Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Helena Collert
5.8
Exit (2006)
စီးပွားရေးလောကမှာ ပိုက်ဆံရှာချင်ရင်သိထားသင့်တဲ့အရာတစ်ခုရှိတယ်။ ဘယ်အရာမှကံနဲ့မဆိုင်ဘူး ။ကိုယ့်ပြိုင်ဖက်အကြောင်းကိုယ်သိရမယ်။မဟုတ်ရင်အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်။ကျရှုံးမှုကို မမုန်းဘူးဆိုရင်ဘယ်တော့မှ အောင်မြင်ချမ်းသာမှာမဟုတ်ဘူး။ဒါပေမယ့်တစ်ခါတစ်လေကျရင်တော့ အောင်မြင်ဖို့အတွက် စည်းတွေဘောင်တွေကို ကျော်ရတတ်တယ်ဆိုတာကို စီးပွားရေးလောကထဲက လူတွေတော်တော်များများသိကြပါတယ်။ဒါပေမယ့် အဲ့လိုဘောင်တွေ စည်းတွေကျော်တာများသွားရင်တော့ တစ်ချိန်ချိန်မှာ၀ဋ်ဆိုတဲ့အရာကြီးက ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာမှာကိုတော့ သိထားသင့်ပါတယ်။အဲ့ဒီလိုစီးပွားရေးလောကရဲ့အရှုပ်အထွေးတွေကို လူကြမ်းမျက်နှာပေါက်နဲ့ ဒိန်းမတ်ကနာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ Exit ဆိုတဲ့2006 ခုနှစ်တုန်းကထွက်ရှိထားတဲ့ IMDb 5.8 ရဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ်။သောမတ်စ်ဆိုတဲ့ လူကနိုဗာရင်းနှီးမြှုပ်နှံမှုဆိုတဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးသူတို့ရဲ့ ကုမ္ပဏီကတော့သူတို့ရဲ့အလုပ်ရှင်တွေရဲ့ပိုက်ဆံတွေကို အလားအလာကောင်းရှိတဲ့ ကုမ္ပဏီအသေးလေးတွေမှာ ရင်းနှီးမြှုပ်နှံပေးပြီးအကျိုးအမြတ်ပြန်ပေးရတဲ့ကုမ္ပဏီမျိုးဖြစ်ပါတယ်။တစ်နေ့မှာ မော်ဂန်ဆိုတဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကCataegis ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုကို အရမ်းဝယ်ချင်တဲ့အတွက်ပိုင်ရှင်ဖြစ်သူကို စည်းကျော်တဲ့ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အတွက်ကုမ္ပဏီကနေမောင်းထုတ်လိုက်ပါတော့တယ်။မော်ဂန်ကလည်း ကုမ္ပဏီကမောင်းထုတ်ခံလိုက်ရပြီး သိပ်မကြာခင်မှာတင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတော့တယ်။ဖြစ်ချင်တော့မော်ဂန်ဝယ်ခဲ့တဲ့ Cataegis ဆိုတဲ့ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုက အရမ်းအောင်မြင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးက အရမ်းတိုးတက်လာပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာသောမတ်စ်နဲ့ လက်တွဲလုပ်နေတဲ့ တွဲဖက်အသတ်ခံလိုက်ရပြီး သူ့ကိုရဲတွေကလူသတ်တရားခံဆိုပြီး စွပ်စွဲကြပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာဒါတွေအားလုံးရဲ့ နောက်ကွယ်မှာအကြွေးဟောင်းတွေဆပ်မဲ့ လူတစ်ယောက်ရှိနေတာကို သောမတ်စ်သိလိုက်ရတဲ့ အခါမှာတော့ဘယ်လိုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ...
movie
Exit (2006)