Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hiroki Miyake
7.0
Hula Girls (2006)
The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie
Hula Girls (2006)
6.1
Last of the Wolves (2021)
ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie
Last of the Wolves (2021)