Channel Myanmar

Hiroshi Ôkôchi

Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie

Hula Girls (2006)

Lorelei: The Witch of the Pacific Ocean (2005) 5.3
Lorelei: The Witch of the Pacific Ocean (2005) Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie

Lorelei: The Witch of the Pacific Ocean (2005)

2005
Like Father, Like Son (2013) 7.8
Like Father, Like Son (2013) Like Father, Like Son(2013) IMDb.....7.8,,,,Rotten.....87%  ဒီဇာတ်ကားရဲ့အစ(၁၀)မိနစ်လောက်မှာ ခင်ဗျားတို့ဟာ မိသားစုတစ်စုရဲ့ နိစ္စဓူ၀ လုပ်ငန်းစဉ်လေးတွေကိုတွေ့လိမ့်မယ်...အဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်.....အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်နဲ့ မိသားစုအပေါ်ဦးဆောင်ပုံ၊ သားသမီးနဲ့ မိန်းမအပေါ် ဘယ်လိုသဘောထားပုံကိုတွေ့ရမယ့်အပြင်ဇနီးသည်ဖြစ်သူရဲ့ ပါရမီဖြည့်ဟန်နဲ့  အသက်(၆)နှစ်အရွယ် သူတို့ထုဆစ်နေတဲ့သားလေးရဲ့ လောကကြီးပေါ် လျော်လှမ်းဖို့ကြိုးစားပုံတွေကိုပထမ(၁၀)မိနစ်လောက်မှာ သိသွားလိမ့်မယ်...တစ်နေ့ ဒီသားလေးမွေးတဲ့ ဆေးရုံကနေ လာခဲ့ဖို့ပြောလို့သွားတဲ့အခါမှာ ဆေးရုံက တာဝန်ရှိသူတွေကပြောတယ်....လွန်ခဲ့တဲ့(၆)နှစ်က ကျွန်တော်တို့ဆေးရုံမှာ ခင်ဗျားတို့ ကလေးလွဲသွားတယ်တဲ့......မိဘ(၂)ဦးအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ရပ်ပါပဲ....အဲ့ဒီအချိန်မှာ သူတို့ DNA ပြန်စစ်တော့ တကယ်လည်း လွဲမှားနေတယ်....ဆေးရုံက လူကြီးတွေက လွဲခဲ့တဲ့ (၂)ဘက်မိဘတွေကိုတွေ့ဆုံပေးတယ်...ဒီနေရာမှာ ကြည့်ရှူနေတဲ့ ခင်ဗျားတို့သာဆိုရင်ရော ဘယ်လိုလုပ်မလဲ....ကိုယ့်သားလေးအရင်းဆိုပြီး(၆)နှစ်လုံးပြုစုပျိုးထောင်လာခဲ့တာ...ဟော ခုတော့ သားအရင်းမဟုတ်တော့ဘူးတဲ့.....ကလေးချင်းပြန် လဲမှာလား.....ဒီလိုကျပြန်တော့လည်း (၂)ဘက်မိဘတွေကမလုပ်ရက်ပြန်....မလဲရင်လည်း ကိုယ့်သားအရင်းမဟုတ်တဲ့အပြင်  ကျောင်းမွေးစာရင်းမှာ မိဘရဲ့ DNAက မကိုက်လို့ကျောင်းအပ်ဖို့ကလည်းအခက်အခဲဖြစ်.....Capernaum(2018) ဇာတ်ကားထဲမှာတော့ ခင်ဗျားတို့အားလုံးဟာဇိမ်းရဲ့အဖြစ်တစ်ခုကို လိုက်လံခံစားရတာ...ပြောချင်တာက ဇိမ်းပါဝင်တဲ့Capernaum(2018)လိုကားမျိုးကိုကြိုက်တယ်ဆိုဒီကားကိုလည်းကြည့်ကြပါလို့ပြောချင်တယ်...ဒီကားမှာတော့ မိဘ (၄)ယောက်နဲ့ သားလေး(၂)ယောက်နောက်ကိုပါ လိုက်ပြီးတွေးရတယ်.....ငါဆိုရင်ရော  ဘယ်လိုလုပ်မလဲ....အကောင်းဆုံးဖြစ်အောင် ...
movie

Like Father, Like Son (2013)

2013