Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Holly Hunter
Thirteen (2003)
IMDb rating- 6.8/10 Award - 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။)File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe ...
movie
Thirteen (2003)
6.9
Moonlight Mile(2002)
Moonlight Mile(2002)********************Roadhouse နဲ့ Southpaw မှာ ပွဲကြမ်းခဲ့တဲ့ မင်းသား Jake Gyllenhaal ရဲ့ ဒွမ်မာကားကောင်းလေးပါ...လူတိုင်းရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ မျှော်လင့်ထားရတာတွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်....။ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ရော ဘယ်လိုဆက်ရင်ဆိုင်မလဲ...။ လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်...။ဂျိုး နဲ့ မကြာခင်လက်ထပ်ရတော့မယ့် ဇနီးလောင်းဖြစ်သူဟာ သေနတ်ပစ်ခတ်မှုမတော်တဆဖြစ်မှုတစ်ခုမှာ သေဆုံးသွားရပါတယ်... ဒါကြောင့်ဂျိုးဟာ ဇနီးလောင်းဖြစ်သူရဲ့မိဘတွေ ပူဆွေးနေတာတွေသက်သာစေဖို့ယောက္ခမအိမ်မှာ သွားနေပေးဖြစ်ပါတယ်...။ ယောက္ခမတွေကလည်း သမီးဖြစ်သူသေဆုံးသွားတော့သမက်ဖြစ်သူကိုသာအားကိုးရင်း နေ့စဥ်ပူဆွေးစရာတွေကျော်ဖြတ်ရင်းပေါ့....။ ဒီလိုနေထိုင်နေရတာကြာလာတော့...ဂျိုးဟာ သူ့ဘဝရဲ့အနှစ်သာရကိုမေ့လျော့လာခဲ့ရပါတယ်... ဘာလို့ဆို ချစ်သူကလည်းသေဆုံးသွား...ဘဝကလည်း သူများတွေအတွက်သာ နှစ်မြုပ်ရင်းအချိန်ကုန်လွန်လာခဲ့လေတော့ အဓိပ္ပာယ်မရှိဖြစ်လာတယ်ပေါ့.... ဒီတော့ ဂျိုးဟာ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝကို ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ရွေးချယ်မလဲ....။ လူတိုင်းမှာ ကိုယ့်နားခိုရာအိမ်ရှိပြီးသားပါ...။ ဂျိုးကရော သူ့ဘဝရဲ့နားခိုးရာအိမ်ကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရင်း... ဘဝနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေကြည့်လို့ရပါပြီဗျာ...။၊ File size…1.7GB / 544MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1hr 57min Genre ….. Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder…. ...
movie
Moonlight Mile(2002)
6.4
Batman v Superman: Dawn of Justice (2016)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Batman v Superman: Dawn of Justice (2016)
2016
4K HEVC
7.7
O Brother, Where Art Thou? (2000)
O Brother, Where Art Thou?(2000) IMDb....7.7/10_______Rotten - 77% အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ.... တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်.... ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်.... ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်.... သူတို့ ထောင်ကလွတ်မြောက်မလား...ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား.... ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး........ ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး ပညာသားပါပါလေးရိုက်ကူးပြထားတာပါ...အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ... 1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင် Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်... Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk ...
movie
O Brother, Where Art Thou? (2000)
2000
7.6
Incredibles 2 (2018)
Incredibles 2 (2018) IMDb - 7.6/10_____Rotten - 94% Blu-Ray 1080p 5.1 CH x264 ပါးမိသားစုဝင်တွေဖြစ်တဲ့ ဘော့ဘ်၊ ဟယ်လန်၊ ဒက်ရှ်၊ ဗိုင်အိုလက်နဲ့ ဂျက်ဂျက်တို့ဟာ သူတို့ရဲ့ စူပါဟီးရိုးဝိသေသ The Incredibles အဖြစ်နဲ့ ဆက်ပြီးရှိ နေခဲ့ပါတယ်။ မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို့ ကမ္ဘာအနှံ့မှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတို့ရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို့ စတန့် အစီအစဉ်တွေပါဝင်ဖို့ ...
movie
Incredibles 2 (2018)
2018
7.6
Incredibles 2 (2018)
Incredibles 2 (2018) IMDb - 7.6/10_____Rotten - 94% ပါးမိသားစုဝင်တွေဖြစ်တဲ့ ဘော့ဘ်၊ ဟယ်လန်၊ ဒက်ရှ်၊ ဗိုင်အိုလက်နဲ့ ဂျက်ဂျက်တို့ဟာ သူတို့ရဲ့ စူပါဟီးရိုးဝိသေသ The Incredibles အဖြစ်နဲ့ ဆက်ပြီးရှိ နေခဲ့ပါတယ်။ မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို့ ကမ္ဘာအနှံ့မှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတို့ရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို့ စတန့် အစီအစဉ်တွေပါဝင်ဖို့ ကမ်းလှမ်း တာလည်း ဖြစ်ပါတယ်။အဲဒါနဲ့ ဟယ်လန်ဟာ ...
movie
Incredibles 2 (2018)
2018
6.8
The Firm (1993)
The Firm (1993) IMDB - 6.8/10_____Rotten Tomatoes - 75% Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့ သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ...
movie
The Firm (1993)
1993
8.0
The Incredibles (2004)
The Incredibles (2004) IMDb - 8.0/10_____Rotten - 97% Won 2 Oscars. Another 65 wins & 56 nominations. Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။) animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ ...
movie
The Incredibles (2004)
2004
7.9
The Big Sick (2017)
The Big Sick (2017) IMDb - 7.5/10_______Rotten - 98%CM ပရိတ်သတ်တွေကို ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Big Sick" ပဲဖြစ်ပါတယ်IMDB 7.5 နဲ့ ပရိတ်သတ်အားပေးမှုကို ရရှိထားတာဆိုတော့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါဇာတ်လမ်း အကြောင်းအရာကတော့ကူမေးလ်နမ်ဂျီယာနီ ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ပါကစ္စတန် ဟာသပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူဟာ လူတွေရှေ့မှာ ဟာသပြောရတဲ့ ပညာရှင် တစ်ယောက်ပါတစ်နေ့မှာတော့ သူ့ပွဲမှာ လာအားပေးတဲ့ အမ်မလီဆိုတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်ဆုံတဲ့နေ့မှာဘဲ အနောက်တိုင်းထုံးစံအတိုင်း အတူနေခဲ့ကြပါတယ်ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တိုးပွားခဲ့ပါတယ်ဒါပေမယ့်...ပါကစ္စတန်လူမျိုးတွေဟာ မိဘတွေ စီစဉ်ပေးတဲ့သူနဲ့ လက်ဆက်ရပါတယ် ....လူမျိုးမတူ ဘာသာမတူတဲ့ လူနဲ့ လက်ထပ်တဲ့လူတိုင်းကို မိသားစုကနေ ဖယ်ထုတ်ခြင်းခံရပါတယ်...စကားပြောခွင့်ဆက်သွယ်ခွင့်မရှိပါဘူး....ဒီထုံးစံကို သိတဲ့ ကူမေးလ်ဟာ အမ်မလီကိုလဲ ဖွင့်မပြောချင် မိဘတွေကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့ ပြောလို့ မထွက်ခဲ့ပါဘူး...တစ်နေ့မှာတော့ အမ်မလီဟာ ဒီအကြောင်းအားလုံးကို သိခဲ့ပါတယ်..သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်..ဒါပေမယ့်...အမ်မလီဟာ ...
movie
The Big Sick (2017)
2017