Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Helena Mattsson
5.5
Dark Asset (2023)
Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီးလူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီးရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီးကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူကဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကိုဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.57GB / 634MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Dark Asset (2023)
4.0
Species IV: The Awakening (2007)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း.... ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ...ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး ...
movie
Species IV: The Awakening (2007)
1080p HEVC
6.3
Surrogates (2009)
Surrogates (2009)===============IMDb Rating - 6.3/10#Unicodeအနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို ...
movie
Surrogates (2009)
2009
7.0
Iron Man 2 (2010) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Iron Man 2 (2010) MCU
2010
7.2
My Dinner With Hervé (2018)
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့"My dinner with Hervé"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းက IMDb 7.2 ထိရရှိထားတာကြောင့်ဇာတ်လမ်းကောင်းဆိုပြီး အထူးညွှန်းစရာတောင်မလိုတော့ပါဘူး...ဒီဇာတ်လမ်းမှာတော့ "Fifty Shades of Grey"ဇာတ်လမ်းမှာChristian Grey အနေနဲ့ သရုပ်ဆောင်ထားတဲ့မင်းသား Jamie Dornan လဲပါဝင်ပါတယ်...ဒီဇာတ်လမ်းက တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ လူပုမင်းသား"Hervé Villechaize" အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပါတယ်...Hervé ဟာ ငယ်စဉ်ကတည်းက အရွယ်မကြီးနိုင်တဲ့ရောဂါဝေဒနာခံစားခဲ့ရပါတယ်...မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ အဖြစ်ဆိုးကို ကြည့်ပြီး ယူကျုံးမရဖြစ်ခဲ့ပါတယ်...ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Hervé ရဲ့ဖခင်ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ သားလူကောင်ကြီးလာဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး...Hervé ဟာ ကျောင်းတက်တဲ့အချိန်ရောက်တော့လည်းအတန်းဖော်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်...Hervé ဟာ ပန်းချီပညာလေ့လာခဲ့ပါတယ်...နောက်ပိုင်းမှာတော့ သူဟာသရုပ်ဆောင်အနေနဲ့ အောင်မြင်ခဲ့ပါတယ်... ...
movie
2018