Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Herta Ware
5.8
Species (1995)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 ...
movie
Species (1995)
4K HEVC
6.2
Practical Magic (1998)
ဆန်ဒရာဘူးလော့နဲ့ နီကိုးကစ်မန်းတို့ လွန်ခဲ့တဲ့ နှစ် ၂၀ က စုန်းမအတူလုပ်ခဲ့တာလေး ကြည့်လိုက်ရအောင်။အိုဝင်စ် မိသားစုထဲက မိန်းကလေးတွေဟာ မျိုးရိုးစဉ်ဆက် မွေးရာပါ စုန်းအတတ် တတ်နေကြတဲ့ စုန်းမတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့မျိုးဆက်ထဲက ပထမဆုံး စုန်းမရဲ့ ကျိန်စာကြောင့် သူတို့ကို ချစ်မိတဲ့ ယောက်ျားတိုင်းဟာ အရွယ်မတိုင်ခင် အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားတတ်ကြပါတယ်ဗျ။ ဆယ်လီအိုဝင်စ်နဲ့ ဂျီလီယန်အိုဝင်စ်တို့ဟာ စရိုက်ချင်း လုံးဝမတူကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုကြောင့် လူတစ်ယောက်ကို သဝာ်မိခဲ့ကြပြီး ဖုံးကွယ်ဖို့ကြိုးစားရာကနေ တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်ဗျ။ ဒီရုပ်ရှင်ထဲမှာဆိုရင် အိုဝင်စ်ညီအစ်မတွေအဖြစ် မင်းသမီးကြီး Sandra Bullock နဲ့ မင်းသမီးကြီး Nicole kidman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဒီ Practical Magic ဆိုတဲ့ရုပ်ရှင်ဟာ fairy tale ဆန်ပြီး Romance နဲ့ Fantasy ရောထားတဲ့အပြင် ဆန်ဒရာဘူးလော့ခ်နဲ့ နစ်ကိုးလ်ကစ်ဒ်မန်းတို့လို ဂန္တဝင်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အတွက် ...
movie
Practical Magic (1998)
6.8
[18+] Cruel Intentions (1999)
Cruel Intentions (1999)~ IMDb - 6.8/10, Rotten Tomatoes - 54% ~1782 ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ဝတ္ထုတိုတစ်ပုဒ်ကို မှီငြိမ်းရိုက်ခဲ့တဲ့ ဒီဇာတ်ကားဟာ အစကတော့ Low Budget ရုပ်ရှင်တစ်ကားအနေနဲ့သာ ထုတ်ဖို့ရည်ရွယ်ခဲ့ကြပေမဲ့ ရုံဝင်ငွေ အမြတ်တွေ အတော်ရပြီး အကြီးအကျယ်ပေါက်ခဲ့သလို Cult Classic ရုပ်ရှင်တစ်ကားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီထဲမှာ ပါတဲ့သူတွေကတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်းနှီးနေပြီးသားဖြစ်မယ့်သူတွေချည်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောရအောင်ဗျာ...ဆီဘက်ရှန်နဲ့ ကတ်သရင်းဆိုတာ အဖေမတူအမေကွဲ ငြိတိတိ ချိတ်တိတ်တိတ် မောင်နှမတွေပေါ့။ နှစ်ယောက်လုံးက ခပ်ဟော့ဟော့နဲ့ စားဘဲကြီးစားစော်ကြီးတွေ အသီးသီးလုပ်နေကြတာပေါ့။ ဆီဘက်ရှန်ဘဝမှာ မအောင်မြင်သေးတဲ့ ပန်းတိုင်ကတော့ ကတ်သရင်းပါပဲ။ ကတ်သရင်းကလည်း ဆီဘက်ရှန် သူ့ကို လိုချင်မှန်းသိတော့ မထိတထိ ကလူသလို လူကိုမြူဆွယ် ကျီစယ်နေကျပါပဲ။ တစ်ရက်မှာတော့ အရမ်းရိုးသားဖြူစင် ဗိုင်းကောင်းကျောက်ဖိကောင်မလေးတစ်ယောက်ကို ဆီဘက်ရှန်တစ်ယောက် ...
movie
[18+] Cruel Intentions (1999)
1999