Channel Myanmar

He Qiwei

The Thousand Faces of Feijia ( 2023 ) 5.8
The Thousand Faces of Feijia ( 2023 ) အေးချမ်းတဲ့ ရွာငယ်လေးတစ်ရွာမှာ ခြင်းတောင်း‌တွေကိုယ်တိုင်ယက်ပြီးရောင်းတဲ့ သားအဖနှစ်ယောက်ရှိပါတယ်။ အဖေဖြစ်သူက မျက်စိမမြင်ရတော့ခြင်းတွေသေချာယက်ပြီး အေးအေးဆေးဆေးစီးပွားရှာနေပေမယ့် သားဖြစ်သူက သူ့ကိုယ်သူ တစ်ရက်ကြ စွမ်းအားရှင် ကယ်တင်ရှင်ကြီးဖြစ်ရမယ်ဆိုတဲ့အိမ်မက်ရှိနေပါတယ်သူ့အဖေကတော့ သားဖြစ်သူဒုက္ခမရောက်အောင်လို့အမြဲတမ်း သစ်ပင်ကြီးတစ်ပင်ဆီမှာ ဆုတောင်းပေးရင်း သားဖြစ်သူပေါက်ကရတွေမလုပ်ဖို့တားနေရပါတယ် အဲ့ဒီ့လူစွမ်း‌ ကောင်းဖြစ်ချင်တဲ့အိမ်မက်က‌လည်း အလကားရှိနေတာတော့မဟုတ်ပါဘူး သူ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ဖျောက်နိုင်တဲ့စွမ်းအင်တစ်မျိုးရှိနေတာကြောင့် ဒီစွမ်းအားကနေတဆင့် သူ့ကိုယ်သူလူစွမ်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်နေရင်းပေါ်လာတဲ့ အိမ်မက်ပါဒါပေမယ့် ကိုယ်ယောင်ဖျောက်တာတောင် တစ်ခါတစ်လေရလိုက် တစ်ခါတစ်လေမရလိုက်ဖြစ်နေတဲ့အခြေအနေမှာ သူဘယ်လိုလူစွမ်းကောင်းလုပ်မလဲ အဲ့စွမ်းအင်ကရော လူသားဖြစ်တဲ့သူ့ဆီဘယ်လိုရောက်နေတာလဲ ဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်လိုက်ကြရအောင် Filesize : 0.97 GB / 575 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Kyawt Encoded by LK  
movie

The Thousand Faces of Feijia ( 2023 )

Tomb Guarding Man (2024) 5.7
Tomb Guarding Man (2024) ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေက ရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ -သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးက သင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊ မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူ စစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူက လက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာ သင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီး မြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေက အမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး Filesize : 708 MB / 408 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 13 min Subtitle ...
movie

Tomb Guarding Man (2024)

Puppet ( 2024 ) 5.7
Puppet ( 2024 ) နန်းတွင်းအရှုပ်တော်‌ပုံတွေနဲ့ plot twist တွေအများကြီးပါတာ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် The Puppet ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - ဝမ်ယွင်ကျစ်ဆိုတဲ့ ဓား‌ရေးပြပြီး ပြဇာတ်ကတဲ့ကောင်လေးဟာ တစ်နေ့မှာတော့ ခရီးသွားရင်း မတရားမှုကိုတွေ့လို့ဝင်ကူညီရာကနေ မတော်တဆ တော်ဝင်ကိုယ်ရံတော်တွေကို သတ်မိသွားပြီးတော့ ကျောင်အကျဉ်းထောင်ထဲရောက်သွားပါတော့တယ် ။အဲဒီကျောင်အကျဉ်းထောင်က လူ့ပြည်မှာရှိတဲ့ ငရဲပြည်လို့တောင် သတ်မှတ်ထားကြနဲ့ အကျဉ်းထောင်ကြီးဖြစ်ပါတယ် ။ သေဖို့ရက်ကိုစောင့်ရင်း မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ရှင်နေရတဲ့ ဝမ်ယွင်ကျစ်ကို မိန်းမစိုးကျန်းချန်က အသက်ထပ်ရှင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ။သူ့ကို မင်းကြီး မင်တိုင်းပြည်နဲ့ မိန်းမစိုးကျန်းချန်‌ဆီမှာ တင်းကျန်ဆိုတဲ့နာမည်နဲ့ အမှုထမ်းခွင့်ပေးလိုက်ပါတယ် ။ ဒီလိုနဲ့ ဝမ်ယွင်ကျစ်တစ်ယောက် မိန်းမစိုးကျန်းချန်ရဲ့ ရုပ်သေးရုပါစပြီးဖြစ်လာပါတော့တယ်။တင်းကျန်နာမည်နဲ့ မင်းမှုထမ်းဖြစ်သွားတဲ့ ယွင်ကျစ်တစ်ယောက် နန်းတွင်းအရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားမလဲ ? သူကိုယ်တိုင်ကရော ပြဿနာတွေထဲ ဘယ်လိုဝင်ပါလာလိမ့်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါအုံးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( ...
movie

Puppet ( 2024 )

The Last Mage ( 2023 ) 5.6
The Last Mage ( 2023 ) " အန့်ယန့်ရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတာ ချိန်ရှစ်တစ်ယောက် သေရွာကနေပြန်လာကတည်းကပဲတဲ့ "The last Mage ဇာတ်ကားကတော့ ဇာတ်ကြောင်းလှည့်ကွက်မျိုးစုံနဲ့ ရင်တဖိုဖိုကြည့်ရမဲ့ ရှေးခေတ်မှော်ပညာနဲ့ထူးဆန်းတဲ့ လူသေမှုတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။တစ်ခါက အန့်ယန်ရွာမှာ ချိန်ရှစ်ဆိုတဲ့လူတစ်‌ယောက်ရှိပြီး အပြင်းဖျားနာခဲ့ပါတယ် ။ ချိန်ရှစ်မှာ ကံဆိုးစွာနဲ့ သမား‌ေတာ်နဲ့‌ေတာင် မပြရသေးခင် သေဆုံးသွားခဲ့ပါတယ် ။ ဒါပေမဲ့ ထူးထူးဆန်းဆန်း သူ့ကိုသဂြိုလ်ဖို့လုပ်နေချိန်မှာပဲ အကောင်းကြီးရှိတဲ့မျက်လူံးနှစ်လုံးက ကန်းသွားပြီး အခေါင်းထဲကနေတစ်ဖန်ပြန်ထလာခဲ့ပါတော့တယ် ။ သူသေရွာကပြန်လာပြီးနောက်မှာ ရွာထဲမှာလည်းထူးဆန်းတဲ့လူသေမှုတွေဆက်တိုက်ဖြစ်လိုက်ပါတော့တယ်။ချိန်ရှစ်တစ်ယောက်ဘယ်လိုဖြစ်လို့ သေရွာကပြန်လာခဲ့တာလဲ ? ရွာထဲကလူသေမှုတွေကသူနဲ့ဆက်စပ်နေမလား ? သူတို့ရွာကိုကယ်တင်ဖို့ဘယ်သူရောက်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာရင်တဖိုဖို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

The Last Mage ( 2023 )

Uncle Maoshan ( 2023 ) 6
Uncle Maoshan ( 2023 ) တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်​၏သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ...... ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ...... ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : ...
movie

Uncle Maoshan ( 2023 )

Qimen Flying Armor ( 2023 ) 5.6
Qimen Flying Armor ( 2023 ) အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့် ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့-ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာ မျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကို ပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့ သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့ တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့ နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှ ဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက် ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်- သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ...... သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Qimen Flying Armor ( 2023 )

Journey To The East: The Eight Immortals ( 2023 ) 5.9
Journey To The East: The Eight Immortals ( 2023 ) နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်၊ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်‌‌ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်၊ သို့သော် အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး...မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ.... တစ်ဖန်-အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ်သို့သော် နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့ လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်‌ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်း ဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ်-ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ... ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Journey To The East: The Eight Immortals ( 2023 )

The Five Immortals of Northeast China ( 2023 ) 5.8
The Five Immortals of Northeast China ( 2023 ) ချင်းခေတ်နှောင်းပိုင်းတောတောင်တွေကြားထဲကရွာလေးတစ်ရွာမှာ ရွာသားတွေက မြေခွေး ၊ဖျံနီညို၊ ဖြူ၊ မြွေ၊ ကြွက်ဆိုတဲ့သတ္တဝါ (၅)မျိုးကိုနတ်အဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတယ်။တစ်နေ့မှာတော့ရွာရဲ့လူချမ်းသာဖြစ်တဲ့စွန်းမျိုးနွယ်ဟာ ကြွက်တွေကိုအမျိုးတုန်းလိုက်ရှင်းတဲ့အတွက် ကြွက်နတ်ကိုပြစ်မှားမိလို့ ဒုက္ခရောက်သွားခဲ့တယ်ဆိုတဲ့ထူးဆန်းဖြစ်ရပ်ဖြစ်လာခဲ့တယ်။ဂျင်ဆင်းနဲ့ပူဇော်ရမယ့်လို့ဆိုကြတဲ့အတွက် စွန်းမျိုးနွယ်ရဲ့ညီဟာ တောင်ပေါ်တက်ပြီး ဂျင်ဆင်းရှာတဲ့ခရီးတင်ပါတော့တယ်...... ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်မျိုးပြီးတစ်မျိုးဖြစ်လာခဲ့တယ် တကယ်ပဲ တောင်တွင်းနတ်(၅)ပါးပေးတဲ့အပြစ်တွေလား...... အမှန်တရားဟာဘယ်လိုဖြစ်နေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

The Five Immortals of Northeast China ( 2023 )

Dragon Quest: The Soul Coffin ( 2023 ) 5.9
Dragon Quest: The Soul Coffin ( 2023 ) လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့CMပရိသတ်ကြီးအတွက် လျို့ဝှက်ဆန်းကြယ်ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေးတုန်းက ဝိဉာဉ်ချင်းလဲပြီးအသက်ဆက်ရှင်နိုင်စေတဲ့ နဂါးပုလဲလုံးဆိုတဲ့ရတနာပုလဲလုံးကို သဲကန္တာရကြီးတစ်ခုရဲ့ အောက်မှာဝိဉာဉ်အခေါင်းထဲမှာထည့်သွင်းပြီးမြုပ်နှံထားတယ်တဲ့.....တော်လှန်ရေးခေတ်မှာ ပညာအသီးသီးရှိတဲ့လူတစ်စုဟာ ရည်ရွယ်ချက်အသီးသီးနဲ့ သင်္ချိုင်းဖောက်ထွင်းဖို့စုမိကြပါတယ်။ ရှေးဟောင်းမြေပုံတစ်ခုကိုယူပြီး သဲကန္တာရကြီးထဲမှာ ဒဏ္ဍာရီထဲကရှေးဟောင်းသင်္ချိုင်းကိုရှာဖွေခဲ့ကြတယ်။ ရှေးဟောင်းသင်္ချိုင်းကြီးထဲမှာ သူတို့ကိုဘယ်လို ဆန်းကြယ်တဲ့အရာတွေကစောင့်နေမလဲ ...... ဝိဉာဉ်ချင်းလဲပြီးသူများခန္ဓာနဲ့အသက်ရှင်စေနိုင်မယ့် နဂါးပုလဲလုံးဆိုတာကရော ဘယ်လိုအရာဖြစ်နေမလဲ..... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery , Adventure Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon Quest: The Soul Coffin ( 2023 )

Zombie Chikadees ( 2022 ) 6.3
Zombie Chikadees ( 2022 ) ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီးတစ်ယောက်ဖြစ်တဲ့ မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ခဲ့ပြီးတော့ ဗီဇပြောင်းငှက်မျိုးစေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်ထူးဆန်းစွာနဲ့ပဲ လူတွေကလဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလို့ နေပါတယ် တစ်ဆက်ထဲမှာပဲ မြို့တော်ရဲ့ လူချမ်းသာအိမ်တော်ဖြစ်တဲ့ မုန့်အိမ်တော်ရဲ့ သခင်ကြီးဟာ သေဆုံးရာကနေပြီး ဖုတ်သစ္ဆေတစ်ကောင်ကို ပြန်နိုးထလာခဲ့ပါတယ်ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီး မောင်ရှန်းဟောင်က ဒီသေဆုံးမှုဟာ ငှက်တစ်ကောင်တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့ ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူကမှယုံကြည်ချင်းမရှိခဲ့ပါဘူး မြို့တော်က လူတွေကလဲ ကောလဟာလတွေမှတစ်ဆင့် စိတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်လို့လာမှာ အုံကြွမှုတွေပါ ဖြစ်လို့လာပါတယ် ဒီလိုနဲ့ မုန့်အိမ်တော်ရဲ့ သခင်လေးဖြစ်သူလဲဖြစ် ညွှန်ကြားရေးမှူးချုပ်လဲဖြစ်တဲ့ မုန့်ချန်နဲ့ အတူတူ အမှန်တရားကို ရှာဖွေခဲ့ကြတဲ့အခါ -❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏ သူတို့ပြောနေတဲ့ ဖုတ်သစ္ဆေဆိုတဲ့ အရာကရော အမှန်ပဲ ဖြစ်နေမလား ❏ အဲဒီတိုက်ခိုက်ကြတဲ့ ငှက်ဆိုးတွေကရော ဘာတွေကြောင့်ဖြစ်နေကြမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားအဖြေရှာကြရမဲ့ horror အမျိုးအစားလေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ...
movie

Zombie Chikadees ( 2022 )