Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hong Soo-hyun
6
Insadong Scandal (2009)
Insadong Scandal (2009)နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ်ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ...
movie
Insadong Scandal (2009)
2009
7
Rough Cut (2008)
Rough Cut (2008) အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် ...
movie
Rough Cut (2008)
2008
7.2
Bungee Jumping of Their Own (2001)
မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၁ ရာစု ခေတ်ဦးက BL ဇာတ်ကားပါ။ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ မြန်မာက "အမျှင်" ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။ ထိုင်းကတော့ ၂၀၁၉ ခုနှစ် "Dew" ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်ခဲ့ပါတယ်။ ပြန်ရိုက်ထားတဲ့ကားတွေကတော့ မြန်မာမှု၊ ထိုင်းမှု ပြုတာ ဖြစ်တဲ့အတွက် မူရင်းကားရဲ့အရသာနဲ့ မတူပါဘူး။ ဒါကတော့ "Dew" ဇာတ်ကားရဲ့လင့်ခ်ပဲ ဖြစ်ပါတယ်။ https://channelmyanmar.to/dew/ ဒီကားမှာတော့ ၁၉၈၀ ဝန်းကျင်က စထားပါတယ်။ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ လီထယ်ဟီး ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး တစ်သက်တာ ပေါင်းဖက်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မမျှော်လင့်ဘဲ ထယ်ဟီးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။ ၁၇ နှစ် အကြာမှာတော့ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ အိမ်ထောင်ရက်သားကျပြီး ကလေးတစ်ယောက်အဖေ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့အတန်းပိုင်ဖြစ်လာတဲ့ ဆောအင်ဝူးဟာ ကျောင်းသား-ဆရာ ဆက်ဆံရေး အရမ်းကို အဆင်ပြေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဆောအင်ဝူးတစ်ယောက် အင်ဟွန်ဘင် ဆိုတဲ့ ကျောင်းသားတစ်ယောက်အပေါ်ကို ကြွေမိသွားပါတော့တယ်။ ဒါတွေက ဘာကြောင့်များပါလဲ????? ဇာတ်လမ်းထဲမှာ ကျွန်တော်တို့ ဆက်ပြီး အဖြေရှာကြည့်ပါစို့ဗျာ။ ဇာတ်ဆောင် ...
movie
Bungee Jumping of Their Own (2001)
2001