Channel Myanmar

Heather Jocelyn Blair

The Legend of Catclaws Mountain (2024) 5.5
The Legend of Catclaws Mountain (2024)  ချန်နယ်မြန်မာပရိတ်သတ်ကြီး ခုတခေါက်ကြည့်ရှူရမှာကတော့ ၂၀၂၄ မှထွက်ရှိထားတဲ့ကြောင်လက်သည်းတောင်ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ပေါ့ပေါ့ပါးပါးကလေးပုံပြင်လိုဇာတ်လမ်းသွားမျိုးလေးဖြစ်ပါတယ် နယ်မြို့လေးမှာနိစ္စဓူဝပုံမှန်ဘဝထဲမှာပဲ အသားကျနေတဲ့ မင်ဒီတို့မိသားစုမှာ မင်ဒီကတော့အများနဲ့မတူပဲ သူကတစ်ခုခုထူးခြားတာတွေကိုလုပ်ဖို့အတွက်မွေးဖွားလာတာလို့ယုံကြည်နေပါတယ်..ဇာတ်လမ်းအစမှာတော့ မမျှော်လင့်ပဲ သူတို့ရဲ့အဖေအိမ်ထောင်ဦးစီးရဲ့ ပန်းခြံကပိတ်ရတော့မဲ့ အနေအထားကိုကြုံလာပါတယ် ငွေကြေးအခက်အခဲကြောင့် ရေကြည်ရာမြက်နုရာ အလုပ်ပြောင်းတဲ့နေရာကိုရွှေ့ရတော့မလိုဖြစ်နေချိန်မှာ မင်ဒီဟာ ထူးခြားတဲ့ ယူနီကွန်းလိုစွတ်စွတ်ဖြူဖွေးနေတဲ့ မြင်းပုလေးတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ် ဒီနယ်တစ်ဝိုက်မှာ တစ်နေ့ကျရင်မြင်းပုလေးတစ်ကောင်ကထိုက်တန်တဲ့သူကို ကြောင်လက်သည်းတောင်မှာဖွက်ထားတဲ့ ရွှေတွေဆီကိုလမ်းပြပေးလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေကလည်းနာမည်ကြီးနေတာမလို့ မင်ဒီကတော့ ဒီမြင်းပုလေးကိုထူးခြားတဲ့မြင်းပုလေးလို့ထင်မှတ်လိုက်ပါပြီ ဒါပေမဲ့ကလေးပဲရှိသေးတဲ့ မင်ဒီတစ်ယောက် သူထင်ရာမြင်ရာကလေးအတွေးတွေပဲတွေးနေတာလားတကယ်ဆိုရင်ရောတောကြီးမျက်မည်းထဲကရွှေတွေဆီကိုဘယ်လိုများသွားနိုင်မှာလဲ ပြီးတော့ရွှေဆိုရင်ငမ်းငမ်းတက်မက်မောကြတဲ့ လူတို့သဘာဝအတိုင်း သွေးနံ့ရလို့ဝိုင်းလာတဲ့ငါးမန်းလိုလူတွေကိုရောသူတို့ဘယ်လိုများရင်ဆိုင်ရမလဲကို ပေါ့ပေါ့ပါးပါးကြည့်ရှူနိုင်မှာပါ  File size…2.88GB / 1.24GB Quality…WEB-DL 1080p  5.1CH / 720p Format…mp4 Duration….1h 44m Genre …..Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Legend of Catclaws Mountain (2024)

I, Tonya(2017) 7.5
I, Tonya(2017) I, Tonya(2017) IMDb....7.5,,,,Rotten...89  Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့်  ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်  အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ဒါရိုက်တာက မူရင်းနဲ့  သွေဖီမသွားအောင်ရိုက်ရင်း  ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Hardingအကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်...Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကိုကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ခင်ဗျားဟာ  Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက်ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်းဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့.........ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...File Size : (1GB) Quality : ...
movie

I, Tonya(2017)

2017