Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Henrik Noël Olesen
5.8
Exit (2006)
စီးပွားရေးလောကမှာ ပိုက်ဆံရှာချင်ရင်သိထားသင့်တဲ့အရာတစ်ခုရှိတယ်။ ဘယ်အရာမှကံနဲ့မဆိုင်ဘူး ။ကိုယ့်ပြိုင်ဖက်အကြောင်းကိုယ်သိရမယ်။မဟုတ်ရင်အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်။ကျရှုံးမှုကို မမုန်းဘူးဆိုရင်ဘယ်တော့မှ အောင်မြင်ချမ်းသာမှာမဟုတ်ဘူး။ဒါပေမယ့်တစ်ခါတစ်လေကျရင်တော့ အောင်မြင်ဖို့အတွက် စည်းတွေဘောင်တွေကို ကျော်ရတတ်တယ်ဆိုတာကို စီးပွားရေးလောကထဲက လူတွေတော်တော်များများသိကြပါတယ်။ဒါပေမယ့် အဲ့လိုဘောင်တွေ စည်းတွေကျော်တာများသွားရင်တော့ တစ်ချိန်ချိန်မှာ၀ဋ်ဆိုတဲ့အရာကြီးက ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာမှာကိုတော့ သိထားသင့်ပါတယ်။အဲ့ဒီလိုစီးပွားရေးလောကရဲ့အရှုပ်အထွေးတွေကို လူကြမ်းမျက်နှာပေါက်နဲ့ ဒိန်းမတ်ကနာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ Exit ဆိုတဲ့2006 ခုနှစ်တုန်းကထွက်ရှိထားတဲ့ IMDb 5.8 ရဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ်။သောမတ်စ်ဆိုတဲ့ လူကနိုဗာရင်းနှီးမြှုပ်နှံမှုဆိုတဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးသူတို့ရဲ့ ကုမ္ပဏီကတော့သူတို့ရဲ့အလုပ်ရှင်တွေရဲ့ပိုက်ဆံတွေကို အလားအလာကောင်းရှိတဲ့ ကုမ္ပဏီအသေးလေးတွေမှာ ရင်းနှီးမြှုပ်နှံပေးပြီးအကျိုးအမြတ်ပြန်ပေးရတဲ့ကုမ္ပဏီမျိုးဖြစ်ပါတယ်။တစ်နေ့မှာ မော်ဂန်ဆိုတဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကCataegis ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုကို အရမ်းဝယ်ချင်တဲ့အတွက်ပိုင်ရှင်ဖြစ်သူကို စည်းကျော်တဲ့ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အတွက်ကုမ္ပဏီကနေမောင်းထုတ်လိုက်ပါတော့တယ်။မော်ဂန်ကလည်း ကုမ္ပဏီကမောင်းထုတ်ခံလိုက်ရပြီး သိပ်မကြာခင်မှာတင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတော့တယ်။ဖြစ်ချင်တော့မော်ဂန်ဝယ်ခဲ့တဲ့ Cataegis ဆိုတဲ့ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုက အရမ်းအောင်မြင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးက အရမ်းတိုးတက်လာပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာသောမတ်စ်နဲ့ လက်တွဲလုပ်နေတဲ့ တွဲဖက်အသတ်ခံလိုက်ရပြီး သူ့ကိုရဲတွေကလူသတ်တရားခံဆိုပြီး စွပ်စွဲကြပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာဒါတွေအားလုံးရဲ့ နောက်ကွယ်မှာအကြွေးဟောင်းတွေဆပ်မဲ့ လူတစ်ယောက်ရှိနေတာကို သောမတ်စ်သိလိုက်ရတဲ့ အခါမှာတော့ဘယ်လိုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ...
movie
Exit (2006)
The Cake Dynasty (2022)
ကိုယ်ကျရှုံးနေချိန် ၊ အနီးဆုံးလူတွေနဲ့ တဖြည်းဖြည်းဝေးကွာလာတယ်လို့ခံစားရချိန်၊ မသွားသင့်တဲ့ထွက်ပေါက်တစ်ခုဆီသွားဖို့ကြံနေချိန် အနားရောက်လာပြီးကယ်တင်ဖေးမပေးသူနဲ့ကြုံတဲ့အခိုက်အတန့်….ဒိန်းမတ်နိုင်ငံထုတ် ဒီဇာတ်ကားလေးမှာ အရှုံးပေါ်ခါနီးစက်ရုံပိုင်ရှင်ဖြစ်တဲ့ နီရယ်လ်ရဲ့ဘဝအဆုံးသတ်ခါနီးမှာပေါ်လာတဲ့ကယ်တင်ရှင်မွတ်စလင်အမျိုးသမီးဇိုင်နတ်.....အမျိုးသားဖြစ်သူစိတ်ဓာတ်ကျနေတာမကြည့်ရက်လို့ အဲလ်စ် ကအဝေးရောက်စီးပွါးရေးကျောင်းဆင်း သမီးလေးဂျွန့်ကိုပြန်လာခိုင်းပြီးလုပ်ငန်းကိုဝင်စီမံစေပါတယ်။ တနေ့ထက်တနေ့ပိုနီးစပ်လာတဲ့ နီရယ်လ်နဲ့ ဇိုင်နတ်တို့နှစ်ဦး တားမြစ်ထားတဲ့ဘောင်ကျော်လွန်လာချိန်မှာတော့ သူတို့နှစ်ဦးနဲ့ အဲလ်စ်တို့ဘယ်လိုကျော်ဖြတ်ကြမလဲ၊ဒီဇာတ်ကားက သာမာန်အချစ်ဇာတ်လမ်းထက်ပိုပါတယ်။ အဝလွန်ရောဂါအကြောင်း၊ စိတ်ဓာတ်ကျမှု၊ဘာသာရေးလူမျိူးရေးခွဲခြားပုံတွေ၊ ဘာသာပြောင်းလဲခံယူမှု သက်ဝင်ယုံကြည်ပုံတွေ၊နိုင်ငံခြားဒုက္ခသည်တို့ရဲ့ဘဝမျိုးစုံတို့ကို တဖဲ့စီ တဖဲ့စီပေါင်းထည့်ပေးထားတာမို့ သုတရသစုံနေမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
The Cake Dynasty (2022)
7.3
The Shadow in My Eye (2022)
The Bombardment (or) The Shadow in My Eye (2022)======================================IMDb Rating - 7.3/10ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေက ဒိန်းမတ်ကို သိမ်းပိုက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်ဝင်လေတပ်က နာဇီတွေရဲ့ လျှို့ဝှက်နိုင်ငံရေးရဲတပ်ဖွဲ့ ဂတ်စတာပိုရဲ့ ဒိန်းမတ်ဌာနချုပ်ကို ဗုံးကြဲဖို့ လုပ်ခဲ့ပါတယ်။ အဲဒီဌာနချုပ်ဟာ ကိုပင်ဟေဂင်မြို့လယ်ကြီးမှာ ရှိနေပြီး၊ ထပ်ခိုးမှာ ဂျာမနီတွေကိုတော်လှန်ဖို့ လုပ်နေတဲ့ ဒိန်းမတ်အတိုက်အခံ အဖွဲ့၀င်တွေကို ဖမ်းထားပြီး လူသားဒိုင်းကာအနေနဲ့ ထားထားပါတယ်။ ဒီဌာနချုပ်ကို ဗုံးကြဲရင် သူ့လူတွေပါ သေမှာသိပေမဲ့ ဒိန်းမတ်က ဂျာမန် တော်လှန်ရေးသမားတွေက ကြာရင် သူတို့အင်အားစုတစ်ခုလုံးကို ဂျာမန်တွေ ချေမှုန်းနိုင်တော့မှာ ဖြစ်တာကြောင့် ဗြိတိန်ဘက်ကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့ ပါတယ်။ဒီလိုနဲ့ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်၀င်လေတပ်က Operation Carthage ခေါ် ဂတ်စတာပိုဌာနချုပ်ကို ဗုံးကြဲဖို့ စစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး အောင်မြင်ခဲ့သလို အဖမ်းခံရတဲ့ အကျဉ်းသားတွေလည်းလွတ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီစစ်ဆင်ရေးဟာ ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့တာပါပဲ။ ဗြိတိန်တိုက်လေယာဉ်တွေဟာ ...
movie
The Shadow in My Eye (2022)
2021
7.7
Riders of Justice(2021)
Riders of Justice(2021) အညွှန်း****************************IMDb....7.7 ,,,Rotten...93%ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့အက်ရှင်ကားက ခပ်ရှားရှားရယ်....မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီးသမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့်ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါသိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်...File Size : (980 MB) and (380 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre : Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae
movie
Riders of Justice(2021)