Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Henry Simmons
5.8
No Good Deed (2014)
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ No Good Deed ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Sam Millerကရိုက်ကူးပုံဖော်ထားပြီး rating 5.6/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ ကော်လင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားIdris Elba ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပြီး မင်းသမီး Taraji Henson ကအကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးရရှိထားပါတယ်...ဇာတ်လမ်းအစမှာလူသတ်မှုနဲ့ ထောင်ငါးနှစ်ကျနေတဲ့ကော်လင်းဆိုတဲ့လူသတ်သမားတစ်ယောက် အယူခံဝင်ဖို့တရားရုံးကို သွားနေပုံနဲ့စတင်ထားပါတယ် ဒီဇာတ်ကားကလူ့လောကမှာအိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ နောက်ဆုံးမှာဘယ်လို အဆုံးသတ် သွားမလဲဆိုတာကို ထောက်ပြထားပါတယ်ဒီလိုနဲ့ကော်လင်းတစ်ယောက် အယူခံဝင်တာမအောင်မြင်တဲ့အဆုံးထောင်ကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ် အဲ့ဒီနောက် လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ချစ်သူကောင်မလေးဆီကို အရောက်ပြန်ပါတော့တယ်အချစ်ကြီးတဲ့ကောလင်းတစ်ယောက် မိမိချစ်လှပါတယ်ဆိုတဲ့ကောင်မလေးက မိမိထောင်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို သိလိုက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ကော်လင်းတစ်ယောက် ဒီအဖြစ်မှန်ကိုရင်ဆိုင်နိုင်ပါ့မလားကောလင်းတစ်ယောက်ဘယ်လိုမျိုးတွေဂလဲ့စားချေဖို့ ကြိုးစားမလဲ..တစ်ဖက်မှာလည်း တယ်ရီဆိုတဲ့ ကလေးနှစ်ယောက်နဲ့နပန်းလုံးနေရတဲ့ အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက်ကမိမိယောကျ်ားရဲ့အရေးမထားမှုတွေ ဂရုမစိုက်မှုတွေကိုခါးစီးခံနေရပါတယ် ဒီလိုနဲ့ တစ်နေ့မှာတယ်ရီရဲ့အမျိုးသားဂျက်ဖ်ရီက သူ့အဖေမွေးနေ့မလို့ ဂေါက်ရိုက်သွားမယ်ဆိုပြီးပြောကာ အထုပ်အပိုးတွေနဲ့ မိုးထဲရေထဲကိုထွက်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကော်လင်းတစ်ယောက်ကားပျက်ပြီး တယ်ရီတို့အိမ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်ကြမလဲ...ကော်လင်းကရော ...
movie
No Good Deed (2014)
Taxi (2004)
ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 ...
movie
Taxi (2004)
4.7
Are We There Yet?(2005)
Are we there yet (2005)===================ကလေးတွေဆိုတာက မရှိမကောင်းရှိမကောင်းလေးတွေ။ရှိနေပြန်ရင်လည်း သူတို့အတွက်အမြဲစိုးရိမ်ပူပန်နေရတတ်သလို မရှိပြန်ရင်လည်းဘ၀ကြီးကအထီးကျန်နေပြန်ရော။နစ်ခ်ပါဆန် ဆိုတာ ဘောစိ မိန်းမတွေထည်လဲတွဲဘ၀ကြီးကိုအပူအပင်မရှိဖြတ်သန်းနေတဲ့လူ။ တခုပဲရှိတာကသူက ကလေးတွေဆိုရင်ကြည့်လို့ကိုမရဘူး။စိတ်တိုရအောင်အမြဲလုပ်တဲ့ဂြိုဟ်ကောင်လေးတွေလို့ပဲမြင်တာ။ ဒီလိုလူက ကလေးနှစ်ယောက်အမေဖြစ်သလောက်အရမ်းလန်းတဲ့ဆူဇန်ဆိုတဲ့အမျိုးသမီးကိုမှသွားကြိုက်မိတယ်။ နစ်ခ်ရဲ့စရိုက်ကိုမကြိုက်တဲ့ဆူဇန်ကငြင်းလိုက်ပြီး သူငယ်ချင်းအနေနဲ့ပဲလက်ခံခဲ့တယ်။တစ်နေ့မှာ ဆူဇန်ရဲ့ကလေးတွေကို နှစ်သစ်ကူးမှာကနေဒါကိုခေါ်လာပေးဖို့အကြောင်းဖန်လာခဲ့တာဟာနစ်ခ်အတွက်တော့အမှတ်ယူ တဆင့်တက်ဖို့အခွင့်အရေးပဲ။ခက်တာက ဒီကလေးနှစ်ကောင်ကယ်ဗင်နဲ့လင်ဆီက တကယ့်ပြသာနာအိုးလေးတွေ။နစ်ခ်ကို သည်ယုန်မြင်လို့သည်ချုံထွင်နေတာသိတဲ့သူတို့ကဘယ်လိုမျိုးပညာတွေ၀ိုင်းပြကြမလဲ။နစ်ခ်တယောက်ကရော ကနေဒါကိုရှောရှောရှုရှုရောက်နိုင်ပါ့မလားသူ့အတွက်ရောအဖြေကဘာဖြစ်မလဲဆိုတာကိုဒီမိသားစုခရစ်စ္စမတ်ဟာသကားလေးမှာရှုစားပေးကြပါဦး...... File size…2.21GB / 985MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Are We There Yet?(2005)