Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Holland Taylor
8.2
The Truman Show (1998)
The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie
The Truman Show (1998)
4K HEVC
6.1
The Wedding Date (2005)
Kat Ellis ဆိုတဲ့ကောင်မလေးကတော့ အပျိုကြီးဖြစ်ရမှာကို ကြောက်နေတဲ့သူတစ်ယောက်ပေါ့တစ်နေ့မှာ သူ့ညီမဖြစ်သူက သူ့ထက်အရင် မဂ်လာဆောင်ပြီလို့ သိလိုက်ရတဲ့နောက်...သူ့ညီမ မဂ်လာပွဲကို သွားဖို့ ရည်းစားအဖြစ် လိုက်ပေးမယ့်သူကို ရှာငှားတော့တာပေါ့ဒီလိုနဲ့ သူ့ညီမ မဂ်လာဆောင်မှာ ဘာတွေဖြစ်ကုန််မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ရိုမန့်တစ်ဆန်ဆန်ကားလေးပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Mark ပါ )File size_(2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
The Wedding Date (2005)
6.8
To Die For (1995)
To Die For [1995] (IMDb 6.8/10, RT 66%)မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင် ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ... ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ... သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ... ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့် သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်... ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး... သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်... ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ ...
movie
To Die For (1995)
1995
6.0
Baby Mama (2008)
ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီးကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာမိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။ File size… 1.9 GB / 934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Baby Mama (2008)
2008
6.8
Quiz Lady (2023)
Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများမင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh,Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်..ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲသူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့်မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီးသူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာကတော့ မင်းသမီးရဲ့ Character development, ...
movie
Quiz Lady (2023)
5.3
D.E.B.S. (2004)
အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။(တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ...
movie
D.E.B.S. (2004)
5.0
Cinderella II: Dreams Come True (2001)
Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရောထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် Iလောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီးစင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကိုပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ်ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကိုသူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲတွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ်ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမအန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန်တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / ...
movie
Cinderella II: Dreams Come True (2001)
6.0
Cinderella III: A Twist in Time (2007)
စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံးဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့Rotten Tomatoes မှာ 75% ရရှိထားပါတယ်။Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ်တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေးပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကားအတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါစင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေးတွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အားဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှုလိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။ File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Cinderella III: A Twist in Time (2007)
5.5
George of the Jungle (1997)
George of the Jungle (1997)ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie ...
movie
George of the Jungle (1997)
1997
6.8
Bill & Ted Face the Music 2020
Bill and Ted: Face the Music (2020) IMDb 6.8/10 1989 တုန်းက Bill and Ted's Excellent Adventure အမည်နဲ့ ပထမဆုံး ထွက်ရှိခဲ့ပြီး 1991 မှာ Bill and Ted's Bogus Journey အမည်နဲ့ ဒုတိယအကြိမ် ထွက်ရှိခဲ့ပြီး အခု 2020 August 28 မှာ Bill and Ted: Face the Music ဆိုပြီး sequel ထပ်ပြီး ထွက်ရှိလာခဲ့ပါပြီ comedy science-fiction ဖြစ်ပြီး critics တွေရဲ့ positive review တွေလည်း ရရှိထားပါတယ်။ ဒီ sequel မှာတော့ Bill နဲ့ Ted တို့ဟာ ...
movie
Bill & Ted Face the Music 2020
6.8
Bombshell (2019)
ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်တကယ့်အချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီးတခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့Fox News ရုပ်မြင်သံကြားချန်နယ်အတွင်းအမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်းဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 ...
movie
Bombshell (2019)
6.3
To All the Boys: P.S. I Still Love You (2020)
(Unicode)အခု မိတ်ဆက်ပေးမှာကတော့ 2018 က ထွက်ခဲ့တဲ့ To All the Boys I've Loved Before ဆိုတဲ့ အမေရိကန်အချစ်ဇာတ်ကားလေးရဲ့ နောက်ဆက်တွဲအနေနဲ့2020 မှာ ထပ်မံရိုက်ကူး ထုတ်လွှတ်လာတဲ့ To All the Boys: P.S. I Still Love You ဆိုတဲ့ ဇာတ်ကားလေးပါပထမကားမှာတုန်းကလိုပဲ လူငယ်ကြိုက် အချစ်ကားလေးဟာ ပရိသတ်ကို စိတ်မပျက်ရမယ့် ကြည်နူးစရာ အချစ်ဇာတ်ဝင်ခန်းလေးတွေနဲ့ ထပ်မံ ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်လာရာဂျင်းနဲ့ ပီတာကတ်ဗင်စကီနဲ့ ပထမဆုံးဒိတ်လေးနဲ့ ဇာတ်လမ်းလေးကို စတင်ထားပြီး ရင်ခုန်ကြည်နူးစရာ ချစ်သူဘဝလေးကို ပုံဖော်ပြထားပါတယ်အဲလိုအချိန်မှာပဲ လာရာဂျင်းရဲ့ နောက်ထပ် ရည်းစားစောင်တစ်စောင်ကို လက်ခံရရှိခဲ့တဲ့ အလယ်တန်းတုန်းက ဂျွန်အမ်ဘရို့စ်ဆီက ပြန်စာတစ်စောင်လက်ခံရရှိလိုက်တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ....ဂျွန်အမ်ဘရို့စ်ဟာ လာရာဂျင်းနဲ့အတူ ...
movie
To All the Boys: P.S. I Still Love You (2020)
2020
6.5
Gloria Bell (2019)
ဂလိုရီယာဆိုတဲ့ အမျိုုးသမီးတစ်ယောက်ရှိတယ်။ မျက်မှန်လေးနဲ့ အသက်ကြီးလဲ မပျက်စီးသေးတဲ့ အလှမျိုးနဲ့မိန်းမတစ်ယောက်။ ယောကျာ်းနဲ့ကွာရှင်းထားပြီးတော့ သားသမီးနှစ်ယောက်ကလဲ အတောင်စုံလို့ ပျံထွက်သွားကြတဲ့အချိန်မှာ ဂလိုရီယာတစ်ယောက် ဘဝကိုနေချင်သလို လှလှလေးနေထိုင်ရင်းနဲ့ အချစ်တစ်ခုကိုရရှိခဲ့ပါတယ်။ သူတွေ့ခဲ့ရတဲ့ သူ့ရဲ့လေးဆယ်ကျော်အချစ်ကအာနိုးလ်တန်နာလို့ခေါ်တဲ့ ကစားကွင်းပိုင်ရှင်တစ်ယောက်။ သူလဲပဲ မိန်းမနဲ့ကွာရှင်းထားတဲ့သူပဲ ဒါပေမယ့် သူ့အနေအထားကဂလိုရီယာ့လိုမပေါ့ပါးပဲ သားသမီးတွေကြောင့် အမြဲစိတ်ရှုပ်နေရတတ်တဲ့သူ။ သူတို့ကြားမှာဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာကို သူတို့ဘယ်လိုရင်ဆိုင်မလဲ ဆုံးဖြတ်မလဲဆိုတာကို ရိုက်ကူးထားတာပါ။ (ဒီကားလေးကို အသက်ကြီးတဲ့စုံတွဲတွေလို့ မတွေးပဲ အချစ်မှာအသက်အပိုင်းအခြားတွေဆိုတာ မရှိဘူးလို့တွေးကြည့်ပြီးတော့ကြည့်ကြပါ။ အထူးသဖြင့် အခုတစ်ယောက်နဲ့လဲ မရှင်းမရှင်းနဲ့ နောက်တစ်ယောက်ဆီကိုမေးလေးထောက်ပြီးတော့ ချစ်ခွင့်ပန်နေကြတဲ့ ချစ်ဖို့ကြိုးူစားနေတဲ့သူတွေကိုမှ သဘောကျနေမိတဲ့ တချို့သူတွေကြည့်သင့်ပါတယ် ဘယ်လောက်အာရုံနောက်ရတယ်ဆိုတာ ) File Size : (1.43 GB,) Quality : Blu-ray 1080p,720p Running Time : 1h 42min Format : Mp4 Genre : Drama,Comedy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Charm Encoded by sithu
movie
Gloria Bell (2019)
2018
5.1
Spy Kids 2: The Island of Lost Dreams (2002)
Spy Kids 2 ဇာတ်ကားကတော့ 2002ကရိုက်ကူးခဲ့တဲ့American spy adventure comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့Alexa vega,Daryl Sabara,Antonio Banderas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားထဲမှာဆိုရင်တော့ ပထမကားထဲကCarmen နဲ့ Juniတိို့ကို Agentတွေ အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကို အငယ်ဆုံးစပိုင်အဖြစ်အသိအမှတ်ပြုကြပေမယ့်အတော်ဆုံးစပိုင်အဖြစ်တော့ အသိအမှတ်မပြုကြပါ။ဒါကြောင့်ပထမဇာတ်ကားမှာ သူတို့ကိုကယ်ခဲ့တဲ့Gary နဲ့ Gerti Gigglesတို့နဲ့တွေ့ပြီး စမ်းသပ်လေ့ကျင့်ကြပါတယ်။အဲ့အချိန်မှာတော့ juni ဟာ မအောင်မြင်တာကြောင့်Agent အဖြစ်မှအဖြုတ်ခံလိုက်ရပါတယ်။ဒါပေမယ့်နောက်နေ့မနက်မှာတော့ Carmen ဟာDatabase ကို hackပြီး Juni ကို Agentအဖြစ်ပြန်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(950 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie
Spy Kids 2: The Island of Lost Dreams (2002)
2002
4.2
Spy Kids 3-D: Game Over (2003)
Spy kids 3 ဇာတ်ကားကတော့အရှေ့က Spy kids 1,2 ကြည့်ပြီးသူတွေအဖို့ရှည်ရှည်ဝေးဝေး ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ကောင်းမှန်းသိကြမယ်လို့ထင်ပါတယ်။ဒါပေမယ့် ဇာတ်လေးလည်းနည်းနည်းသိအောင်အကျဉ်းချုပ်ပြောပြပါဦးမယ်။ဒီနံပါတ်၃ကားမှာဆိုရင်တော့ Juniဟာအကြောင်းအမျိုးမျိုးကြောင့် Spy အလုပ်ကနေ အနားယူခဲ့ပြီးလစာနည်းပေမယ့် စိတ်အေးချမ်းတဲ့ဘဝရနိုင်တဲ့သီးသန့်စုံထောက်အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ OSS အဖွဲ့ရဲ့ခေါင်းဆောင်ဆီကနေအထင်မှတ်တဲ့သတင်းတစ်ခုကြားခဲ့ရပါတယ်။ဒါကတော့ သူ့အမ Carmenဟာ OSSရဲ့ mission အမှားတစ်ခုကြောင့်ပျောက်နေတယ်ဆိုတဲ့သတင်းပါပဲ။အဲ့နောက်မှာတော့ juniဟာ OSSကိုပြန်လာပြီးသူ့အမကို ရှာဖွေဖို့ပြုလုပ်ပါတော့တယ်။အဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာဇာတ်ကားလေးထဲမှာ ဆက်လက်စီးမျောကြပါတော့....။ File size…(850 MB) and (350 MB) Quality…BR-Rip 1080p Format…mp4 Duration….01:22:37 Subtitle….Myanmar Subtitle (Hardsub) Translated by May Thazin Phoo Encoded by Naing Aung Latt
movie
Spy Kids 3-D: Game Over (2003)
2003
6.3
Legally Blonde (2001)
မင်းသမီး Reese Witherspoon ရဲ့နာမည်ကြီးဇာတ်ကားပါ။ IMDb Rating (6.2/10) ရရှိထားပြီး Romance/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဖက်ရှင်ရဲ့အရေးပါပုံကို တင်စားရိုက်ကူးထားပေမယ့် ဒီထက်ပိုလေးနက်တဲ့အတွေးအမြင်ကိုပေးထားနိုင်ပါတယ်။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ကျွမ်းကျွင်ပိုင်နိုင်တဲ့အရည်အသွေးတွေရှိကြပြီး ဒါကိုရိုးရိုးသားသားအသုံးချနိုင်ရင် ဘယ်အရည်အသွေးပဲဖြစ်ဖြစ် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ထင်ဟပ်ပြထားပါတယ်။ မိန်းကလေးပရိတ်သတ်တွေ လက်လွတ်မခံတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ (ဒီဇာတ်ကားကို Su Yadanar Oo မှာခံစားတင်ဆက်ထားပါတယ်။)File size...(850MB) Quality...BR-Rip 720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
Legally Blonde (2001)