Channel Myanmar

Hoàng Yến Chibi

B4S – Before Sex (2024) 6.7
B4S – Before Sex (2024)  "Before Sex" ရုပ်ရှင်ကတော့ ဗီယက်နမ်လူငယ်အချစ်ဟာသဇာတ်လမ်းကောင်းတခုဖြစ်ပြီး ငယ်ရွယ်တဲ့စုံတွဲသုံးတွဲကြားက အချစ်၊ လိင်တပ်မက်မှုနဲ့ ဆက်ဆံရေးတည်ဆောက်မှုတွေရဲ့ ရှုပ်ထွေးနက်နဲမှုအကြောင်းကိုစူးစမ်းလေ့လာပြီး ထည့်သွင်းတင်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အချစ်ကံခေတဲ့ လူငယ်လေးတွေရဲ့ ဘဝလမ်းကြောင်းတွေဟာမျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့ ဆုံစည်းဖို့ဖြစ်လာတဲ့အခါလူငယ်တွေကြားက ဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်မှုတွေဘဝရဲ့အားနည်းချက်တွေ၊ ရူးသွပ်မှုတွေနဲ့ မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတွေအကြောင်း၊ အချစ်နဲ့ လိင်စိတ်ဆန္ဒတွေစတဲ့ လေးနက်မှုတွေအကြောင်းကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာကြောင့်မိုးအေးအေးနဲ့ကွေးပြီး အရသာခံကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။  File size…1.52GB / 731MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

B4S – Before Sex (2024)

Kumanthong (2019) 5.6
Kumanthong (2019)  သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ...ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း ...
movie

Kumanthong (2019)

Go-Go Sisters 2018
Go-Go Sisters 2018 လူတိုင်းမှာ သူငယ်ချင်းတွေကိုယ်ဆီရှိတတ်ကြပါတယ် ဒါပေမဲ့ သူငယ်ချင်းတိုင်းကတော့ ကိုယ့်ဘေးမှာအမြဲရှိနေပေးနိုင်တဲ့သူတွေမဟုတ်ပါဘူး ကိုယ့်ဘဝနဲ့ ကိုယ်ရှေ့ဆက်ဖို့ ခွဲခွာကြရတာများပါတယ် အထူးသဖြင့်ငယ်သူငယ်ချင်းတွေပေါ့ ဒီကားထဲမှာလည်းအဲ့လိုပါပဲ 'ဟွန်ဟေးဖွန်း' ဆိုတဲ့ အမျိုးသမီး ဟာအသက်40 အရွယ်သာမာန်အိမ်ရှင်မတစ်ယောက်ပါ ယောကျာ်းအလုပ်အကိုင်ကောင်းတာကြောင့်ငွေကြေးလည်းပြည့်စုံပါတယ် တစ်နေ့တော့သူအမေနေမကောင်းဖြစ်နေတဲ့ဆေးရုံကိုလာရင်းငယ်သူငယ်ချင်းဟောင်း 'ယွန်' နဲ့ပြန်တွေ့ပါတယ် ယွန် ကကင်ဆာရောဂါ ခံစားနေရတာပါ 'ယွန်' က 'ဖွန်း'ကို သူရဲ့နောက်ဆုံးဆန္ဒလေးကိုပြောပြပါတယ် သူဆန္ဒကသူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ဖို့ပါ 'ဖွန်း' ဟာ 'ယွန်'ကြောင့် သူငယ်ချင်းတွေကိုပြန်ရှာဖိူ့လုပ်ပါတော့တယ် ငယ်ငယ်ကအမြဲတမ်း တစ်တွဲတွဲရှိခဲ့ကြတဲ့ သူငယ်ချင်း6ယောက်ဟာ ဘာလို့ နှစ်တွေအကြာကြီး အဆက်အသွယ်မရှိတော့တာဘာကြောင့်လဲ သူတို့ကြားထဲဘာတွေဖြစ်ပျက်ခဲ့တာလဲ 'ဖွန်း' ကရော သူငယ်ချင်းဟောင်းတွေကို အကုန်ပြန်ရှာနိုင်ပါ့မလား ဆိုတာ ကိုတော့ဆက်လက်ကြည့်ရှု့လိုက်ပါ ဇာတ်ကားထဲမှာ ဆယ်ကျော်သက်အရွယ်ရဲ့ငယ်ရွယ်လွတ်လပ်မှုတွေအပူအပင်မရှိမှုတွေကိုရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါ ခံစားရတဲ့ စိုးရိမ်မှုတွေနဲ့ အတူယှဥ်ပီး ရိုက်ကူးထားပါတယ် ဒီဇာတ်ညွှန်းတစ်ခုတည်းကိုပဲကိုးရီးယားversion ဂျပန် versionရိုက်ထားတာလည်းရှိပါတယ် အခုတင်ဆက်ပေးလိုက်တာတော့ ဗီယက်နမ် versionလေးပါ ဒီကားလေးကြည့်ပီးရင်တော့ဝေးကွာခဲ့ရတဲ့ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ပြန်သတိရစေမှာပါ......File Size : 600 ...
movie

Go-Go Sisters 2018

Go-Go Sisters (2018) 7.2
Go-Go Sisters (2018) ဒီဇာတ်ကားကတော့ အထက်တန်းကျောင်းသူလေးခြောက်ယောက်ရဲ့ ' ကျောင်းသူဘဝကနေ လူလတ်ပိုင်း အမျိုးသမီးဖြစ်လာတဲ့အချိန်အထိ ရိုက်ပြထားတာပါ ကျောင်းသားဘဝတုန်းက မိန်းကလေးခြောက်ယောက်ဟာ မြင်းရိုင်းလေးများဆိုပြီး အဖွဲ့ဖွဲ့ထားပါတယ် အတူစား အတူသွား အတူရုန်းကန်လှုပ်ရှားခဲ့ရပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရပါတယ် နောက်ပိုင်း အသက်ကြီးလာပြီး အိမ်ထောင်ကျသွားတဲ့အချိန် ကြတော့မှ အဖွဲ့ဝင်တစ်ယောက်ဟာ ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်နေမှန်း သိလိုက်ရပါတယ် ငယ်ဘဝတုန်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ့ဖို့ကြိုးစားတဲ့အချိန်မှာ အားလုံးအတူတူ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုရမယ့် ဗီယက်နမ်ကားကောင်းလေးပါ   File Size -  1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Paxton Encoder - Thit San Khant
movie

Go-Go Sisters (2018)

2018
Butterfly House (2019) 7.8
Butterfly House (2019) တကယ်လို့သင့်မိဘတွေကသာ ဂေးတစ်ယောက်ဖြစ်နေမယ်ဆိုရင်? Netflix မှာပြခဲ့ဖူးတဲ့ ဗီယက်နမ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်း-ဟွမ်ဆိုတဲ့ကောင်လေးက ဟန်နွိုင်းသူတစ်ယောက်နဲ့ကြိုက်မိပါတယ်။ တစ်နေရာနဲ့တစ်နေရာဝေးကြတယ်ဆိုတော့ ဟွမ်မိ့ဘတွေကသဘောတူပေမယ့် ဟန်နွိုင်းသူဘက်က နေရာကွာဝေးတာကြောင့်ရော၊ရှေးရိုးစွဲအမြင်တွေကြောင့် သဘောမတူချင်ပါဘူး။ ဟွမ့်အဖေနဲ့ဟွမ့်ကိုစောင့်ရှောက်လာတဲ့အမေကဂေးဖြစ်ပြီး ဟမ်တို့က ဂေးဘားထောင်ထားပါတယ် ဟိုဘက်က ရှေးရိုးစွဲတဲ့မိဘတွေကြောင့် ဟွမ်က ကြီးလာတဲ့အထိစောင့်ရှောက်လာတဲ့ဂေးအမေကို ဖုံးကွယ်ခဲ့ပါတယ်။ လူငယ်တွေရဲ့အချစ်ရေးကိုဦးတည်ထားပေမယ့် LGBT ကိုအသားပေးရိုက်ထားတဲ့ကားလေးပါ။ ဂေးနေရာမှာ သရုပ်ဆောင်ထားတဲ့သူတွေရဲ့ သရုပ်ဆောင်ကောင်းတာကြောင့် ဇာတ်လမ်းကို စီးမျောသွားပြီး သူတို့နေရာမှာ ခဏတဖြုတ်ပဲဖြစ်ဖြစ် နားလည်ခံစားမိပါတယ်။ သူတို့ကြားက သံယောဇဥ်က စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်တမ်းဂေးတွေ သူတို့အလုပ်မှာအရမ်းကြိုးစားပြီး respect ရှိတာတွေ နေရာတစ်နေရာမှာ ကိုယ့်ကိုကိုယ်ရဲ့ဖြစ်တည်မှုကို အားလုံးနဲ့ဆန့်ကျင်ပြီး ရပ်တည်နိုင်ခဲ့တာတွေက သူ့ဟာနဲ့သူတော့ အံသြစရာကောင်းပါတယ်။ ဒီကားထဲမှာ သားကိုစောင့်ရှောက်နေတဲ့ဂေးအမေတစ်ယောက်ကို မြင်ရမှာပါ    File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - DoDo Encoder - Thit San Khant
movie

Butterfly House (2019)

209