Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Holt McCallany
6.4
Alien³ (1992)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien³ (1992)
1992
Against the Ropes (2004)
*"Against the Ropes"* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda
movie
Against the Ropes (2004)
7.1
Casualties of War (1989)
ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကိုချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Casualties of War (1989)
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)
7.1
Concussion (2015)
2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။File size… 1.6 GB / ...
movie
Concussion (2015)
8
The Iron Claw (2023)
The Iron Claw (2023)~ IMDb - 8/10, RT - 89%, Meta - 73% ~National Board of Review က အကဲဖြတ်ပေးထားတဲ့ ၂၀၂၃ ရဲ့ Top 10 ၁၀ကားထဲက တစ်ကားပါ။ ဝေဖန်ရေးသမားတွေတော့ တော်တော်ချီးကျူးထားကြပေမဲ့ အော်စကာတော့ တစ်ခုမှကိုမဝင်သွားခဲ့ပါဘူး။ ဒီစာရင်းထဲပါပြီး နောက်ထပ်အော်စကာတစ်ခုမှမဝင်သွားတာကတော့ Ferrari ပါ။ ကျန်တဲ့၈ကားကတော့ Best Picture စာရင်းဝင်ကားတွေချည်းပါပဲ။ A24 က ထုတ်ထားသလို သရုပ်ဆောင်တွေကလည်း Zac Efron, ဒီနှစ်ဆုတွေမနည်းသိမ်းသွားတဲ့ The Bears စီးရီးရဲ့မင်းသား Jeremy Allen White, Triangle of Sadness နဲ့ Where the Crawdads Sing က မင်းသား ...
movie
The Iron Claw (2023)
2023
4K HEVC
8.8
Fight Club (1999)
ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ် တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie
Fight Club (1999)
1999
4K HEVC
6.3
Jack Reacher 2: Never Go Back (2016)
Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie
Jack Reacher 2: Never Go Back (2016)
2016
4K HEVC
6.9
Alpha Dog (2006)
၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie
Alpha Dog (2006)
7.1
Three Kings (1999)
Three Kings (1999)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ဇာတ်လမ်းကတော့... Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။George Clooney က အနားယူမယ့်ဗိုလ်မှူး၊ ...
movie
Three Kings (1999)
1999
5.5
Bullet to the Head (2013)
ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB)/(760 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr ...
movie
Bullet to the Head (2013)
7.0
A Perfect Getaway(2006)
A Perfect Getaway(2006)*********************** Cliff နဲ့ Sdyney တို့က လက်ထပ်ခါစ ကြင်စဦးလင်မယားတွေဖြစ်ပြီးဟာဝိုင်အီကို ဟန်နီးမွန်းထွက်လာကြတာပါ..သူတို့ဟန်းနီးမွန်းမှာ တောင်တက်ဖို့ တောလမ်းခရီးလျှောက်ပြီး ကမ်းခြေတွေ သွားဖို့ဟာဝိုင်အီက ကျွန်းတွေအားလုံးဆီလည်ဖို့ စီစဉ်ထားကြတယ်..ဒါပေမဲ့ သူတို့ နောက်ထပ်ကျွန်းအသစ်တစ်ခုကို ရောက်တာနဲ့ပဲလူသတ်မှုတွေဖြစ်နေမှန်းသိရပါတယ်...ဟန်းနီးမွန်းခရီးမှာပျော်ရမဲ့အစားဒုက္ခမျိုးစုံသူတို့ကြုံရပါတော့တယ်...သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့File Size : (2.8 GB)(1.2 GB) and (356MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:38:00 Genre : Thriller, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie
A Perfect Getaway(2006)
7.4
Nightmare Alley (2021)
နာမည်ကြီးcrime thriller စာအုပ်ဖြစ်တဲ့ Nightmare Alley နဲ့ 1947 ခုနှစ်ထွက် ရုပ်ရှင်ကားကြီးကို Remake ပြန်လည်ရိုက်ကူးထားတဲ့Nightmare Alley (2022)ထွက်ရှိလာပါပြီCast တွေအနေနဲ့ Bradley Cooper, Cate Blanchett, Toni Collette , Willem Dafoeတို့လို နာမည်ကြီးcastတွေ ပါဝင်ထားတာဖြစ်ပြီး IMDb 7.4 ,Rotten Tomatoes 80% ရရှိထားတဲ့ ရုံတင်ကားကြီးပဲ ဖြစ်ပါတယ်အတိတ်ရဲ့အရိပ် အမြဲစိုးမိုးခံထားရတဲ့ စတန်တန်ကာလာဟာ ထိုအရိပ်မှရုန်းထွက်ကာ နယ်လှည့် Carnivalအဖွဲ့ထဲ ဝင်ရင်း ဘဝသစ်တစ်ခုကို စဖို့ကြိုးစားခဲ့ပါတယ်၊ထိုအဖွဲ့မှာလိုက်ပါရင်း သူ့မှာပါရမီတစ်ခုရှိမှန်း သဘောပေါက်သွားပါတယ်၊ အဲဒီပါရမီ ကတော့ လူ့ကြင်အင်လက္ခဏာကို အမြန်ဖတ်တတ်တဲ့ ပါရမီပါ၊ဒီပါရမီကိုအသုံးချရင်း သူ့ကိုယ်သူ စိတ်စွမ်းအားရှင်ဆိုတဲ့ပုံစံ ကတုံးပေါ်ထိပ်ကွက်၊ သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲအစွမ်းရှိသူလို့ ထင်လာတဲ့အခါမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ မကောင်းမှုတစ်ခုကို စိတ်ပညာမှာ ...
movie
Nightmare Alley (2021)
7.4
The Ice Road (2021)
Taken မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်ပါ။ သည်းထိပ်ရင်ဖိုအမျိုးအစားပါပဲ။အမေရိကမြောက်ပိုင်းစွန်းမှာ ရှိတဲ့ ဓာတ်ငွေ့တွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျသွားတဲ့အခါ အလုပ်သမား၂၆ ယေက်လောက် ပိတ်မိသွားပါတယ်။ သူတို့အတွက် အောက်စီဂျင်ကလည်း နာရီ ၃၀ လောက်ပဲ ရှိနိုင်တာမို့ သူတို့ကိုကယ်ထုတ်ဖို့ အရေးပေါ်လိုလာပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျရတာက မက်သိန်းဓာတ်ငွေ့လိုင်းကြီးကို တူးမိလို့ ဖြစ်တာမို့ဓာတ်ငွေ့တွေကို ထုတ်ပစ်ဖို့ စက်ကြီးတစ်ခု ရှိဖို့လိုနေပါတယ်။ အဲဒီစက်က ၂၅ တန်လောက်လေးတဲ့အတွက်ရေခဲပြင်ပေါ်ကို လေယာဉ်ဆင်းပြီး သယ်လို့မရသလို ရဟတ်ယာဉ်နဲ့လည်း မနိုင်ပါဘူး။ ဒီတော့ ကားနဲ့သယ်ဖို့တစ်နည်းပဲ ရှိပါတော့တယ်။ ကားတွေကလည်း ရေခဲလမ်းလို့ ခေါ်တဲ့ ခဲနေတဲ့ မြစ်ရေပြင်ပေါ်က လမ်းကိုဖြတ်မောင်းရမှာဖြစ်ပြီး ဧပရယ်လထဲမှာ ဖြစ်လို့ ဘယ်ဒရိုင်ဘာမှ မမောင်းရဲပါဘူး။ အဲဒီအချိန်မှာ မောင်းပြီးပို့ရဲတဲ့ဒရိုင်ဘာ သုံးယောက်ပေါ်လာတဲ့အခါ ပိတ်မိနေတဲ့သူတွေအတွက် ...
movie
The Ice Road (2021)
2021
7.4
Wrath of Man (2021)
Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie
Wrath of Man (2021)
2021
7.2
Men of Honor(2000)
Men of Honor(2000) ***************** IMDb.....7.2 ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ စကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါ ပါဘူး...သို့ပေမယ့် ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားကချွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ....File Size : (950 MB) Quality : Blu-Ray ...
movie
Men of Honor(2000)
2000
6.6
Vantage Point ( 2008 )
Zawgyi*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB 6.6 ရရှိထားပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးလေးပါ စပိန်နိုင်ငံမှာ ညီလာခံတစ်ခုလာတက်ရင်းအမေရိကန်သမ္မတကြီး လုပ်ကြံသတ်ဖြတ်ခံရပါတယ်ဒါပေမယ့် အဲ့အဖြစ်အပျက်လေးကိုပဲရှုထောင့်မျိုးစုံကနေတင်ပြထားတာဖြစ်ပါတယ် ပြောလိုက်ရင်ပေါ့သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါလို့ တိုက်တွန်းရင်းစလယ်ဆုံး ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အာမခံလိုက်ပါရစေ Unicode*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB ...
movie
Vantage Point ( 2008 )
2008
5.6
Monster Trucks (2016)
movie
Monster Trucks (2016)
2016
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013
7.5
Shot Caller (2017)
ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie
Shot Caller (2017)
2017
1
2
Next