Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hirokazu Umeda
7.9
Love Letter (1995)
Love Letter ( 1995 )Directed by Shunji Iwaiရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက ...
movie
Love Letter (1995)
7.1
April Story (1998)
April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie
April Story (1998)
1998