Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hiroshi Kanbe
7.9
Love Letter (1995)
Love Letter ( 1995 )Directed by Shunji Iwaiရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက ...
movie
Love Letter (1995)
7.7
Always – Sunset on Third Street (2005)
Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie
Always – Sunset on Third Street (2005)
2005
5.5
[18+] Suki demo nai kuseni – Even Though I Don’t Like It (2016)
ဂျပန် မင်းသမီးချော Riko ပါဝင်သရုပ်ဆောင်ထားပြီး ထူးထူးခြားခြား IMdb 5.5 ရထားပါတယ်။အေးဆေးနေတက်တဲ့ တိုကိုတို တစ်ယောက်စတိုးဆိုင်မှာအလုပ်လုပ်နေရင်းက စိတ်မပါတော့လို့ အလုပ်ထွက်လိုက်ပြီးဝါသနာပါရာ အနုပညာလုပ်ငန်းကိုလုပ်ကိုင်ဖို့ နေ့စားအလုပ် တစ်ခုလုပ်နေရင်းက အလုပ်ထဲကယောကျာၤးလေးတစ်ယောက်နဲ့ခင်မင် ရင်းနှီးပြီး တိုကိုတို လျှောက်လှမ်းချင်တဲ့အနုပညာလမ်းပေါ် ခြေတစ်ဖက်လှမ်းမိပါတယ်။ တစ်နေ့ တိုကိုတိုတစ်ယောက် သူ့မိတ်ဆွေယောကျာၤးလေးနဲ့ အတူသောက်ရာမှ အမူးလွန်ပြီး နယ်ကျွံမိပါတော့တယ်။ထိုယောကျာၤးလေးကလဲ တိုကိုတိုရဲ့ အသွေးအသားနဲ့ လှသွေးကြွယ်မှု့တွေကို အရူးမူးစွဲလမ်းသွားပါတော့တယ်။တိုကိုတိုအနုပညာလမ်းကြောင်းပေါ်ရောက်ရှိသွားပြီးနောက် Little Miss ဆိုတဲ့ ဆော်ကြည် မော်ဒယ်တစ်ယောက်က သူတို့နှစ်ဦးကြားကို ဂြိုလ်ဝင်လာပါတော့တယ်။ ကဲပုရိတ်သတ်ကြီး ဘယ်သူက ဘယ်သူ့ကို ချစ်လဲဘယ်သူကဘာကိုလိုချင်တာလဲ အနုပညာလမ်းကြောင်းကလဲ ဘယ်လောက်ကောက်ကွေ့သလဲဆိုတာ ဆက်လက်အားပေးပါဦး။သံဝေဂရစရာလေးကတော့ အချစ်နဲ့တဏှာ ဆိုတာလားလားမှမသက်ဆိုင်ပါဘူးတဲ့။ File size…(800 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Darkside Translated by Ki Mu Chi
movie
[18+] Suki demo nai kuseni – Even Though I Don’t Like It (2016)
2016
7.2
Destiny: The Tale of Kamakura (2017)
ဒီဇာတ်ကားလေးကတော့ Rating 7အထိကိုရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်ကားလေးဖြစ်ပြီး Crime, dramaကားအမျိုးအစားလေး ဖြစ်ပါတယ်ဒီကားလေးမှာဆိုရင်တော့အီရှီကီဆိုတဲ့သူနဲ့အာဆာကိုတို့လက်ထပ်ပြီးနောက်အီရှီကီရဲ့မွေးရပ်မြေကိုရောက်လာတယ်ထူးခြားတာကအဲ့မှာလူတွေတင်မကဘူး ဝိညာဉ်တွေပါနေထိုင်တယ်သူတို့လည်းဝိညာဉ်တွေနဲ့ ပြောဆိုဆက်ဆံရတာပေါ့သေခြင်းရှင်ခြင်းကြားမှာထပ်ပြီးနေလို့ရသေးတာတွေတွေ့ရတယ်တမလွန်အကြောင်းတွေကိုလည်းရှင်းပြထားတယ်ကိုယ်ထဲကလိပ်ပြာထွက်တဲ့အကြောင်းတွေလည်းပြထားတယ်ဝိညာဉ်နဲ့ ပတ်သက်တာကြိုက်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားတစ်ကားပေါ့သူတို့ရဲ့ ဝိညာဉ်တွေနဲ့အတူဘယ်လိုနေကြလဲအီရှီကီကရဲစခန်းမှာအကြံပေးလည်းလုပ်တော့စုံထောက်ဆန်တဲ့ဇာတ်ဝင်ခန်းတွေလည်းပါတယ်တစ်နေ့ အာဆာကိုရဲ့ဝိညာဉ်က ကိုယ်ထဲကထွက်သွားပါလေရောအဲ့တော့ သေမင်းကလာခေါ်ရောအီရှီကီက အဲ့ဒါကိုတားဆီးနိုင်မလားမတားနိုင်ဘဲ တမလွန်ကိုပါသွားရင်ရောဘယ်လိုဖြစ်မလဲဘာတွေရောဆက်ဖြစ်ကြဦးမှာလဲဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို Destiny.The Tale of Kamakura 2017ဆိုတဲ့ ဂျပန်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦးရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ)File Size : (0.99 GB) and (450 MB) Quality : Blu-Ray 720p Running Time : 2hr 09min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-WiKi Translated by May Nandar Kyaw Encoded by Thanhtike ...
movie
Destiny: The Tale of Kamakura (2017)
2017