Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Heo Joon-seok
7.5
Way Back Home (2013)
Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီးBae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင်ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း ...ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်ကဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့ မိသားစု ...
movie
Way Back Home (2013)
My Dictator (2014)
My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie
My Dictator (2014)
7.4
The Childe(2023)
The Childe(2023)***************ဒီကားက မထွက်ခင်ကတည်းက လူစိတ်ဝင်စားတဲ့ အကြောင်းတွေအများကြီးရှိတယ်...တစ်ချက်က အဓိက မင်းသားဖြစ်သူဟာ ဒီလို လက်မရွှံကြေးစားလူသတ်သမားဟန်ပန်မျိုးတစ်ခါမှမရိုက်ဖူးတဲ့ မင်းသား Kim Seon-Ho ဖြစ်နေလို့ပါပဲ.... ဒါ့အပြင် A List သရုပ်ဆောင်တွေများစွာပါဝင်ထားတယ်..ထရောလာလေးပဲကွက်ကြမ်းနေတဲ့ ကားမျိုးမဟုတ်ဘူး..တစ်ကားလုံးကြမ်းသလို သတ်ဖြတ်ခန်းတွေဆိုလည်း အတော်ကြီးကိုမိုက်တယ်...ဖိလစ်ပိုင်ရဲ့မြေအောက်ကြေးစားလက်ဝှေ့လောကမှာကျဉ်လည်နေတဲ့ဖိုက်တာတစ်ယောက်ရှိတယ်....သူက အဖေက ကိုရီးယားလူမျိုးဖြစ်ပြီး အမေက ဖိလစ်ပိုင်လူမျိုးဖြစ်တယ်...လက်ရှိမိခင်နဲ့အတူနေပြီး မိခင်ကျန်းမာရေးမကောင်းတော့ ကြုံရာလူကြိုးဝိုင်းမှာထိုးပြီးပိုက်ဆံရှာနေတယ်..သူ့ရဲ့ရည်မှန်းချက်က ကိုရီးယားမှာရှိတဲ့ဖခင်ကိုရှာဖွေပြီး မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေဖို့ဖြစ်တယ်..တစ်နေတော့ကံကောင်းထောက်မစွာ အဖေဘက်က လူတွေကသူ့ကိုရှာတွေ့သွားပြီး ကိုရီးယားကိုလိုက်ခဲ့ဖို့ခေါ်ခဲ့တယ်...ကိုရီးယားကိုအဖေနဲ့တွေ့ဖို့သွားတဲ့အခါမှာ မမျှော်လင့်ဘဲ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ကြေးစားလူသတ်သမားတွေသူ့နောက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့...File Size : (1.8GB),&(709MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:58:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Stary , Treasure Tiff & Hnin Wai Oo Encoded by Phyo Pyae
movie
The Childe(2023)
6
Dream (2023)
Dream (2023)အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီရှင်ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာ စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါအမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Sports Quality…. 1080p | 720p | 480p File size… 1.6GB | 814MB | 407MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Dream (2023)
2023
5
My Shining Revenge (2023)
My Shining Revenge (2023)တစ်ခါတလေမှာ ကိုယ့်အတွက် အပြင်းထန်ဆုံး စိတ်ဒဏ်ရာက တခြားတစ်ယောက်အတွက် မတော်တဆလို့ သတ်မှတ်ခံရတာရှိပါတယ် အဲလိုအချိန်မှာ လက်စားချေတာ မှန်ရဲ့လား...ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် စုံထောက်ရူအီဂျယ်ဟာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရသလို ဇနီးဖြစ်သူကိုလည်း ကွာရှင်းလိုက်ရပြီး တစ်ယောက်တည်း ဖြစ်သလိုနေခဲ့ရာကနေ..သားဖြစ်သူကိုသတ်သွားတဲ့ တရားခံကို နောက်မှသိလိုက်ရတဲ့အချိန်မှာ အချိန်တွေအများကြီး ကိန်းအောင်းခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အမုန်းတရားတွေကို လက်စားချေနိုင်မလား လက်စားချေရင်ရော ရင်ထဲကအမုန်းတရားတွေပျောက်သွားမလား၊ ဘဝအသစ်ကိုပြန်ထူထောင်နိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီဇာတ်လမ်းကိုကြည့်ရင်း အဖြေရှာလိုက်ပါဦးနော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ JoyZ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 619MB | 245MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoyZ Encoder ..... Aaron
movie
My Shining Revenge (2023)
2023
7.6
Extreme Job ( 2019 )
Extreme Job (2019) IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ် This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie
Extreme Job ( 2019 )
2019
7.2
Pietà (2012)
Pietà (2012) ဇာတ်လမ်းအညွှန်း****************************(IMDB - 7.2)ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ...
movie
Pietà (2012)
2012
7.7
Miracle: Letters to the President (2021)
The Miracle : Letters to President (2021)IMDb - 7.7/10ဒရမ်မာကို ဟာသလေးနှောပြီး ကြည့်ချင်သူများအတွက်၂နာရီစာလောက်ပဲရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးပါရစေCast တွေကတော့ Girl's Generation ထဲက Yoon-Ah နဲ့Hellbound မီနီစီးရီးထဲက Park Jung Min တို့ ခေါင်းဆောင်အနေနဲ့ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....အချိန်ကာလအားဖြင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရီးယား ဂယောင်းဆန်းခရိုင်မှာ ရွာရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တဲ့အတွက်သမ္မတကြီးဆီကို စာတွေအမြဲပို့ပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဂျွန်းဂယောင်းနဲ့ဂျွန်းဂယောင်းရဲ့အိမ်မက်ကိုနားလည်သွားတဲ့ ကောင်မလေး လာဟီးတို့ရဲ့ ကြိုးစားမှုရယ်အဖေနဲ့ မောင်လေးကိုပဲ ဦးစားပေးလာတဲ့ ဂျွန်းဂယောင်းအစ်မ ဘိုဂယောင်းနဲ့သားနဲ့ ဆက်ဆံရေး စိမ်းသက်သက်ဖြစ်တဲ့ သားအဖနှစ်ဦးကြားက သံယောဇဉ်...ဒီလိုဆန်းပြားတဲ့ ကာရိုက်တာတွေကို ဘယ်လိုတင်ဆက်ပေးမလဲဆိုတာကိုThe Miracle : Letters to President ...
movie
Miracle: Letters to the President (2021)
2021
5.3
Young Adult Matters (2020)
Young Adult Matters (2020)ဒီတစ်ခါတော့ ရုပ်ရှင်ဆု ၃ ဆု ဖြစ်တဲ့- The Directors' Guild of Korea (DGK) Award - KTH Award at the 25th Busan International Film Festival - Best Actress Award (Buil Film Awards)တို့ ရရှိထားတဲ့ လူငယ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။Squid Gameထဲက ''ငါနဲ့ကစားပေးလို့ ကျေးဇူးတင်ပါတယ် ''တစ်ခွန်းနဲ့အချစ်တွေသိမ်းကျုံးယူသွားတဲ့ Ji Yeong(Lee Yoo Mi) နဲ့EXID အဆိုတော်အဖွဲ့ထဲက EXIDရဲ့ Hani တို့ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။==================================လူငယ်.....သစ်ရွက်လေးလုပ်တာမြင်ရင်တောင် စိတ်ကစား ထွေပြားတတ်ကြတဲ့အဲ့အရွယ်မှာ တွေ့ကြုံရမယ့် ပြသနာတွေဆိုတာကတော့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အများကြီးရှိကြပါတယ်ဘဝမှာ အပြောင်းအလဲတစ်ခုအနေနဲ့ ရှေ့ဆက်လျှောက်မယ့်အနာဂတ်ကို ဖန်တီးထုဆစ်ပေးတာကအဲ့အရွယ်ကာလလို့ဆိုလည်း မမှားဘူးဗျအရာရာတိုင်းကို စူးစမ်းချင်ကြသလို ...
movie
Young Adult Matters (2020)
2021
5.1
The Hunt (2016)
The Hunt 2016 ============= 2016 ထွက် the hunt ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာ မင်းသားကြီး Ahn Sung-Ki နဲ့ Cho Jin-Woong တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း မိုင်းတွင်းဟောင်းကြီးရှိတဲ့ တောင်ပေါ်မှာ မြေပြိုကျမှုတွေဖြစ်ခဲ့တယ် အဲ့လိုဖြစ်ပြီးနောက်မှာ ရွှေတုံးကြီး ပေါ်လာခဲ့တယ် ရွှေတုံးမှန်းသိသွားတဲ့အခါ စုံထောက်ဘတ်ဒုံဂွန်းက လောဘတက်ပြီး သူ့ရဲ့ အမဲလိုက်အဖွဲ့နဲ့တူတူ အပိုင်သိမ်းဖို့ လုပ်ကြတော့တယ် သူတို့ ရွှေခိုးဖို့လုပ်နေတုန်း မြေပိုင်ရှင် အဘွားရောက်လာပြီး ငြင်းခုန်ရန်ဖြစ်ကြတယ် အဲ့ကနေ မြေပိုင်ရှင်အဘွား ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ် ဒါကိုတောင်ပေါ်မှာ တောလိုက်တဲ့ မုဆိုး မွန်းဂီဆောင်းနဲ့ အဘွားကြီးရဲ့ မြေးတို့ မြင်သွားတဲ့ အခါ....... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော် File Size – 1.63 GB Quality – WEB-DL 1080p File Type – mp4 Duration – 1h 33min Translator – Hay Thar Oo Encoder ...
movie
The Hunt (2016)
2016
6.8
My Brilliant Life (2014)
[Unicode]My Brilliant Life (2014)ငယ်ရွယ်မှုဆိုတာဘာနဲ့မှလဲလို့မရသလို လူတိုင်းလိုချင်တဲ့အရာလဲဖြစ်ပြီး လူတိုင်းကလဲငယ်ရွယ်မှုကိုပိုင်ဆိုင်ဆဲ ပိုင်ဆိုင်ခဲ့ဖူးကြတယ် ၊ဒါပေမယ့်ဒီဇာတ်လမ်းလေးထဲက အာရွန်ဆိုတဲ့၁၆နှစ်သားလေးကတော့ ကံဆိုးစွာပဲငယ်ရွယ်မှုကိုမပိုင်ဆိုင်ခဲ့ဘူး...သူ့မှာprogeriaလို့ခေါ်တဲ့အသက်ကြီးမြန်တဲ့ရောဂါရှိနေခဲ့တယ် ၊အသက်၁၆နှစ်လေးနဲ့အသက်၈၀အရွယ်ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး ရောဂါတွေအများကြီးနဲ့ လောကကြီးထဲကဘယ်အချိန်ထွက်သွားရမယ်မသိတဲ့ အာရွန်လေးရဲ့ခံစားချက်ကဘယ်လိုဖြစ်နေမလဲ...ကိုယ့်သားသမီးလေးပွန်းပဲ့ရင်တောင်စိုးရိမ်တတ်တာမိဘတွေဖြစ်တာမို့ ဒီလိုအသက်၈၀အဖိုးကြီးလို လူတကာလိုက်ကြည့် လူကြားထဲမသွားရဲပဲသေမယ့်နေ့ကိုထိုင်စောင့်နေရတဲ့အာရွန်လေးကို ဘာမှမတတ်နိုင်ပဲကြည့်ရုံကြည့်နေရတဲ့ မိဘရဲ့ရင်ထဲကခံစားချက်...' လူတွေကကျန်းမာနေကြတာမို့ ကိုယ်ကျန်းမာနေတာကိုမေ့နေတတ်ကြတယ်တဲ့ 'Messageကောင်းကောင်းလေးပေးထားတဲ့ကားလေးမို့ ကြည့်ပြီးရင်ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ ၊Drama Queen SongHyeKyo(အွန်စော)ရဲ့ကားလေးမို့ တစ်သျှူးလေးဆောင်ပြီးကြည့်ကြပါလို့...( အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )[Zawgyi]My Brilliant Life (2014)ငယ်ရွယ်မှုဆိုတာဘာနဲ့မှလဲလို့မရသလို လူတိုင်းလိုချင်တဲ့အရာလဲဖြစ်ပြီး လူတိုင်းကလဲငယ်ရွယ်မှုကိုပိုင်ဆိုင်ဆဲ ပိုင်ဆိုင်ခဲ့ဖူးကြတယ် ၊ဒါပေမယ့်ဒီဇာတ်လမ်းလေးထဲက အာရွန်ဆိုတဲ့၁၆နှစ်သားလေးကတော့ ကံဆိုးစွာပဲငယ်ရွယ်မှုကိုမပိုင်ဆိုင်ခဲ့ဘူး...သူ့မှာprogeriaလို့ခေါ်တဲ့အသက်ကြီးမြန်တဲ့ရောဂါရှိနေခဲ့တယ် ၊အသက်၁၆နှစ်လေးနဲ့အသက်၈၀အရွယ်ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး ရောဂါတွေအများကြီးနဲ့ လောကကြီးထဲကဘယ်အချိန်ထွက်သွားရမယ်မသိတဲ့ အာရွန်လေးရဲ့ခံစားချက်ကဘယ်လိုဖြစ်နေမလဲ...ကိုယ့်သားသမီးလေးပွန်းပဲ့ရင်တောင်စိုးရိမ်တတ်တာမိဘတွေဖြစ်တာမို့ ဒီလိုအသက်၈၀အဖိုးကြီးလို လူတကာလိုက်ကြည့် လူကြားထဲမသွားရဲပဲသေမယ့်နေ့ကိုထိုင်စောင့်နေရတဲ့အာရွန်လေးကို ဘာမှမတတ်နိုင်ပဲကြည့်ရုံကြည့်နေရတဲ့ မိဘရဲ့ရင်ထဲကခံစားချက်...' လူတွေကကျန်းမာနေကြတာမို့ ကိုယ်ကျန်းမာနေတာကိုမေ့နေတတ်ကြတယ်တဲ့ 'Messageကောင်းကောင်းလေးပေးထားတဲ့ကားလေးမို့ ကြည့်ပြီးရင်ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ ၊Drama Queen SongHyeKyo(အွန်စော)ရဲ့ကားလေးမို့ တစ်သျှူးလေးဆောင်ပြီးကြည့်ကြပါလို့...( အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat ...
movie
My Brilliant Life (2014)
Twenty (2015)
ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)၊ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)...ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ်ကားလုံး အခွီတွေချည်းပဲနော်...စကားအပြောအဆိုတွေနဲ့ တချို့အခန်းတွေက ++ လေးတွေပါပေမယ့်မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါ...ဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ် ကြည့်ပြီးနောင်တမရစေရပါဘူး...ကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်..သိချင်ရင် ဒေါင်းကြည့်ကြနော်ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို့ အာမခံပါတယ် ။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hnin Pale ဖြစ်ပါတယ် )[Unicode]ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး ...
movie
Twenty (2015)
2015
7.4
Way Back Home (2013)
ဒီဇာတ်ကားအကြောင်းကိုမပြောခင် ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၁ ဆုရထားတယ်လို့ပြောပြထားပါရစေ ဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ် ကြိုပြီးသတိပေးချင်တာကတော့ ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင် ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့ ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့ တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကို ပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့ ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှ ငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ အမှန်တရားကို ချပြပေးရပါတယ် ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ ထားပါတော့ ဇာတ်လမ်းကိုသွားရအောင် သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့ သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့ ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ XCode မှ တင်ဆက်ပေးထားပါတယ်
movie
Way Back Home (2013)
2013
6.1
Rampant (2018)
လီချွမ်ဟာ ဂျိုဆွန်းမင်းသား တစ်ပါးဖြစ်ပြီး စစ်ရှုံးခဲ့တဲ့အတွက် ချင်မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါ တယ်။လီချွမ်ဟာ အရမ်းတော်တဲ့ ဓားသမားတစ်ယောက် ဖြစ်ပေ မယ့် အရက်သေစာသောက်စား တာ၊ မိန်းမလိုက်စားတာ၊ လောင်းကစားလုပ်တာတွေမှာလည်း ပျော်မွေ့သူတစ်ယောက်ပါ။တစ်ရက်မှာတော့ လီချွမ်ရဲ့ အစ်ကို အိမ်ရှေ့မင်းသား လီ ယောင်ဟာ ဂျိုဆွန်းထီးနန်းပြန်ရခဲ့ တဲ့အတွက် လီချွမ်ကို ဂျိုဆွန်းကို ပြန်ခေါ်ခဲ့ပါတယ်။လီချွမ်အဖို့ တော့ ဆယ်နှစ်ကျော်ကြာမှ ဂျိုဆွန်းမြေပေါ် ပြန်ခြေချခွင့်ရတာ ဖြစ်ပါတယ်။လီချွမ်ဂျိုဆွန်းကို ပြန်ရောက် တာနဲ့ ဂျိုဆွန်းမှာ ထိတ်လန့်ဖွယ် ရာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လို့နေပါတယ်။အဲဒါကတော့ ကြောက်စရာ မကောင်းဆိုးဝါး တွေ ညအချိန်ထကြွသောင်းကျန်း တာမို့ လူတွေအစုလိုက်၊ အပြုံ လိုက် သေဆုံးခဲ့ရလို့ပါ။လူအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ကိုက်ဖြတ်သတ် ဖြတ်ရင်း ရောဂါတွေကူးကုန်တာ ဘယ်လိုမှ ထိန်းမနိုင်တဲ့ အနေ အထားအထိအောင် ...
movie
Rampant (2018)
2018