Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hayato Isomura
4.8
You, I Love (2018)
We love (2018)IMDb - 4.8 My Drama List - 6.6ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကို ကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊ အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီး ယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလား စတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင်File ...
movie
You, I Love (2018)
6.3
Believers (2022)
(18+) Believers (2022)မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် ဂျပန်ရုပ်ရှင် Believers (2022) ကို CM မှာ ကြည့်လို့ရပါပြီနော်။ 18+ ဇာတ်ဝင်ခန်းတွေလည်း ပါတာမို့ လူကြီးမိဘတွေနဲ့အတူ မကြည့်ကြဖို့တော့ သတိပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ညွှန်ကြားချက်ကြောင့် လူ ၃ ယောက်ဟာ ကျွန်းငယ်လေးတစ်ခုပေါ်မှာ သုံးယောက်တည်း နေခဲ့ကြရပါတယ်။ ဒီအစီအစဉ်ကိုတော့ "သီးခြားကျွန်း အစီအစဉ်" လို့ ခေါ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ယိုယွင်းနေတဲ့ သာမန်လူ့အဖွဲ့အစည်းကနေ ထွက်လာပြီး ဒီကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သန့်စင်ကြဖို့ပါ။ ဒါပေမဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါဝင်နေတဲ့ ဒီအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ သာမန်လူသားတွေရဲ့လိင်စိတ်ဆန္ဒတွေကို တပ်မက်လာကြတဲ့ အခါမှာတော့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သန့်စင်မှုကို အပြီးထိ လုပ်ဆောင်သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ဖြစ်ပေါ်လာတဲ့ တပ်မက်စိတ်တွေကြောင့် သူတို့ရဲ့ရည်ရွယ်ချက် ပျက်စီးသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.6GB | ...
movie
Believers (2022)
2022
Hard Days (2023)
ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie
Hard Days (2023)
7.0
A Family (2021)
A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie
A Family (2021)
6.7
Plan 75(2022)
Plan 75(2022)************ဂျပန်နိင်ငံဆိုတာ သက်ကြီးရွယ်အိုတွေများကြသလို အသက်လည်းရှည်ကြတာအာလုံးသိကြတယ်။ ဂျပန်အစိုးရဟာ သက်ကြီးရွယ်အိုတွေ "အစီအစဉ် ၇၅ "ဆိုတဲ့ အသက် ၇၅ နှစ်နဲ့အထက် အဖိုးအဖွားတွေအတွက်ထောက်ပံပေးဖို့ဥပဒေပြဌာန်းလိုက်ပါတယ်။ ၇၈ နှစ်ရှိပြီဖြစ်တဲ့ မိချီခကုတနိဆိုတဲ့အဖွားက ဟိုတယ်တစ်ခုမှာသန့်ရှင်းရေး ဝင်လုပ်ပါတယ်။နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်လို့အနားပေးလိုက်ပါတယ်။ အစကတော့ အစီအစဉ် ၇၅ ကိုလျှောက်လွှာမတင်ဘဲ အလုပ်လုပ်ပြီးဆက်နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် အသက်ကြီးလွန်တာကြောင့်ဘယ်နေရာမှအလုပ်မခန့်တာကြောင့် အစီအစဉ် ၇၅ လျှောက်လွှာတင်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့...File Size :(1.9 GB) and (633 MB) Quality :WEB-DL.1080P, 720p Format…mp4 Duration…01:45:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Plan 75(2022)
5.2
XxxHolic (2022)
XXXholic 2022Clamp ရဲ့ mangaစီးရီးဖြစ်တဲ့ xxxHOLiC ကို Live action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ "ဝါတနုကိ"ဆိုတဲ့ အထက်တန်းကျောင်းသားမှာ တခြားသူတွေမမြင်နိုင်တဲ့ အငြိုးကြီးတဲ့သရဲတစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ တစ်ချိန်လုံး ဒါတွေကိုပဲမြင်နေရပြီး သူတို့လက်ကလွတ်အောင် ထွက်ပြေးနေရတာမို့ ဘယ်သူနဲ့မှ ခင်မင်ပေါင်းသင်းလို့မရဘဲ တစ်ယောက်တည်းဖြစ်နေပါတယ်။ သူက ဒီလိုမြင်နေရတဲ့ဘဝကနေလွတ်ပြီး သာမန်ဘဝမှာနေထိုင်ချင်နေတာပါ။တစ်နေ့မှာတော့ သူဒီလိုတွေမြင်နေရတုန်းမှာ လိပ်ပြာတစ်ကောင်ရောက်လာပြီး သူ့ကိုဆန်းကြယ်တဲ့ဆိုင်တစ်ခုဆီခေါ်သွားပါတယ်။ ဆိုင်ရဲ့ပိုင်ရှင်ဖြစ်သူကတော့ ယုကိုစံလို့ခေါ်တဲ့မှော်ဆရာမတစ်ယောက်ပါ။ ဒီဆိုင်က ဆုတောင်းတဲ့သူတွေရဲ့ရှေ့မှာမှပေါ်လာတတ်တာဖြစ်ပြီး ဆုတောင်းတစ်ခုကိုပြည့်အောင် ဖြည့်ပေးပါတယ်။ ဒါပေမဲ့ ဆုတောင်းနဲ့တန်တဲ့ တန်ကြေးတစ်ခုကိုတော့ ပြန်ပေးဆပ်ရပါတယ်။ ဝါတနုကိရဲ့ သရဲမမြင်လိုတဲ့ဆုတောင်းနဲ့ ပြန်ပေးဆပ်ရမဲ့တန်ကြေး၊ ပြီးတော့ သူဘာတွေကြုံရဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:00:00 Type__Adventure, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
XxxHolic (2022)
6.8
What She Likes (2021)
What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie
What She Likes (2021)
7.8
Tokyo Revengers (2021)
Tokyo Revengers (2021)IMDb - 7.8/10Mangaအနေနဲ့ volume 8ခုထွက်ရှိထားပြီး Anime အနေနဲ့ season 1 completeဖြစ်ထားသလို ဂျပန်မှာရော International မှာပါ အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ mangaတစ်ခုပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီMangaကိုရေးဆွဲသူ Ken Wakui ဟာ 2000ပြည့်နှစ်တွေမှာ အမှန်တကယ် Gang memberဖြစ်ခဲ့ဖူးသလို Mangaထဲက ဇာတ်ကောင်တွေဟာလည်း 1960 ပြည့်နှစ်များထဲက Japanရဲ့ အထင်ကရ ရှိတဲ့ လူငယ်မော်တော်ဆိုင်ကယ်ဂိုဏ်းဖြစ်တဲ့ Black Emperor Gangကို referenceရေးဆွဲထားလို့ ဇာတ်ကောင်တွေရဲ့ ဆိုးမိုက်မှု၊ ရမ်းကားမှု၊ ဂိုဏ်းစတားပီသမှုတွေဟာ အပြင်ကတကယ့်ဂိုဏ်းစတားတွေနဲ့ အတော်နီးစပ်မှုရှိတယ်လို့ ရည်ညွှန်းကြတဲ့ Mangaနဲ့ Animeကောင်းတစ်ခုပါအရှိန်အဝါကြီးသလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ Tokyo Revengersကို Live Action Adaptationအနေနဲ့ ပြန်လည်အသက်သွင်းမယ်ဆိုကတည်းက မျှော်လင့်ချက်ကြီးတွေ ထားခဲ့သူတွေလည်း ရှိသလို သံသယမျက်လုံးတွေနဲ့လည်း စောင့်ကြည့်ခံခဲ့ရပါတယ်၊ တစ်ခေတ်တစ်ခါက အထူးအောင်မြင်ကျော်ကြားခဲ့တဲ့ Mangaတွေanimeတွေကို Live Action နဲ့ အသက်သွင်းရာမှာ cast, director, script ...
movie
Tokyo Revengers (2021)
2021
6.8
After the Rain (2018)
After the Rain (2018)_____IMDb - 6.8/10 အခိရာ တချိဘန ဆိုတဲ့ ကောင်မလေး ဟာ အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး အထက်တန်းကျောင်းသူလေး တစ်ယောက်ပေါ့... သူမ ဟာ ကျောင်းမှာ စာတော်ပြီး အားကစားမှာလဲ အပြေး ချံပီယံ ဖြစ်ပါတယ် သူမ ရဲ့ စံချိန်ကို မှီတဲ့ သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး... တစ်ရက်မှာတော့ ခြေထောက်ဒဏ်ဖြစ်ပြီး သူမ အိပ်မက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်... စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူမ အားကစားအဖွဲ့ကို ဘယ်တော့မှ ထပ်မလာခဲ့တော့ဘူး... အဲ့ဒီအစား သူမ အတွက် မက်လောက်စရာ ဘာမှ မရှိတဲ့ အိမ် နဲ့ ဝေးတဲ့ စားသောက်ဆိုင် သေးသေးလေး တစ်ခုမှာ စားပွဲထိုး ဝင်လုပ်နေခဲ့တယ်... ဆိုင်မှာ ရှိတဲ့ ယောင်္ကျားလေး မှန်သမျှ ဟာ သူမ ကို စိတ်ဝင်စားကြတယ် သူမ ရဲ့ မျက်နှာချေချေ နေမှုကြောင့် ဘယ်သူမှ မစ ရဲကြဘူး... အားလုံးကလဲ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေး တစ်ယောက်က စားပွဲထိုး လာလုပ်နေလဲ ဆိုတာလဲ နားမလည်နိုင်ခဲ့ကြဘူး... ဒါပေမဲ့ အဲ့ဒီနေရာမှာ အခီရာ အတွက် အရေးကြီးတဲ့ လူတစ်ယောက်ရှိနေပါတယ် သူမ ချစ်သော ဦး ပေါ့... အဲ့ဒီ ဦး ...
movie
After the Rain (2018)
2018