Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hidetoshi Nishijima
Casshern (2004)
ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie
Casshern (2004)
6.7
Kubi (2023)
လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Kubi (2023)
5.9
Goodbye Cruel World (2022)
Goodbye Cruel World IMDB 5.8 ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie
Goodbye Cruel World (2022)
6.3
99.9 Criminal Lawyer: The Movie (2021)
99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။ ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie
99.9 Criminal Lawyer: The Movie (2021)
2021
6.6
Shin Ultraman (2022)
Shin Ultraman(2022) ================IMDb Rating (6.6) / Rotten Tomatoes (100%)Ultraman နဲ့ Godzilla ယူနီဗာ့စ်ဟာ ဂျပန်က စတင်ခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေက ယူရိုက်ရတဲ့ အောင်မြင်ပါတယ်... ဒီ ၂၀၂၂ ထွက် Shin Ultraman ရုပ်ရှင်ကာလည်း ဂျပန်လက်ရာ Godzilla ရုပ်ရှင်တစ်ကားအဖြစ်နဲ့ ၂၀၂၂ မှာ ရုံကြီးကားအဖြစ် ထွက်လာပြီး Rating ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်...အရင်ကကြားဖူးနေကြ Ultraman , Kamen Rider ရုပ်ရှင်, ဇာတ်လမ်းတွဲတွေရဲ့ အငွေ့အသက်တွေကို CGI ဘက်ဂျက်ကောင်းကောင်းနဲ့ အရသာရှိရှိကြည့်ရမှာပါ ကိုင်ဂျူးလို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေဟာ ကမ္ဘာပေါ်ကို ထူးဆန်းစွာရောက်ရှိလာပါတယ် ပထမဆုံးပေါ်လာတဲ့ ကိုင်ဂျူးတွေကို လူသားတွေပေါင်းစည်းကာ စစ်တပ်အရပ်ဘက် အတော်လေးနှိမ်နင်းလိုက်ရပေမယ့် ကိုင်ဂျူးတစ်ကောင်နဲ့ မရပ်တန့်သွားပါဘူး...နောက်ထပ် S အဆင့်ဝင် ကိုင်ဂျူးမျိုးစုံဟာ အစွမ်းမျိုးစုံနဲ့ ပေါ်လာပါတော့တယ် လူသားတွေလည်း အခက်တွေ့လာရတဲ့ အခြေအနေကိုရောက်လာပြီး....လူသားတွေကို ကယ်တင်မယ့် အာထရာမန်းပေါ်လာပါတယ်...အာထရာမန်း ကမ္ဘာပေါ်ကို ရောက်ရှိလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဂျပန်ကို နိုင်ငံရေးအသာစီးမှုယူသွားမှာ စိုးရိမ်လာပါတယ်....ဒီ အာထရာမန်းက ဘယ်သူလဲ လူသားမျိုးနွယ်အတွက် ...
movie
Shin Ultraman (2022)
8.0
Drive My Car (2021)
Drive My Car (2021)************************IMDb - 8/10 , Rotten Tomatoes -100%Directed By Ryusuke Hamaguchiကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဂျပန်စာရေးဆရာ Haruki Murakami ရဲ့၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာ သိပ်များများစားစား မရှိပါဘူး။ အဲဒီထဲကမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာဆိုလို့ ကိုရီးယားက ဘိုးတော်ကြီး လီချန်းဒုံရဲ့ Burning ပဲရှိခဲ့တယ်ပြောရင် မမှားပါဘူး။ အခု Drive My Car ကတော့ ရုပ်ရှင်ပွဲတော်တွေမှာ ရေပန်းစားနေသလို Critic Rating တွေအရလည်း လောလောဆယ်မှာ Burning ထက်မြင့်နေပါတယ်။ ဒီ၂ကားလုံးဟာ ဟရုခိ မုရခမိရဲ့၀တ္တုရှည်တွေကိုမဟုတ်ဘဲ ၀တ္တုတိုတွေကို ရိုက်ထားတာပါ။ အခုရုပ်ရှင်ကတော့ Men Without Women ဆိုတဲ့ ၀တ္တုတိုစာအုပ်ထဲက နာမည်တူ Drive My Car ဆိုတဲ့ ၀တ္တုတိုကိုပဲ ...
movie
Drive My Car (2021)
6.7
Voices in the Wind (2020)
Voices In the Wind (2020)ဇာတ်လမ်းလေးကတော့ ၂၀၁၁ခုနှစ် ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြီးဆုံး ပင်လယ်ရေအောက်ငလျင်နဲ့ ဆူနာမီမုန်တိုင်းကို အခြေတည်ရိုက်ကူးထားတာပါဒီဆူနာမီမုန်တိုင်းကြောင့် လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အချိန်တစ်ခုထိ စားဝတ်နေရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသဖြင့် အများကြီးဒုက္ခရောက် အခက်အခဲဖြစ်ခဲ့ရတာ အားလုံးအသိပါဆယ်စုနှစ်တစ်စုခန့်အကြာမှာ ပျက်စီးသွားခဲ့တဲ့ အိမ်တွေ၊ တိုက်တွေ၊ လမ်းတံတားတွေ၊ မြို့တွေကို ပြန်လည်ပြုပြင်တည်ထောင်နိုင်ခဲ့ပေမယ့် ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရသူတွေရဲ့ မှတ်ဉာဏ်တွေ၊ ပူဆွေးသောကတွေကိုတော့ ကုစားဖို့ရာခက်ခဲလှပါတယ်ဒီဇာတ်လမ်းထဲက ဟာရူလေးဟာလည်း ၉နှစ်သမီးအရွယ်မှာ ဆူနာမီကြောင့် မိသားစုဝင်တွေဖြစ်တဲ့ အဖေ၊ အမေနဲ့ မောင်လေး သုံးယောက်လုံးကိုဆုံးရှုံးလိုက်ရပြီး တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တာပါ"သွားလေသူထက် ကျန်ရစ်သူက ပိုနာကျင်ရတယ်" ဆိုတဲ့အတိုင်း မိသားစုအားလုံးကိုဆုံးရှုံးလိုက်တဲ့ ဟာရူအဖို့ ၉နှစ်ကြာသည့်တိုင် စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူးဒီလိုနဲ့၉နှစ်ကြာပြီးတစ်နေ့ ဟာရူတစ်ယောက် မိသားစုဝင်တွေနဲ့တူတူနေထိုင်ခဲ့တဲ့ အိုဆူချီမြို့က အိမ်လေးဆီ တစ်ယောက်တည်းခရီးနှင်လာတဲ့အခါ လမ်းမှာ လူအမျိုးမျိုးနဲ့ဆုံပြီး သူတို့ရဲ့ဘဝဇာတ်လမ်းအဖုံဖုံကို ကြားခဲ့ရပါတော့တယ်အရွယ်နဲ့မမျှအောင် နာကျင်မှုတွေမျိုသိပ်ထားရတဲ့အတွက် စကားနည်းပြီး ...
movie
Voices in the Wind (2020)
2020
8.0
The Tale of the Princess Kaguya (2013)
The Tale of Princess Kagura (2013) ***************************************** Imdb rating- 8.0/10 Rotten Tomatoes- 100% ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား? ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။ ရုပ်ရှင်ထွက်လာတော့လည်း သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့ THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။ Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။ Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ...
movie
The Tale of the Princess Kaguya (2013)
2013
6.3
Strawberry Night (2013)
[Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie
Strawberry Night (2013)
7.8
The Wind Rises(2013)
The Wind Rises(2013) IMDb....7.8 " The Wind Rises" ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်ကအသုံးပြုခဲ့တဲ့ Mitsubishi A6M zero တိုက်လေယာဉ်ကို တည်ဆောက်ခဲတဲ့ လေကြောင်းအင်ဂျင်နီယာ Jiro Horikoshi အကြောင်းအပါအဝင် ထိုခေတ်အချိန်အခါက ဂျပန်ပြည်အခြေအနေများအကြောင်းကိုပါ အခြေခံပြီး ရိုက်ကူးရေးဆွဲထားတာဖြစ်ပါတယ်။ ဒီကားအဓိကဇာတ်ဆောင်ရဲ့ ငယ်ဘဝအိမ်မက်က အရမ်းလှပြီး လူသားတွေကိုသယ်ဆောင်နိုင်တဲ့ လေယာဉ်မျိုးကိုဖန်တီးချင်ခဲ့ပေမယ့် သူတကယ်တည်ဆောက်လိုက်ရတာကတော့ စစ်လက်နက်ဖြစ်နေပါတယ်။ ဒါ့အပြင် ၁၉၂၃ တိုကျိုငလျင်နဲ့ ဒုတိယကမ္ဘာစစ် အဖြစ်အပျက်၂မျိုးနဲ့ ဇာတ်လမ်းကို ချိတ်ပေးထားတဲ့အတွက် သုတ ရသ ၂မျိုးလုံးပေးနိုင်မယ့် animation ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်... File Size : (726 MB) and (329 MB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : Animation , Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae
movie
The Wind Rises(2013)
2013
7.0
The Last Recipe (2017)
ဂျပန် Comedy/ Drama ဇာတ်လမ်းမျိုးကို မိုးအေးအေးလေးမှာ ကြည့်ချင်တဲ့သူတွေအတွက် The last Recipe 2017 ကို မိတ်ဆက်ပေးပါရစေ။Rating 7/10 ရထားတဲ့ ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဟင်းချက် ပါရမီရှိတဲ့ စားဖိုမှူးတစ်ယောက်ရဲ့ ကမ္ဘာမှာ နာမည်ကျန်ရစ်ခဲ့တဲ့ ဟင်းလျာတွေကို အဓိက ရိုက်ပြထားတာပဲဖြစ်ပါတယ်။ယာမာဂါတာ ဆိုတဲ့စားဖိုမှူးတစ်ယောက် ဂျပန် စစ်တပ်ကနေပြီးတော့ mission တစ်ခု ကို ပေးအပ်ခံရပါတယ်။အဲ့ဒါကတော့ ဂျပန်သမိုင်းမှာ နာမည်တွင်စေမယ့် ဟင်းလျာမျိုးကို တီတွင်ရမှာပဲဖြစ်ပါတယ်။မေးစရာတစ်ခုပေါ်လာတာက အဲ့လိုဟင်းလျာမျိုးကို ဂျပန်စစ်တပ်က ဘာလို့ တီထွင်ခိုင်းတာလဲ။ဒါပေမဲ့ယာမာဂါတာ ကရော တီတွင်ခိုင်းတဲ့ အဓိက ရည်ရွယ်ချက်ကို သိသွားခဲ့တဲ့အခါမှာတော့ သူအဲ့ mission ကို ဆက်လုပ်မလားဂျပန်စစ်တပ် အမိန့်အတိုင်းဆက်လုပ်မလားဆိုတာကို ရင်တမမ နဲ့ ကြည့်ရမယ့် ကားလေးပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ဖြစ်ပါတယ်)File Size : (900 MB) and (380 MB)Quality ...
movie
The Last Recipe (2017)
2017