Channel Myanmar

Hayley McElhinney

The Babadook (2014) 6.8
The Babadook (2014) Genre – Drama, Horror, Mystery IMDB – 6.8/10ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။ သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း "မစ္စတာဘာဘာဒေါ့ခ်"လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။ အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။ သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊ သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့် ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။File size…    1.3 GB /  637 ...
movie

The Babadook (2014)

How to Please a Woman (2022) 6.2
How to Please a Woman (2022) How To Please A Woman (2022) ======================= IMDb Rating - 6.2/10ဒီတစ်ခေါက်အတွက်တော့ တခြားဇာတ်လမ်းတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ ဟာသဆန်ဆန် comedy ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ သာယာမှုကို အပြည့်အဝရပိုင်ခွင့် အမျိုးသမီးတွေမှာလည်း တောင်းဆိုခွင့်ရှိကြောင်းနဲ့၊ အမျိုးသမီးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အချိန်မရွေး ဘဝသစ်တစ်ခုကို ရွေးချယ်ပိုင်ခွင့်ရှိကြောင်းကို အဓိကအသားပေးဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဒီဇာတ်လမ်းထဲမှာ အသက်ငယ်ရွယ်သူတွေအတွက် ကြည့်ရှူဖို့မသင့်တော်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အသုံးအနှုန်းတွေပါဝင်တာကြောင့် အသက်ပြည့်ပြီးမှ ကြည့်ရှူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲ့လိုရေးလို့ လူငယ်ကြိုက် 18+ ဇာတ်လမ်း မျိုးလိုတော့ မထင်ပါနဲ့။ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့...ရှေ့နေဖြစ်သူယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ကျထားပြီး ဘဝကို ရုံးအလုပ်တွေ အိမ်သန့်ရှင်းရေး အလုပ်တွေနဲ့ပဲ ငြီးငွေ့စွာဖြတ်သန်းနေရတဲ့ ဂျီနာတစ်ယောက်၊ တစ်နေ့မှာတော့ သူငယ်ချင်းတွေက သူ့ရဲ့ အသက်၅၀ ပြည့်မွေးနေ့လက်ဆောင်အဖြစ် ကောင်လေးတစ်ယောက်ကို အိမ်ကိုပို့ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုအဖြစ် နှစ်နာရီရတဲ့အချိန်အတွင်းမှာ ဂျီနာကတော့ ဘာမှမတောင်းဆိုဘဲနဲ့ သန့်ရှင်းရေးပဲလုပ်ခိုင်းလိုက်ပါတယ်။ အသက်၅၀ ရှိနေပြီဖြစ်တဲ့ ဂျီနာတစ်ယောက် ကောင်လေးရဲ့ သန့်ရှင်းရေးလုပ်တဲ့ ပုံစံကို ကြိုက်သွားပြီး အမျိုးသမီးတွေအတွက် ယောက်ျားလေးတွေက အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့တော့ ဂျီနာတစ်ယောက် အသက်၅၀ပြည့်မှ ...
movie

How to Please a Woman (2022)

2022
Hearts and Bones(2019) 6.5
Hearts and Bones(2019) Hearts and Bones(2019)ဓာတ်ပုံရိုက်တာတွေထဲမှာမှ War Photography ဆိုတာရှိတယ်...ဘာတွေကိုမှတ်တမ်းတင်လဲဆိုတော့ စစ်ပွဲတစ်ခုအတွင်း ဖြစ်ပျက်သမျှတွေ ပစ်တာခတ်တာပေါက်ကွဲပျက်စီးတာ သေကျေကျရှုံးတာတွေကို ရိုက်ကူးတယ်... စစ်ပွဲတစ်ခုကြောင့် ဒေသတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်...အပြစ်မဲ့ပြည်သူတွေ ဘယ်လိုသေရတယ်ဆိုတာကို အရှိအရှိအတိုင်း ရိုက်ကူးကြတယ်... စစ်ပွဲတွင်း အဖြစ်အပျက်ပေါင်းစုံကို ရိုက်ကူးရတာဖြစ်တဲ့အတွက် အရမ်းအန္တရာယ်များပါတယ်...သေနတ်လည်းမှန်ရင်မှန်မယ် ဗုံးလည်းထိရင်ထိမှာပါ... ဒီဇာတ်ကားထဲမှာတော့ ဒန်ဖစ်ရှာဆိုတဲ့ဘဲကြီးက အဲ့ဒီလို ဓာတ်ပုံဆရာမျိုး... သူဟာ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြည်သူလူထုဆီ ပြပွဲတစ်ခုအနေနဲ့ ချပြတော့မယ့်အချိန်မှာ စစ်ဘေးဒဏ်ခံ ရွာကလေးတစ်ရွာရဲ့ပုံတွေလည်း ပါရှိလာပါတယ်... အဲ့ဒီအချိန်မှာ အဲ့ဒီရွာလေးက ဒေသခံတစ်ဦးဟာ သူတို့ရွာရဲ့အဖြစ်ဆိုးကို အများအားချပြမှာ မလိုလားဘဲ ကန့်ကွက်လာတဲ့အချိန်မှာတော့..ဒီဇာတ်ကားက ဆုပေါင်း (၅)ဆုတောင်ရရှိခဲ့သလို  Cleveland International Film Festival 2020  မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်အခြားဆုပေါင်း (၁၄)ဆုတောင်ဆန်ကာတင်စာရင်းဝင်ခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Paing ပဲဖြစ်ပါတယ်....File Size : (850 MB) and (380 MB) Quality : ...
movie

Hearts and Bones(2019)

The Babadook (2014) 6.8
The Babadook (2014) The Babadook (2014)IMDb - 6.8/10_____Rotten - 98%အော်စကာဆုရှင် ဒါရိုက်တာ ဝီ လျံဖရိုင်ကင်က ဩစတြေးလျ ထိတ်လန့် ရင်ဖိုဇာတ်ကား Babadook သည် သူ့တစ်သက် ကြည့်ဖူးသမျှထဲ တွင် ကြောက်စရာ အကောင်းဆုံး ဇာတ်ကားဖြစ်သည်ဟု ပြောဆိုလိုက်သည်။သူ၏ တွစ်တာအကောင့်တွင် THE BABADOOK လို ကြောက်စရာကောင်း တဲ့ ကားမျိုး တစ် ခါမှကို မကြည့်ဖူးဘူး ။ သေမတတ် ကြောက်စရာကောင်းတယ် ဟု ရေးသားခဲ့သည်။ ကြောက်စရာ ဇာတ်ကား များကိုဖန်တီသူ စတီဖင်ကင်း ကလည်း ပြီး ခဲ့သည့်အပတ်က အလားတူ ပြော ကြားခဲ့သည်။ တကယ့် ကို ကြောက်စ ရာကောင်းတဲ့ကားပါ။ မကြည့်ရဲရင် မကြည့်နဲ့။ အသံကြား တာနဲ့တင် ကြောက်စရာ အတော်ကောင်းနေပြီ ဟုဆိုသည်။Babadook ဇာတ်ကားမှာ ဩစ ...
movie

The Babadook (2014)

2014