Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hio Miyazawa
6.9
52-Hertz Whales (2024)
မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံတော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
52-Hertz Whales (2024)
7.2
Egoist (2023)
အချစ်ဆိုတာဘာလဲ ရယူခြင်းလား ပေးဆပ်ခြင်းလားလိုမေးလာရင်တော့ သေချာပါတယ် အဖြူနဲ့အမဲလို နှစ်ပါတီကွဲနေမှာပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုတော့ ဆက်ဆံရေးတစ်ခုကို အမြဲတမ်း ကိုယ်ကပဲရယူချင်တဲ့ အတ္တတစ်ခုတည်းနဲ့တော့ တည်ဆောက်လိုမရပါဘူး။သိတတ်စအရွယ်ကတည်းက အမြဲနေမကောင်းနေတဲ့အမေက ခိုဆုခဲအတွက် လိုအပ်တဲ့မေတ္တာတွေ အပြည့်အဝမပေးနိုင်ခဲ့ပါဘူး။ အမေဆိုတဲ့ပေါင်းကူးတံတားလေးမရှိတော့ ခိုဆုခဲနဲ့သူ့အဖေကြားမှာလည်း နွေးထွေးမှုဆိုတာက ပျောက်ဆုံးနေတာပေါ့။ ဒီလိုနဲ့ပဲ 14 နှစ်အရွယ်မှာ အမေဆုံးသွားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့sexual orientation ကို ဖုံးပြီးမနေထိုင်ချင်တဲ့ခိုဆုခဲတစ်ယောက် 18 နှစ်မှာ တိုကျိုကိုထွက်သွားခဲ့ပါတယ်။တစ်ချိန်က ရွာဇနပုဒ်က ခပ်စုတ်စုတ်ကောင်လေးက အခုချိန်မှာတော့ မဂ္ဂဇင်းအယ်ဒီတာဖြစ်ပြီး ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနေတဲ့အပြင် သူငယ်ချင်းဂေးတွေနဲ့တူတူ အစွမ်းကုန်ပွင့်လန်းနေတာပေါ့။ အရာရာပြည့်စုံစပြုနေပေမဲ့ ချစ်ခြင်းမေတ္တာငတ်နေတဲ့ ခိုဆုခဲရဲ့ဘဝထဲကို ငယ်ငယ်ချောချော တောင့်ဖြောင့်နေတဲ့ အားကစားtrainerလေး ရုတ ဝင်ရောက်လာတဲ့အခါ....ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တဲ့ခိုဆုခဲတစ်ယောက် ရုတဆိုတဲ့ကောင်လေးကို သူ့ဘဝမှာလက်ခံဖိုအတွက် ချစ်တတ်ဖို ဘယ်လိုသင်ယူသွားမလဲ။ ရုတလေးကရော မချစ်တတ်သူကြီးရဲ့ ကျောက်ဆစ်နှလုံးသားကို အရည်ဖျော်ရင်း အားကစားလေ့ကျင့်ပေးရင်းနဲ့ အချစ်သင်ခန်းစာကိုပါ ပိုချပေးသွားနိုင်မလားဆိုတာ ...
movie
Egoist (2023)
6.7
The Legend And Butterfly(2023)
The Legend And Butterfly(2023)******************************ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းကပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ ..ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ ..ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုကမင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ ...တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ ..စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့... File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae
movie
The Legend And Butterfly(2023)
7.3
To Every You I’ve Loved Before (2022)
IMDb 7.2/10 MyAnimeList 7.4/10To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ (နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်ပေးဦးမှာပါ)။ ဝတ္ထုအနေနဲ့တုန်းကလည်း အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်တွေကိုစိတ်ကျေနပ်မှုပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယမြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါသေးတယ်ဇာတ်လမ်းကတော့ အခုခေတ်စားနေတဲ့ အပြိုင်ကမ္ဘာတွေအကြောင်းအခြေခံထားပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်ကတော့ ကောင်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။ အချစ်ဇာတ်လမ်းလေးကိုလှလှပပ ရယ်မောငိုကြွေးနိုင်အောင်ကိုတင်ဆက်ပေးသွားနိုင်ခဲ့တာမလို့ ကြည့်နေရင်းနဲ့ အပြိုင်ကမ္ဘာတွေအကြောင်းကိုစိတ်မဝင်စားတော့ အချစ်ဇာတ်လမ်းထဲမှာမျောပါသွားနိုင်တဲ့အထိပါပဲ။ဇာတ်လမ်းအကျဥ်းကတော့Koyomiဟာ အလယ်တန်းကျောင်းသားဘဝမှာပဲ ...
movie
To Every You I’ve Loved Before (2022)
2022
5.9
Goodbye Cruel World (2022)
Goodbye Cruel World IMDB 5.8 ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie
Goodbye Cruel World (2022)
7.5
His (2020)
His 2020ကိုယ်ကြိုက်ချင်တဲ့လူကို ကြိုက်ခွင့်ရှိတာက လူတယောက်ရဲ့ လွတ်လပ်ခွင့်တဲ့ ကဲ အဓိပ္ပါယ်လေးကတော့ ထိထိမိမိနဲ့ ရှင်းရှင်းလေးပါပဲကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ဆိုတဲ့ သဘောသဘာဝကြီးကတော့ လွတ်လပ်ခွင့်တွေကို အပြစ်တင် ဝေဖန်တတ်ကြစမြဲဒါပေမယ့်လည်း အဲ့ပတ်ဝန်းကျင်ကြီးမှာပဲ နေသားတကျဖြစ်အောင်နေရင်း ရှေ့ဆက်လျှောက်လှမ်းကြရတာပါပဲအဲ့လိုရှေ့ဆက်လျှောက်လှမ်းကြမယ့် ကောင်းလေးနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဒီဂျန်ကားလေးထဲမှာ စီးမျောကြည့်ဖို့ အကျဉ်းချုပ်လေး ပြောပြရရင်ရွှမ်နဲ့ နာဂီဆာ တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝတည်းက ချစ်သူဖြစ်ခဲ့ကြပြီး တက္ကသိုလ်ထိလည်း ဆက်ဆံရေးလေးဟာ ချိုမြိန်နေခဲ့ပါတယ်ဘွဲ့ရခါနီး တနေ့မှာတော့ မထင်မှတ်စွာပဲ နာဂီဆာက ရွှမ်ကို လမ်းခွဲပြီး ထားပစ်ခဲ့ပါတော့တယ်စိတ်ဒဏ်ရာတွေကြောင့် ရွှမ်တယောက် လူတွေနဲ့ သိပ်မဆက်ဆံရတဲ့ ကျေးလက်ဒေသလေးမှာ ဇာတ်မြုှပ်နေခဲ့ပြီး နှစ်တွေကြာပြီးနောက်နာဂီဆာဟာ သူ့ရဲ့ချစ်စရာ သမီးလေး ဆိုရာကိုခေါ်ပြီး ရွှမ့်ဆီ ပြန်ရောက်လာတဲ့ခါ...ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်နေရင်တောင် သူတို့ရဲ့လွမ်းဆွတ်အားငယ်စရာ ခံစားချက်တွေကို သိမြင်ခံစားလာစေမယ့် မိသားစုဆန်ဆန် BLကားလေးဖြစ်လို့ ရင်ထဲတခုခု စွဲကျန်နေခဲ့မှာ အသေအချာပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie
His (2020)