Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hiếu Nguyễn
5.3
Triple Troubles (2015)
Triple Trouble (2015)အားလပ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးပဲကြည့်ပြီး အပန်းဖြေချင်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်ဟာသကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဗီဆိုတဲ့ ကောင်မလေးက အရမ်းရှက်တတ်ပြီး အလုပ်လုပ်ရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ အလုပ်သင်သတင်းထောက်မလေးပါ။ ဗီ့ကို ဗီ့သူဌေးက စိတ်ဆိုးပြီး ပုစွန်ငပိကျွန်းဆီ သတင်းဆောင်းပါးရေးဖို့ သွားခိုင်းတဲ့အခါ ခေတ်ဆန်ပြီး ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ မေဆိုတဲ့ ကောင်မလေးရယ်၊ ယောက်ျားနဲ့ ယောက္ခမစကား မြေဝယ်မကျနားထောင်ပြီး အိမ်အလုပ်ကို အိမ်ဖော်လိုလုပ်နေရတဲ့ ယွန်းဆိုတဲ့ အိမ်ရှင်မလေးရယ်နဲ့ တွေ့ဆုံခဲ့ပြီး သုံးယောက်သားအဖွဲ့ကျသွားပါတော့တယ်။ဒီသုံးယောက်ပေါင်းလောင်းကျော်တို့ အဖွဲ့ကျပြီး တစ်ညလုံး ဆန်အရက်တွေ မူးအောင်သောက်မိတဲ့နောက် နောက်နေ့မနက်မှာ လူသူမဲ့တဲ့နေရာမှာ ရုပ်ဆိုးပန်းဆိုးတွေဖြစ်ပြီး နိုးလာကြတော့တာပါပဲ။ ဒီထက်ပိုဆိုးတာက မေ့ဖုန်းကို အမည်မသိဖုန်းတစ်လုံးဝင်လာပြီး သူ့ဆီကနေ အဖိုးတန်ပစ္စည်းတစ်ခု ခိုးသွားကြောင်း၊ ဒီနေ့မှ ပြန်မပေးရင် ကမ္ဘာအဆုံးထိ လိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်သံကြီး ကြားလိုက်ရတဲ့အခါ...ဗီ မေ ယွန်းတို့ သုံးယောက်ပေါင်းလောင်းကျော်တို့ သူတို့ဘေးမှာ အတူတူမေ့လဲနေခဲ့တဲ့ တွမ်ဆိုတဲ့ လူချောလေးရယ်ပေါင်းပြီး အဖိုးတန်ပစ္စည်းကို ဘယ်လိုလိုက်ရှာကြမလဲ? အဖိုးတန်ပစ္စည်းဆိုတာကရော ဘာကြီးလဲ? လူချောလေး တွမ်ကရော ဘာလို့ သူတို့နဲ့အတူရှိနေတာလဲ? ပုစွန်ငပိကျွန်းမှာ ဘယ်လို ထူးဆန်းအံ့ဩဖွယ်ရာတွေရှိနေမလဲ? ...
movie
Triple Troubles (2015)
2015
Nightmares (2022)
Nightmares (2022)ယနေ့ခေတ်မှာ ဘယ်သူမဆို အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။ အဲဒီလို ရုန်းကန်နေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် မေ့လျော့တတ်နေကြတာပေါ့။ ဒါကြောင့် ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာနေဖို့အတွက် ကိုယ်ကိုယ်ကိုယ် အမြဲဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်ရှင်လာတဲ့ကာလတလျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ (Trauma) တွေဟာ လူကြီး၊ လူငယ်မှန်သမျှကို ဒုက္ခပေးနိုင်တာမို့ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ပျော်စရာတွေ ဖန်တီးဖို့ဆိုတာ အရေးကြီးတာကြောင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာကြားပါရစေ…ဒီဇာတ်ကားလေးကတော့ ဖွန်အန်းဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ကို အခြေခံရိုက်ကူးထားပြီး သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေက သူ့လိုအောင်မြင်နေတဲ့ဆရာဝန်ကိုတောင် ဘယ်လောက်ထိ နှိပ်စက်လဲဆိုတာကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ Horror Vibe နဲ့ Thriller Vibe ကို ရောစပ်ပြီးပေးစွမ်းနိုင်တဲ့ဇာတ်ကားဖြစ်တာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဖွန်အန်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် သန်းချီတန်တဲ့ ပရောဂျက်ကိုတောင် ဦးဆောင်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ငွေကြေးကလည်း ချမ်းသာပြီး သူ့ရဲ့ခင်ပွန်းသည်ကလည်း လိုလေသေးမရှိအောင် ချစ်ပေးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကလည်း သည်းသည်းလှုပ်ဂရုစိုက်ကြပြီး ...
movie
Nightmares (2022)
2022