တုံ့ပြန်မှုအကြောင်းကို သတင်းရေးချင်ခဲ့ပါတယ် ပထမဆုံး သူဟာ ဒေသခံတွေကို လူသတ်မှုအကြောင်း မေးမြန်းခဲ့ပါတယ်လူသတ်သမားတွေကို ဖမ်းမိတဲ့အခါမှာလည်း Capote ဟာလူသတ်သမားတွေရဲ့ ပြစ်မှုကျူးလွန်ခဲ့ရတဲ့အကြောင်းအရင်းနဲ့ လူသတ်သမားတွေရဲ့စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ စာအုပ်ထုတ်ပြီး သတင်းဖော်ပြမှုပုံစံသစ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်Capote ဟာသူ့ရဲ့စာအုပ်ကိုဖန်တီးတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊ သတင်းယူရင်းနဲ့ လူသတ်သမားနဲ့ Capote ရဲ့ ဆက်ဆံရေး၊ ...
movie
Infamous (2006)
6.2
Cat Person (2023)
ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ....။အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်းခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာအချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့...။ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်းရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်....။ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင်လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်...။အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ...ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်...။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Cat Person (2023)
6.7
Proof (2005)
၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader
movie
Proof (2005)
7.2
Duma (2005)
ဒီဇာတ်ကားက တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေ အတော်သဘောကျမယ့် ဇာတ်ကားလေးပါ။ ဒါပေမဲ့ ခါတိုင်းလို ခွေးလေး၊ကြောင်လေးတွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လိုဖြစ်နေတဲ့ ချီတာကျားသစ်လေးတစ်ကောင်အကြောင်းပါ။ IMDb7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့ကောင်လေးရဲ့ အိမ်မှာ လသားလေး အရွယ်ကတည်းကရောက်ရှိနေတဲ့ ဒူးမားဆိုတဲ့ကျားသစ်လေးကို တစ်အိမ်လုံးဝိုင်းပြီးချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်မွေးတိလေးတစ်ကောင်လိုမျိုး အရမ်းယဉ်ပါးတဲ့ ကောင်လေးတစ်ကောင် ဖြစ်နေတာပါ။ဒါပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့မိသားစုရဲ့အိမ်မှမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ရချိန်မှာတော့ ဘယ်လိုပဲ လူယဉ်တဲ့တိလေးဖြစ်နေပါစေ၊ ကျားသစ်က ကျားသစ်၊ သားရဲက သားရဲပဲဖြစ်လို့ ခေါ်ထားဖို့အဆင်မပြေတဲ့ အခြေအနေဖြစ်လာပါတယ်။ဒါကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမားလေးကို စတွေ့ခဲ့တဲ့တောထဲပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာဇန်နဲ့ ကျားသစ်လေး ဒူးမားတို့ရဲ့ သံယောဇဉ်တွေ၊ သူတို့ကြုံရမယ့်အခက်အခဲပေါင်းများစွာနဲ့ စွန့်စားမှုတွေကို ကြည့်ရှုခံစားရမှာပါ။ချစ်ဖို့ကောင်းတဲ့ တိကားလေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့အဆင်ပြေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 ...
movie
Duma (2005)
7.0
Asteroid City(2023)
Asteroid City(2023)******************* ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီးဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင်အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright,Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody,Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဒီရုပ်ရှင်မှာ ...
movie
Asteroid City(2023)
7.1
Real Steel (2011)
IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
Real Steel (2011)
2011
6.2
The Nines (2007)
The Nines (2007)~ IMDb - 6.2/10, Rotten Tomatoes - 64% ~အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ...
movie
The Nines (2007)
2007
7.0
The Matador(2005)
The Matador(2005)******************လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်းမိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာမသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာလုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်းသူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီးပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့်မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့် ...
movie
The Matador(2005)
Arlington Road (1999)
Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ "မိုက်ကယ်ဖာရာဒေး"နဲ့ "အော်လစ်ဗာလန်း"ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ "မိုက်ကယ်ဖာရာဒေး"ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်းများစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
Arlington Road (1999)
7.0
Kiss of Death(1995)
Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie
Kiss of Death(1995)
6.6
The Weather Man(2005)
The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာတဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie
The Weather Man(2005)
5.6
Wild Card (2015)
Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie
Wild Card (2015)
2015
7.5
Home Alone (1990)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Eight-year-old Kevin McCallister makes the most of the situation after his family unwittingly leaves him behind when they go on Christmas vacation. But when a pair of bungling burglars set their sights on Kevin's house, the plucky kid stands ready to defend his territory. By ...
movie
Home Alone (1990)
1990
HEVC 1080p 5.1
7.8
Captain America: Civil War (2016) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Captain America: Civil War (2016) MCU
2016