Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hayden Panettiere
5.8
Tiger Cruise (2004)
Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူအချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကိုခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကိုအပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေနေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။ ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှုဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက်ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့အညွှန်းနဲ့ ...
movie
Tiger Cruise (2004)
Raising Helen (2004)
၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ ခေတ်စားခဲ့တဲ့ အမေရိကန်ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Family/Drama နဲ့ Comedy အမျိုးအစားရုပ်ရှင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Helen Harris က နာမည်ကြီး ဖက်ရှင်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်တဲ့ ခေတ်ဆန်ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်မအကြီးဆုံး Lindsay တို့ဇနီးမောင်နှံ ကားမှောက်ပြီး ကွယ်လွန်သွားကြပါတယ်။Lindsay က သေတမ်းစာမှာ သူ့ရဲ့သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်အဖြစ် အတွေ့အကြုံရှိပြီးသား Jenny လက်ထဲမအပ်ခဲ့ဘဲ ထူးဆန်းစွာနဲ့ ညီမအငယ်ဆုံး Helen လက်ထဲအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်တစ်ဦးဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေးသုံးဦးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ဟာသရုပ်ရှင်ဆိုပေမဲ့ မိသားစု၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့ထားတဲ့ လေးနက်ကြည်နူးဖွယ် Drama အငွေ့အသက်များလည်း ပါဝင်ပါတယ်။ Lindsay ...
movie
Raising Helen (2004)
7.8
Remember the Titans (2000)
Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစားမှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှုပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie
Remember the Titans (2000)
2000
4K HEVCHDR
7
Scream VI (2023)
Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie
Scream VI (2023)
2023
4K HEVC
6.3
Scooby-Doo! and the Legend of the Vampire (2003)
Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်..ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်းရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ...သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File ...
movie
Scooby-Doo! and the Legend of the Vampire (2003)
Scream (2022)
Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲတွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ...
movie
Scream (2022)
6.1
Scream 4 (2011)
Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie
Scream 4 (2011)
2011
7.2
A Bug’s Life (1998)
A Bug's Life (1998) IMDb - 7.2/10_____Rotten - 92% A Bug's Life ဆိုတဲ့ Animation ,နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb မှာလည်း 7.2 ရရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက ထွက်ခဲ့တဲ့ခုနှစ်က မြင်တဲ့အတိုင်းပါပဲ..ကြာခဲ့ပြီဖြစ်ပါတယ်...သို့ပေမယ့် ကြည့်ဖူးတဲ့သူတွေအတော်များများက ကောင်းတယ်လို့ညွှန်းတာရော IMDb..နဲ့ Rotten ကလည်း ဖျားချင်လောက်စရာကြီးဆိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ပုရွက်ဆိတ်များရဲ့ အချိန်တော်တော်များများဟာ အစာရှာနေရတာပါပဲ..အဓိက အစာရှာပေးရတာက နှံကောင်တွေအတွက်ပါပဲ.. အစဉ်အလာလိုဖြစ်နေတဲ့အပြင် နှံကောင်တွေကိုလည်း မတွန်းလှန်နိုင်တော့ ပုရွက်ဆိတ်အားလုံးဟာ အစာရှာပေးနေဆဲပါပဲ..။ .အစာကို နွှင်ရ သယ်ရ ဆိုတော့ အချိန်တွေလည်းအတော်ကုန်တယ်.. ဒါကို အသစ်အဆန်းတွေ တီထွင်ရတာကို ဝါသနာပါတဲ့ Flik ဆိုတဲ့ ပုရွက်ဆိတ်က ဖြေရှင်းဖို့ကြိုးစားတယ်... သို့ပေမယ့် သူဘာလုပ်လုပ် အကောင်းမမြင်ကြသလို သူလုပ်တာတွေကလည်း အလွဲလွဲအချော်ချော်တွေကြီးပဲ... တနေ့မှာတော့ Flik ကြောင့် ပုရွက်ဆိတ်တွေ ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. နှံကောင်တွေအတွက် ပေးရမယ့်အစာပမဏအတော်များများဟာ Flik ကြောင့်ပျောက်သွားလို့ပါ... ကိုင်း Flik တို့ ပုရွက်ဆိတ်တွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ ...
movie
A Bug’s Life (1998)
1998
6.2
Message in a Bottle(1999)
A Message IN A Bottle(1999) IMDb...6.2 ဂရက် ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်...... . ပင်လယ်ကြီးရဲ့ ဘေး ဇနပုဒ်ရွာက သာမန်လူသား တစ်ယောက်ပါပဲ။။ ဘဝက ခရီးတစ်ခု ဆိုပါစို့...ဆုံးရှုံးမှုတွေကတော့ ကျွန်တော်တို့ ကြုံတွေ့ရမဲ့ မိုင်တိုင်တွေ ပါပဲ. .။ လက်ခံနိုင်သည်ဖြစ်စေ ကြောက်ရွံ့သည်ဖြစ်စေ ကြုံတွေ့ကြရမှာပဲ။ ဂရက်ကြုံတွေ့ရတဲ့ မိုင်တိုင်က တခြားသူတွေထက်ခါးသီးနေဟန်ပါပဲ... သို့ပေမယ့် သူဟာ ဆုံးရှုံးမှုကို ဖက်တွယ်ထားတဲ့ အစွဲအလမ်းကြီးသူ တစ်ယောက် ပါပဲ. ..။ မရှိတော့တဲ့ သူရဲ့ အခါတစ်ပါးက ချစ်ရသူတစ်ယောက်အတွက် ဖန်ပုလင်းထဲစာလေးတွေထည့်ပြီးပင်လယ်ပြာဆီ မျှောခဲ့တယ်..လေးနက်ခြင်း လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေကို ဖွဲ့သီပြီးစာလေးတွေရေးပြီးထည့်ခဲ့တယ်.. .ဒီဖန်ပုလင်းထဲက စာကိုအမျိုးသမီးတစ်ယောက်ကဖတ်မိတယ်.. ...၀ါကျတိုလေးတွေဆိုပေမယ့် စာရေးတဲ့သူရဲ့ ရင်ထဲကခံစားချက်တွေကိုကောင်းကောင်းပုံဖော်နိုင်တယ်.. .ဒီစာကိုဖတ်မိတဲ့အမျိုးသမီးတစ်ယောက်ဟာ တစ်ခါမှမမြင်ဖူးတဲ့ ဖန်ပုလင်းထဲကစာပိုင်ရှင်ကိုတွေ့ချင်လာတယ်...။ ဖန်ပုလင်းထဲက စာတစ်စောင်က မွေးဖွားခဲ့တဲ့ ရေစက်တစ်ခုဟာ ဘာများ ဆက်ဖြစ်သွားသလဲ.. .ဆိုတောတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။ စကားမစပ် Roလွန်းတဲ့ ဒီဇာတ်ကားရဲ့ မူရင်း စာရေးဆရာက ကျွန်တော်တို့ရဲ့ Nicholas Sparkကြီးပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aung ပဲဖြစ်ပါတယ်... File Size : ...
movie
1999