Channel Myanmar

Hideyo Amamoto

Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) 7.0
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) ====================================================== IMDb Rating - 7.0/10ဒီဇာတ်ကားဟာ အခုချိန်မှာ အကောင်းဆုံးဂေါ်ဇီလာကားတွေထဲက တစ်ကားလို့သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါပြီ။ ဒါရိုက်တာTakashi Yamazaki ကိုယ်တိုင်သူ့အကြိုက်ဆုံးဇာတ်ကား တွေထဲကတစ်ခုလို့ဆိုခဲ့ပြီး သူ့ကိုယ်ပိုင် Godzilla Minus One (2023) အတွက်စိတ်ကူးကွန့်မြူးစေခဲ့တဲ့ကားလည်းဖြစ်တယ်လို့သိရပါတယ်။ဒီကားမှာတော့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး နောက်နှစ်ပေါင်း ငါးဆယ်ကျော်မှာ ဂေါ်ဇီလာကြီးကို ဟိုတစ်စ ဒီတစ်စပြန်လည်တွေ့မြင် ရပုံနဲ့အစပျိုးထားပါတယ်။ဒါပေမယ့် ဂေါ်ဇီလာလို့ထင်ရတဲ့ လှုပ်ရှားမှု တိုင်း ဖြစ်စဉ်တိုင်းဟာ ဂေါ်ဇီလာမဟုတ်ပဲနဲ့တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေပါ ပါဝင်နေပြီး မကြာခင်မှာ သူတို့အားလုံးပေါင်းစုံပြီး ဂေါ်ဇီလာကို ရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ခေတ်မှီလက်နက်တွေအပြည့်အစုံ ရှိပေမယ့် ဘယ်အရာကိုမှမဖြုံတဲ့ ဂေါ်ဇီလာကိုနှိမ်နင်းမယ့်ပွဲမှာ လူတွေက ဘယ်လိုအခန်းကဏ္ဍကနေပါဝင်တိုက်ခိုက်ကြမလဲဆိုတာကို ဆက်လက်ရှု စားကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.87 GB) / (980 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Alias Encoder..........SWM 
movie

Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001)

2001
Kwaidan (1964) 7.9
Kwaidan (1964) Kwaidan (1964)~ IMDb - 7.9/10, Rotten Tomatoes - 91% ~ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း...ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု...တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု...နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း...ရှေးခေတ်ဂျပန် ...
movie

Kwaidan (1964)

1964