Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Heather Goldenhersh
The Merchant of Venice (2004)
အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie
The Merchant of Venice (2004)
Kinsey (2004)
Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie
Kinsey (2004)
6.3
Hail, Caesar! (2016)
၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie
Hail, Caesar! (2016)
2016
7.1
The Believer (2001)
The Believer (2001)~ IMDb - 7.1/10, Rotten Tomatoes - 82% ~ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ ...
movie
The Believer (2001)
2001
7.8
Horton Hears a Who! (2008)
IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie
Horton Hears a Who! (2008)
2008
7.1
School of Rock(2003)
ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်....သူ့မှာ တီးကွက်ခပ်လှလှ သီချင်းစာသား ခပ်ရွရွတွေရှိပေမယ့် ကံတရားကြောင့်ပဲလား သူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲလား မသိ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့နေနေသာ အိမ်လခတောင်ပေးဖို့အနိုင်နိုင်....ကံကဆက်ဆိုးချင်တော့ တီးဝိုင်းအဖွဲ့ကလည်း သူ့ကို ထုတ်ပစ်လိုက်တယ်....လေလွင့်နေတဲ့သူဟာ အစားထိုးစာသင်ဖို့ကျောင်းဆရာအဖြစ်နဲ့လုပ်ရဖို့အကြောင်းဖန်လာတယ်...ကျောင်းရောက်တော့ .ကျောင်းသားကျောင်းသူတွေကိုသူတတ်တဲ့ဂီတပညာတွေသင်ပေးမိတယ် ဒီလိုနဲ့ ပါရီမီရှိတဲ့ကလေးတွေနဲ့သူ ဂီတပြိုင်ပွဲတစ်ခုအတွက် ကျောင်းမှာကြိုးစားလေကျင်ရင်း ပြင်ဆင်ကြတယ်....ဒီကားကိုကြည့်မိတော့ ခေါင်းဆောင်မင်းသား (Jack black)က ဂစ်တာတီးဟန် သီချင်းဆိုဟန်တွေကိုသတိထားမိတယ် .....ပြီးတော့ ကလေးတွေ ဒရမ်သမား ဂစ်တာသမား ဟာမိုနီသမားကောင်မလေးတွေ..ကီးဘုတ်တီးတဲ့သူ ....အားလုံးဟာ အပြင်မှာတကယ်တီးနေ ဆိုနေတာကိုရိုက်ထားသလားမှတ်နေရတယ်...ဒါကြောင့် school of rockဇာတ်ကားအကြောင်းနည်းနည်းစုံစမ်းကြည့်တော့ သရုပ်ဆောင်တွေအကုန်လုံးက အခုလက်ရှိအပြင်မှာလည်း Band တွေမှာနာမည်ရနေတဲ့လူငယ်လေးတွေပါတဲ့..ပြီးတော့the school of rockထဲကမှာသရုပ်ဆောင်ခဲ့တဲ့အတိုင်း အပြင်မှာ အတီးအဆိုနဲ့အောင်မြင်နေတဲ့သူတွေဖြစ်ပါတယ် ပြီးတော့ ခေါင်းဆောင်မင်းသား Jack Black ကအပြင်မှာလည်း ဂစ်တာစကေးကြီးဗျ...ကိုင်း ဇာတ်လမ်းလန်းလန်းလေးနဲ့မြူးမြူးကြွကြွသချင်းလေးတွေခံစားချင်ရင်တော့.....IMDbကလည်း 7.1ဆိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်..... File Size…(885MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:48:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Subtitle by ...Honest Abe
movie
School of Rock(2003)
2003